Unicode
အခန်း (၅၄)“ ကောင်းပြီ။ မင်းလေးက မိဘမဲ့ဂေဟာမှာကတည်းက ကိုယ့်အားကိုယ်ကိုးတတ်တာ ငါ သိပါတယ်။ ဒါပေမဲ့ မင်း ဘယ်လိုအမဲလိုက်ရလဲ သိလို့လား? ”
“ ….ဟင့်အင်း ”
“ တကယ်လို့ တောဝက်ကို မင်းရဲ့လက်ဗလာနဲ့ အနိုင်ယူနိုင်ရင်တောင်….. ”
“ တောင်ပေါ်မှာ တောဝက်မှမရှိတာ ”
Lucas က သူမ၏အဖြေကို ရယ်မောလိုက်သည်။ Gilbert သည် ဆိုဖာပေါ်တွင် အတွေးများနေသည့်ပုံဖြင့် ထိုင်နေခဲ့ပြီး Rex ကတော့ သူ့ရဲ့မျက်ရည်များကို သုတ်နေခဲ့သည်။
Mary သည် ဆိုဖာပေါ်ထိုင်နေရင်း သူတို့သုံးယောက်ကို ငေးကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် လက်တွေ့ကို စဥ်းစားဆင်ခြင်နိုင်စွမ်းမှာ သူမ့ကိုယ်ထဲကို ပြန်လည်ဝင်ရောက်လာပါတော့သည်။ သူမသည် ပထမမင်းသားနှင့် အလောင်းအစားတစ်ခု လုပ်ခဲ့သည်။အလောင်းအစားမှာ အမဲလိုက်ခြင်း….
“ မင်း ပြောတာမှန်ပါတယ်။ ဒါပေမဲ့ မင်း နည်းနည်းသတိထားဖို့လိုတယ် မထင်မိဘူးလား ”
“ ….. ”
“ မင်း မြှားဘယ်လိုပစ်ရမလဲ သိလား? ”
Lucas သည် စိတ်သောကရောက်နေသော လေသံဖြင့် သူမကို မေးလာခဲ့သည်။ ဒီမေးခွန်းကတော့ သူမ အဖြေသိပြီးသား ဖြစ်လေသည်။ Mary တစ်ယောက် တောက်ပစွာပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
“ ဝိုး ငါ ဒါကို ဘယ်လိုလုပ်ရမလဲ? ”
“ ဟီးဟီး ”
“ သခင်လေး Gilbert ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ? ”
Lucas သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲ သွားပုံရ၏။ Mary သည်လည်း သူမ၏ စိတ်အခြေအနေမှာ လက်ရှိတွင် ပုံမှန်ရှိမနေခဲ့သည့်အတွက် ရယ်ပြရုံသာတတ်နိုင်တော့သည်။ Gilbert သည် ငြိမ်သက်စွာ ထိုင်နေကာ မျက်လုံးများကို လက်တစ်ဖက်ဖြင့် အုပ်ထားခဲ့သည်။ ၎င်းနောက်မှာတော့ နှာတရှုပ်ရှုပ်ဖြစ်နေသော Rex က သူ့လက်ကို မြှောက်လိုက်သည်။
“ သားက မမ Mary အစား သွားမယ်ဆိုရင်ရော? ”
“ သခင်လေး Rex က အလောင်းအစားတွေအကြောင်း များများစားစား သိပုံမပေါ်ဘူး။ အလောင်းအစားဆိုတာက သတ်မှတ်ပြီးသွားတာနဲ့ အဲ့ဒါကို ပြောင်းလဲလို့ မရတော့ဘူး…. ”
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*