Unicode
အခန်း (၂၉)“ သခင်မလေး သခင်ငယ်လေး Rex ရောက်လာတဲ့အချိန် သူနဲ့ အဆင်ပြေအောင် နေရမှာပေါ့ ”
“ သူငယ်ချင်း ရှိထားတာ ပိုကောင်းပါတယ် ”
Bonita ၏ ပြောစကားကို Hestia က တက်ကြွကာ မျော်လင့်နေသောအသံဖြင့် ထပ်ပေါင်းပြောလာခဲ့သည်။ Hestia သည် ခါတိုင်းဆိုလျှင် ယခုကဲ့သို့ မဟုတ်သောကြောင့် သူမ၏ပုံစံမှာ Lucas နှင့် တူနေသည်။
“ ဒါပေမဲ့ သူတို့က သူ့ရဲ့ စွမ်းရည်တွေ နိုးထလာခဲ့တာကို ဘယ်လို သိသွားခဲ့ကြတာလဲ? ”
Bonita သည် Mary၏ခေါင်းကို ပွတ်သပ်နေရင်း သိချင်စွာ မေးလိုက်သည်။ ထိုအခါ Hestia က ဝမ်းနည်းစွာဖြင့် သူမ့မျက်လုံးများကို ပိတ်လိုက်ရင် ပြောလာသည်။
“ လွန်ခဲ့တဲ့တစ်လက Duchess Bluea ကွယ်လွန်သွားခဲ့တယ် ”
“ အိုး ငါမှတ်မိတယ် ”
Bonita သည် ပူဆွေးဝမ်းနည်းနေသော အကြည့်ဖြင့် တုန့်ပြန်ခဲ့သည်။
“ အဲ့ဒါကြောင့်ပဲ ”
“ ဘယ်လို? ”
“ Rex က Duchess Bluea ရဲ့ အလောင်းကို စံအိမ်ကြီးဆီ ပြန်ရောက်လာအောင် လုပ်ခဲ့တာ ”
***************************
အချိန်အကြာကြီးနေမှ ပြန်တွေ့ရတဲ့ ငါ့အမေဆီက ပုတ်အဲအဲ အနံ့ ရနေခဲ့တယ်...
သူ့မိခင်၏ဈာပနတွင် ပထမဆုံးအကြိမ်အဖြစ် သူတွေ့ခဲ့ရသော ဦးလေးဖြစ်သူသည် ပူဆွေးဝမ်းနည်းမှုကို ပြဖို့အတွက် သူ၏အနက်ရောင်ဆံပင်များနှင့် အံ့ဩစရာကောင်းလောက်အောင် လိုက်ဖက်ညီလှသော ဝတ်စုံကို ဝတ်ထားခဲ့ကာ ဈာပနပွဲအတွက် ဝမ်းနည်းဖွယ်ကောင်းသောလေထုကို ဖန်းတီးပေးနေခဲ့သည်။
သူတို့ပြောကြတာက သူသည် မွေးပြီးပြီးချင်း ပျောက်ဆုံးသွားခဲ့သော သူ၏သမီးငယ်ကို ရှာဖွေနေခဲ့သည်မှာ ကိုးနှစ်တောင် ရှိပြီဟု ဆိုသည်။
သူ၏ဦးလေးကို တိတ်တဆိတ် အကဲခတ်နေခဲ့သော Rex သည် သူ၏ဘေးတွင် ရပ်နေခဲ့သော ဖခင်ဖြစ်သူ Duke Bluea ကို မော့ကြည့်လိုက်မိသည်။
ငါ တစ်ရက်မှာ ပျောက်ကွယ်သွားခဲ့ရင် ငါ့အဖေကရော ငါ့ကို ကိုးနှစ်တိတိ လိုက်ရှာမှာလား?
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*