Unicode
အခန်း (၂၃)အရုပ်တွေ?
ဒါတွေအားလုံးက အရုပ်တွေလား?
" အများကြီးပဲ!!! "
Mary သည် တင်ပါးမှာ စပရိန်တပ်ထားသကဲ့သို့ အိပ်ယာပေါ်မှ ကန်ထွက်ကာ ခုန်ဆင်းလာခဲ့သည်။
တွေးကြည့်လိုက်မှ ဘူးတွေက ငါစိတ်ကူးထားတာထက် အရောင်ပိုစုံပြီး ပိုချစ်စရာကောင်းနေတာပဲ။ ဆိုတော့ ဒါတွေအားလုံးက အရုပ်တွေပေါ့!
Hestia အနောက်မှ နောက်ထပ်ဘူးကြီးတစ်ဘူးကို သယ်လာတဲ့ Lucasကို တွေ့လိုက်ရသောအခါ Mary နဖူးကိုသာ ကိုင်ထားမိတော့သည်။
" အို ဝယ်လာတာ အရမ်းများနေပြီထင်လို့ ငါသူ့ကို ရပ်ခိုင်းခဲ့ရတာ "
ကြမ်းပြင်ပေါ်သို့ ဘူးကြီးကိုချထားလိုက်သော Lucas ကို လှမ်းကြည့်လိုက်ရင်း Hestiaက ပြောလာသည်။
အခု ငါသိပြီ။ တရားခံက ဒီလူကြီးပေါ့။
" သူ အရမ်းတွေစိတ်လှုပ်ရှားပြီး အများကြီးဝယ်နေခဲ့တာလေ "
" ငါ ဒီထက်တောင် အများကြီးဝယ်နိုင်သေးတယ်။ ဒါပေမဲ့ စိတ်ထိန်းလိုက်တာ "
" ရှိသမျှအရုပ်ဆိုင်တွေ အားလုံးက ဝယ်ခဲ့တာလားဟင်? "
" ငါ အဲ့လိုတော့ မလုပ်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ် မှတ်ထားပါ။ ဒါက Giefroyမြို့ရဲ့ စီးပွားရေးအလုပ်လုပ်ပုံပဲ "
" ဘယ်ကသာ သူက Giefroyကတင် မဟုတ်ဘူး။Capitalမြို့တော်အထိပါ တက်ပြီး ဝယ်ချလာတာ "
" အဲ့ဒါဆိုလဲ ဒါက အင်ပါယာရဲ့စီးပွားရေးအလုပ်လုပ်တဲ့ပုံလို့ ခေါ်တယ်ကွ "
ဘယ်သူကများ Lucasကို စကားနဲ့အနိုင်ပိုင်းနိုင်ပါ့မလဲ?
Hestia သည် သူမ၏မျက်လုံးကို မှိတ်လိုက်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် ပတ်ပတ်လည်ကို ကြည့်လိုက်ကာ အရုပ်ဓားတစ်ခုကို ကောက်ယူခဲ့သည်။ သူမသည် သူမ့လက်ထဲက အရုပ်ဓားကို ကြည့်နေစဉ်အတွင်း Lucasကို တစ်ခုခုလုပ်ရန် စဉ်းစားနေမည်မှာ ကျိန်းသေ၏။
" အဲ့ဒါက ဓားလား? "
" အို ဟုတ်တယ် "
ဟူး... သူမ Lucas ကို ကယ်တင်ခဲ့သည်။
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*