Unicode
အပိုင်း (၂၇)ပြောစရာစကား ဆွံ့အသွားသော Lucas တစ်ယောက် ဘာမှ ပြန်မပြောနိုင်သေးခင် သူ၏ဘေးတွင် ရပ်နေခဲ့သော ဆရာဝန်က ပိုပြီးထိတ်လန့်သွားသော လေသံဖြင့် Grand Duke Estin ကို မေးလိုက်၏။
“ ကျွန်တော် Raminicho အကြောင်း နည်းနည်းတော့ သိပါတယ် ဒါမဲ့ Grand Duke က အဲ့ဒီ ပြန်လည်ကုသဆေးရည်ကို သုံးတော့မှာလား....? ”
“ ကလေးက နာကျင်နေတယ်လို့ ပြောတာ မကြားဘူးလား? ”
“ အဲ့ဒါက အဖျားကြီးနေလို့ပါ။ ဒါပေမဲ့ အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာ မရှိပါဘူး။ဒီဖျားနာတာက နောက် နှစ်ရက်ကြာရင် သူမ ဘယ်တုန်းကမှ မဖျားခဲ့ဖူးသလိုကို ပျောက်သွားမှာပါ။ ဒီပြန်လည်ကုသဆေးကို သုံးတာက နည်းနည်း.... ”
“ ကလေးက နာကျင်ခံစားနေရတာထက် ပိုအရေးကြီးတာ တခြားဘာရှိလို့လဲ? ”
Grand Duke Estin ၏အသံသည် ကလေး၏အဖျားနှင့် ဆန့်ကျင်စွာ အေးစက်နေခဲ့သောကြောင့် သူ အမှားလုပ်လိုက်မိပြီဟု တွေးမိလိုက်တဲ့အတွက် ဆရာဝန်ခမျာ ပါးစပ်ပိတ်ထားလိုက်ရသည်။
သူတို့ ၅နှစ်တိတိ ဖော်စပ်ဖန်တီးခဲ့ရသော Raminicho ပြန်လည်ကုသဆေးရည်သည် ပြင်းထန်သည့် မည့်သည့်ရောဂါမျိုးကိုမဆို စူပါလျှင်မြန်စွာ သက်သာစေနိုင်သော ကုသဆေးဖြစ်ပြီး နက်နဲစွာ ထိုးထွင်းထိခိုက်ပြတ်ရှတဲ့ ဒဏ်ရာများကိုတောင် လျှင်မြန်စွာ သက်သာဆေးသော ကုသဆေး ဖြစ်သည်။
ကလေးငယ်၏ဖျားနာမှုကြောင့် သူမည်မျှ စိုးရိမ်စိတ်ပူနေမည်မှန်း သူတို့ နားလည်သော်လည်း ဤအရာမှာ ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။
Lucas သည်လည်း Mary နေမကောင်းဖြစ်ရသည့်အတွက် သူ့နှလုံးသားမှာ နာကျင်ခံစားရပြီး Maryလေးကို ကိုက်သွားခဲ့သည့် Kaisham ကောင်ကို လိုက်ရှာကာ အမှုန့်ချေပစ်ခဲ့ချင်သည်။
ဒါပေမဲ့ Raminicho ဆေးရည်ကတော့ တကယ့်ကို.... ထိုဆေးဖက်ဝင်အပင်ရဲ့အဆီအနှစ်ကို ထုတ်ယူဖို့က ဘယ်လောက်တောင် ခက်ခဲခဲ့ရသလဲ!!!
မကြာမီ Grand Duke ၏နယ်မြေတွင် ပြန်လည်ထူထောင်ရမည့် အကြီးစားစီမံကိန်းတစ်ခု ရှိလာတော့မည်ဖြစ်သည့်အတွက် မတော်တဆမှုတစ်ခုခုရှိလာပါက ထိုကုသဆေးရည်၅ပုလင်းကို သုံးရန် ညွန်ကြားထားခြင်းဖြစ်သည်။
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*