Chapter (26)

723 53 0
                                    

Unicode
                 အခန်း (၂၆)

ဘယ်လိုတောင် ကံဆိုးရတာလဲ!

Bonita က ငါ့ကို မြက်ခင်းပြင်ထဲ လုံးဝ မသွားဖို့ မှာထားခဲ့တာ။

ခပ်ဝေးဝေးမှာ ရပ်သွားတဲ့ ဘောလုံးလေးကို ကြည့်ရင်း ရင်ထဲမှာ နာကျင်နေခဲ့သည်။

Bonita ပြန်လာမှပဲ သူမကို ကောက်ခိုင်းလိုက်ရမလား? ဒါပေမဲ့ ငါကိုယ်တိုင်လဲ ကောက်နိုင်တာပဲကို။ Bonita ပြန်လာတဲ့အထိ စောင့်ပြီး သွားကောက်ခိုင်းဖို့ကကျ နည်းနည်းတစ်မျိုးပဲ....

Mary မြက်ခင်းပြင် ရှေ့တွင် ရပ်နေရင်း ငါ့ရဲ့ခြေထောက်ကို ဆောင့်နေမိသည်။

ဘောလုံးတစ်လုံးကို ကောက်ဖို့အတွက် Bonita ကို စောင့်နေရတာက ရှက်စရာကောင်းတယ်။
ပြီးတော့ အဲ့ဒါကို သီးသန့်ခွဲထားပြီးပြီဆို။ အခုလောက်ဆို အဆင်ပြေလောက်ပြီမလား?

ငါက ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်အဖြစ် ပြန်ဝင်စားခဲ့လည်း… ငါက အဓိကဇာတ်လိုက်မှ မဟုတ်တာ။ ဒီလို ပိုးကောင်တွေက ငါ့ကို ဘယ်လိုလုပ်ကိုက်နိုင်ပါ့မလဲ?

ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ်တောင် ကြုံဖူးပြီးပြီပဲ။

“ ငါ အဆင်ပြေမှာပါ ”

လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးနောက် ဘယ်ခြေကို မြက်ခင်းပြင်ပေါ် တင်လိုက်သည်။

ဘောလုံးကို ကောက်ပြီး မြန်မြန်ထွက်လာရင် ရပြီ။

မြက်ခင်းပြင်ပေါ်နင်းတဲ့ အချိန်ကို လျော့ချနိုင်ဖို့ရန်အတွက် တက်နိုင်သမျှ Mary ခြေလှမ်းတွေကို မြန်မြန်ဆန်ဆန် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားခဲ့သည်။

ဘောလုံးဆီကို ဂရုတစိုက် လျောက်သွားနေတဲ့အချိန် အဝေးက ခြုံပုတ်တွေဆီမှ အမဲရောင်ပုံရိပ်တစ်ခု လှစ်ခနဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။

အဲ့ဒါက ငါအရင်တစ်ခေါက်က မြင်လိုက်ရတဲ့ ခွေးများလား?

Mary ထိုအမဲရောင် ပုံရိပ်ဆီသို့ ပြေးသွားရန် ကြိုးစားခဲ့သော်လည်း ချက်ချင်း ရပ်သွားခဲ့သည်။သူမ Bonita ကို မေးခဲ့တုန်းက သူမက ဒီ Conler စံအိမ်ကြီးမှာ ခွေးမရှိဘူးဟု ပြောခဲ့သည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now