Chapter (12)

833 61 0
                                    

Unicode

                အခန်း (၁၂)

“ သမီး အများကြီးဝယ်ခဲ့ရင် Grand Dukeက ဒေါသထွက်မှာလားဟင်? ”

“ ငါလဲ သေချာမသိဘူး ၊ သူ ဒေါသထွက်လောက်လား? ”

Lucas သည် ရုတ်တရက် လေးနက်သော အသံဖြင့် ရေရွတ်လိုက်သည်။ထိုအသံကို ကြားပြီးနောက် Mary စိတ်ဓာတ်ကျသွားခဲ့သည်။

သေချာပါတယ်။ သူ ဒေါသထွက်လိမ့်မယ်။ မူရင်းဝတ္ထုထဲမှာ Mary ဘယ်လိုအဆုံးသတ်သွားရတယ်ဆိုတာကို မမေ့နဲ့။

စိတ်ပျက်အားလျော့သော အမူအယာကို ပြနေရင်း သူမရဲ့ ခြေထောက်တွေကို လှုပ်ခါနေမိတော့ Lucas က ဝါးလုံးကွဲ ရယ်ချလာသည်။

“ အိုး… ငါတို့ရဲ့ ကြောင်ပေါက်လေးကို ဟာသတောင် ပြောလို့မရပါ့လား ”

မင်း လာနောက်နေတာလား ?

“ Mary လေးကို စလိုက်ရင် တုန့်ပြန်ပုံက ကြီးကြီးမားမား ရှိလို့ မင်းလေးကို စနောက်ရတာ ပျော်စရာကောင်းလိုက်တာ ”

“ ဦးဦး သမီးကို အရမ်းစနောက်နေရင် သမီး ပေါက်ကွဲသွားနိုင်တယ်နော် ”

“ အိုး ကြောက်လိုက်တာကွာ ”

Lucas နဲ့ ဟိုအကြောင်းဒီအကြောင်း ပြောပြီးနောက်တွင်မူ  ရထားလုံးသည် ရွာသို့ ရောက်ရှိလာကာ ရပ်တန့်သွားခဲ့သည်။

ဆိုင်က ကျဉ်းမြောင်းတဲ့ လမ်းကြားလေးထဲမှာ တည်ရှိတာကြောင့် ရွာအဝင်ပေါက်ကနေ လမ်းနည်းနည်းလျောက်ဖို့လိုသည်ဟု Lucas က ရှင်းပြလာသောအခါ သူမ လက်ခံလိုက်သည်။

သူမ Lucas ရဲ့ လက်ကို ကိုင်ရင်း ရထားလုံးပေါ်က ဆင်းလိုက်တော့ ရွာသားတွေက သူမကို ကြည့်နေတာကို ခံစားနေရသည်။

ဖန်စီဆန်ဆန် ရထားလုံးပေါ်က ဆင်းရင် ဒီလိုမျိုး ခံစားရတာလား ?

ငါ့ရဲ့အနက်ရောင်ဆံပင်နဲ့ အနက်ရောင်မျက်လုံးတွေကြောင့် ပိုပြီး မျက်စိဖမ်းစားစေသလို ဖြစ်နေတာ ထင်တယ်။

ဖြတ်သွားဖြတ်လာတွေရဲ့ မျက်လုံးတွေထဲမှာ သိလိုမှုတွေနဲ့ စိတ်ဝင်စားမှုတွေ ပါနေတာကို မြင်နေရသည်။အကြောင်းပြချက်မရှိဘဲ ခြိမ်းခြောက်နေသလို ခံစားနေရတာကြောင့် ခြေတစ်လှမ်း လှမ်းဖို့တောင် ခက်ခဲနေမိသည်။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now