Chapter (16)

926 69 1
                                    

Unicode
                အခန်း (၁၆)

လောကကြီးအကြောင်း ဘာမှမသိသလို ပြုံးနေခဲ့တဲ့ သူ့အပြုံးကိုမြင်တော့ Maryရဲ့ဒေါသတွေဟာ တဖြည်းဖြည်း မှိန်ဖျော့လာကာ သူ့ရဲ့အပြုံးကြောင့် ရောက်နေတဲ့နေရာကို မေ့သွားသည်အထိ ဆွံ့အသွားမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် Demimoreကတော့  ဘာထိခိုက်ဒဏ်ရာမှ မရှိဘဲ ဒီနေရာကနေ ကောင်းကောင်းလွတ်မြောက်နိုင်မှဖြစ်မယ်။

ဒါပေမဲ့  ဒုတိယမင်းသားက Conlerနယ်မြေရဲ့ Giefroyမြို့မှာ ဘာလို့ရောက်နေရတာလဲ?

Carol အစားအသောက်များကို  နောက်တစ်ကြိမ်ပြန်ပြီး ပြင်ဆင်နေစဉ်တွင် သူမနဲ့Demimoreကို ကူညီဖို့ မီးဖိုချောင်ထဲကို တွန်းပို့ခံလိုက်ရသည်။

ဘာလဲ… သူတို့ကပြန်ပေးဆွဲထားတဲ့ လူတွေအတွက် ဘာမှပြင်ဆင်ထားတာ မရှိဘူးလား!!!

တုန့်ဆိုင်းသော ခြေလှမ်းများဖြင့် ဝင်လိုက်သော မီးဖိုချောင်လေးတွင်  မီးဖိုတစ်ခုသာ ရှိ၏။

ဒါက မီးဖိုချောင်လို့တောင် မခေါ်သင့်ဘူးထင်တယ်။

ဒီနေရာက မှတ်ဉာဏ်ဟောင်းတွေကို ပြန်သတိရစေသည်။Mary မိဘမဲ့ဂေဟာမှာ ရှိနေခဲ့ရသော အချိန်များနှင့် ဆင်တူသည်။

Carolက သူမရဲ့မျက်ရည်တွေကို သုတ်ရင်း  မီးဖိုကို ပြန်မီးညှိလိုက်သည်။သူမရဲ့ ထိုပုံစံလေးကို ကြည့်ရင်း Mary သူမ့အနားကို ချဉ်းကပ်ကာ ထိုင်ချလိုက်ပြီး ဂရုတစိုက်လေး မေးလိုက်သည်။

“ အဟမ့်…  အဆင်ပြေရဲ့လားဟင်…? ”

“ ဒီလိုဖြစ်တာ တစ်ကြိမ် နှစ်ကြိမ်တောင် မကတော့ဘူးပဲ။ငါ အဆင်ပြေပါတယ် ”

“ နာနေလိမ့်မယ်ထင်တယ်… ”

Carolက ဒီလိုဖြစ်တာ တစ်ကြိမ် နှစ်ကြိမ်မကတော့ဘူးဟု ပြောခဲ့သည့်အတွက် Mary သူမရဲ့ခြေထောက်များကို ချောင်းကြည့်လိုက်ရာ သူမရဲ့ ဖြူဝင်းနေသော ခြေထောက်တွင် အညိုအမဲများစွဲကာ ဒဏ်ရာဒဏ်ချက်များ ပြည့်လို့နေသည်။ Mary မြင်နိုင်တဲ့နေရာတွေမှာတောင် ဒဏ်ရာတွေအများရှိနေသည့်အတွက် မမြင်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဒဏ်ရာများစွာ ရှိနေနိုင်သည်။Mary သူမကို တစ်ခါမှ မမြင်ဖူးသော်ငြား သူမအတွက် စိတ်မကောင်းဖြစ်မိကြောင့် ဝမ်းနည်းစွာ စိုက်ကြည့်မိတဲ့အချိန် Carolက  ယောင်ဝါးဝါး ပြုံးနေခဲ့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now