Unicode
အခန်း ( ၆၈ )ရေကန်ကြီးတစ်ကန်ရှိနေခဲ့သည်။ လူသူကင်းဝေးရာတွင်ရှိသော အပြာရောင်ရေကန်ကြီးတစ်ခု။ နေရာတစ်နေရာမှလွဲ၍ ထိုရေကန်တစ်ခုလုံးကို ထူထပ်သော ချုံနွယ်များဖြင့် စိမ်းလန်းစိုပြေစွာ ဖုံးလွှမ်းထား၏။ ထိုလွတ်နေသောနေရာ၏မြက်ခင်းပြင်ကျယ်ပေါ်တွင် ဘုရားကျောင်းတစ်ခု ရှိနေသည်။
ဘုရားကျောင်း? အဲ့ဒါ ဘုရားကျောင်းလား?
ကျောက်တုံးဖြူများဖြင့်ဆောက်ထားသော ထိုအဆောက်အအုံ၌ မျက်နှာချင်းဆိုင်ထားသော တိုင်လုံးကြီးများဟာ စက်ဝိုင်းပုံသဏ္ဌာန်ရှိနေခဲ့သည်။ ၎င်း၏ဘေးတွင် လော်ရယ်ပင်ကြီးတစ်ပင် ရှိနေခဲ့ပြီး ထိုအပင်နောက်တွင် အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေလေသည်။
ထိုလူက ဘုရားကျောင်းကို ငေးပြီး ကြည့်နေခဲ့သည်။ ၎င်းမှာ အလွန်ကို အထီးကျန်ဆန်နေသော အကြည့်တစ်ခုပင်။ တစ်နေရာထဲကိုပဲ တစိုက်မတ်မတ်ကြည့်နေခဲ့သော ထိုအမျိုးသားသည် သူ့၏အနီးတဝိုက်တွင် မှောင်စပြုလာသည်နှင့်အမျှ ထိုဘုရားကျောင်းဆီသို့ ချဥ်းကပ်လာခဲ့လေသည်။အထီးကျန်ဆန်နေသော စွဲမြဲလှသည့် ထိုအကြည့်များဟာ မကြာမီမှာပဲ ညိုးငယ်သွားခဲ့သည်။ လော်ရယ်ပင်ကြီးမှ ဝမ်းနည်းကြေကွဲနေသော ညည်းတွားသံတစ်ခု ထွက်ပေါ်လာလေသည်။
အကြောင်းပြချက်တစ်ချို့ကြောင့် Mary အိပ်ယာမှနိုးလာသောအခါ ဝမ်းနည်းနေခဲ့သည်။
" ဟူး "
Mary က ထိုမြင်ကွင်းကို ကြည့်နေခဲ့ရုံသာဖြစ်သော်ငြား သူမ့တကိုယ်လုံး၌ ချွေးစေးတို့ဖြင့် စိုရွဲလာရသည်။
ငါက သေချာပေါက်ကို အဲ့မြင်ကွင်းကို ကြည့်နေတာဆိုပင်မဲ့ ဘာလို့အဲ့ယောကျ်ားရဲ့အကြည့်က ငါ့ရဲ့ခန္ဓာကိုယ်ထဲအထိ ထိုးဖောက်ပြီး ကြည့်နေသလို ခံစားနေရတာလဲ?
Mary က မတ်တတ်ထရပ်ပြီး ပြတင်းပေါက်နားကို သွားလိုက်သည်။ ပြတင်းပေါက်ကိုမှီရင်း ညကောင်းကင်ယံက လမင်းကြီးကို ကြည့်နေမိသည်။
ကြောက်စရာကောင်းတဲ့ အိမ်မက်တစ်ခုမဟုတ်ပင်မဲ့ ဘာလို့မှန်းမသိ ကျောချမ်းသွားသလိုပဲ။
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*