Unicode
အခန်း ( ၄၆ )Mary သည် Carol အား ချိုသာစွာ ပြုံးပြခဲ့သည်။
ဒီမှာရှိသော အလုပ်သမားတိုင်းသည် ဝါရင့်အမှုထမ်းဟောင်းများ ဖြစ်သည့်အတွက် Carol အနေဖြင့် ပြဿနာရှာမိပါက အဆူခံရမည်ဖြစ်သည်။
ဒီနေ့ဟာ Carol ၏ ပထမဆုံးနေ့ဖြစ်သောကြောင့် သူမ ဘာပြဿနာမျှ မရှာမိခဲ့လျှင်မှ ထူးဆန်းနေပါအုံးမည်။ ထို့ကြောင့် Mary သည် Carol၏အမှားကို နားလည်ပါသည်။ Carol သည် သူမ လုပ်ခဲ့မိသော အမှားကြောင့် စိတ်ဓာတ်ကျသွားမှာကို Mary စိုးရိမ်မိသည်။အခုဆိုကြည့် , မင်းက ဘာလို့ငိုနေရတာလဲ?
“ ကျေးဇူးတင်ပါတယ် သခင်မလေး ”
Carol သည် သူမ၏စိုစွတ်နေသော မျက်လုံးများဖြင့် Mary ကို ပြုံးပြကာ ကျေးဇူးတင်ကြောင်း ပြောလာခဲ့သည်။ Mary လည်း သူမကို ပြန်ပြုံးပြခဲ့သည်။
ဘာကြောင့်မှန်းမသိသော်လည်း Mary သည် အပြစ်ကင်းစင်ပြီး ကိုးရိုးကားရားနိုင်လှသော Carol ကို သဘောကျမိပါသည်။“ ကျွန်မ လက်ဖက်ရည် ထပ်ယူလာပေးမယ်နော်! ”
ကမန်းကတန်း ပြေးထွက်သွားခဲ့သော Carol ၏ ကျောပြင်ကို ကြည့်ရင်း သူမ ထပ်ပြုတ်ကျမှာကို စိုးရိမ်နေမိသည်။
ဖြေးဖြေးသွားပါ Carol ရယ်....
Bonita လဲ ငါ့ကို ကြည့်နေတဲ့အချိန်မှာ ဒီလိုမျိုး ခံစားခဲ့ရတာများလား?***
“ သခင်မလေး ကျွန်မ လက်ဖက်ရည် ယူလာခဲ့ပြီ! ”
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်မှာတော့ ဂရုတစိုက်ဖြင့် ယူဆောင်လာခဲ့သော Carol ကျေးဇူးကြောင့် နောက်ဆုံးမှာတော့ Mary သည် လက်ဖက်ရည်ကို သောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
မျော်လင့်ထားသကဲ့သို့ ယနေ့လက်ဖက်ရည်မှာ မွှေးပျံ့ပြီး အရသာရှိလှသည်။ ဒီနေ့လို နေသာသောနေ့အတွက် အထူးသင့်တော်လှပေသည်။Mary လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်ချနေရင်း စားပွဲပေါ်တွင် သူမတင်ထားခဲ့သော စာအုပ်လေးကို ကြည့်လိုက်မိသည်။
အာ ဟုတ်သား အိမ်စာ....
Gilbert သူမကို ပေးခဲ့သော အိမ်စာကို သတိရသွားခဲ့သောကြောင့် Mary မျက်နှာကို လက်ဖြင့်အုပ်ရင်း အလွန်ကို စိတ်ပျက်သွားမိသည်။

YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*