Unicode
အခန်း ( ၅၇ )
" Maryလေး မင်းပုခုံးမှာ အားထည့်တာ အရမ်းများနေတယ် "
Mary မျက်လုံးတစ်ဖက်ကိုမှိတ်ပြီး ပစ်မှတ်ရဲ့ အကွာအဝေးကို တိုင်းတာနေချိန် Hestia က ပခုံးကို ပုတ်ပြီး ပြောလာခဲ့သည်။ Mary သည် သူမ၏ပခုံးတွေကို ဖြေလျော့ဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း တင်းမာမှုကတော့ လုံးလုံးမပျောက်ကွယ်သွားခဲ့ချေ။
အသက်ကိုပြင်းပြင်းရှူရင်း မျက်လုံးများကို ပိတ်ကာ စိတ်ငြိမ်အောင် ဖြေလျော့လိုက်သည်။ Cameron ကို သူမ၏အတွေးထဲမှ ထုတ်ဖို့ ကြိုးစားလိုက်သည်။
လတ်ဆတ်တဲ့ လေထုကို ခံစားမိလာသည်။ မျက်လုံးတစ်ဖက်ကို ဖွင့်ရင်း ပစ်မှတ်ကို ချိန်သည်။
" အခု "
Mary လေးညို့ကို လွတ်လိုက်သည်နှင့် မြှားက ပျံထွက်သွားခဲ့ကာ ပစ်မှတ်ကို ထိမှန်သွားခဲ့သည်။
ပစ်မှတ်အလယ်တည်တည့်သို့ ထိမှန်သွားခြင်း မဟုတ်သော်လည်း Hestia ၏ အကူအညီမပါဘဲ ပစ်မှတ်ဘုတ်ပြားကို ထိအောင် ပစ်နိုင်ခဲ့သည်။ Mary ကိုယ့်ကိုယ်ကို ဂုဏ်ယူလာမိသလို ခံစားလာရတဲ့အချိန်
ဖြောင်း! ဖြောင်း! ဖြောင်း!
Mary နောက်ကနေ လက်ခုပ်သြဘာပေးတဲ့ အသံများ ကြားလိုက်ရသည်။ နောက်ကိုလှည့်ကြည့်လိုက်သောအခါ လေ့ကျင့်ရေးဆင်းနေခဲ့သော Knights များက သူမနောက်တွင် လက်ခုပ်တဖြောင်းဖြောင်း တီးနေကြသည်ကို တွေ့လိုက်ရပါတော့သည်။
" အရမ်းတော်တာပဲ သခင်မလေး Mary! "
" သခင်မလေးက ထူးချွန်လိုက်တာဗျာ "
" ကျွန်တော်တို့တော့ နောက်ကောက်ကျ မကျန်အောင် ကြိုးစားလေ့ကျင့်ရတော့မယ် "
Knights များက သူမကို အားပေးပြီး ချီးကျူးတာ ဒါပထမဆုံးအကြိမ်ပင်။ Mary ဂုဏ်ယူသော အမူအယာဖြင့် Hestia ကို ကြည့်လိုက်သောအခါ Hestia က သူမကို လက်မထောင်ပြလာသည်။ အသိအမှတ်ပြုခံရသော ခံစားချက်ကြောင့် Mary တစ်ယောက် သဘောကျစွာ ပြုံးလာတော့သည်။
" ကဲ ဒါဆို အထဲဝင်ကြရအောင် "
" အမ်? "
" မင်း အနားယူပြီး တစ်ခုခုစားသင့်တယ်လေ "
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*