Chapter (50)

632 64 6
                                    

Unicode

                အခန်း ( ၅၀ )

ယနေ့သည် ပထမမင်းသား Cameron Arstans က Conler နယ်မြေသို့ အလည်အပတ်ရောက်လာတော့မည့်နေ့ဖြစ်လေသည်။

Mary သည် မနက်စောစောထခဲ့ရကာ ရေမိုးချိုးပြီး De Ella မှ ဝယ်ယူခဲ့သော အဝါရောင်ဝတ်စုံလေးကို ဝတ်ဆင်၍  ဆံပင်ကို ဖဲပြားတစ်ခုဖြင့်  ဖြီးလိမ်းပြင်ဆင်ပေးခံရပြီးသည့်နောက် စားပွဲကြီးတစ်ခုရှေ့တွင် ငြိမ်ငြိမ်လေး ထိုင်နေခဲ့သည်။

“ မမ Mary , မမ ဒီနေ့ အရမ်းကို ချစ်စရာကောင်းတာပဲ! ”

မနက်စာစားချိန်တွင် တွေ့ရသည့် Rex က Mary ကို ကြည့်လိုက်ပြီး တောက်ပစွာ ပြုံးလာခဲ့၏။ ယနေ့ဝတ်စုံသည် ချစ်စဖွယ် ခါးမြင့်အပေါ်ဝတ်အင်္ကျီလေးကိုမှ အလွှာအထပ်ထပ်ပါသော စကတ်လေးဖြင့်တွဲ၍ ဝတ်ဆင်ထားခဲ့ရာ သူမ၏အမြင်မှာတောင် ထိုဝတ်စုံလေးသည် အတော်ကိုလှပပြီး ချစ်စရာကောင်းနေသည်။ Lucas က သူမကို ချစ်စရာကောင်းသည်ဟု ပြောသည်ကို ကြားခဲ့ရစဉ်က သူဟာ သူမကို စနေသည်ဟူ၍သာ ခံစားရသော် Rex က ယခုကဲ့သို့ ရိုးသားဖြူစင်စွာဖြင့် ချစ်စရာကောင်းသည်ဟု ပြောလာချိန်၌ Mary ၏ခံစားချက်မှာ ပိုမိုကောင်းမွန်လာပါတော့သည်။

သို့သော်  အနားတွန့်ပါသော ရှပ်အင်္ကျီအဖြူလေးနှင့် သူ၏ မျက်လုံးအရောင်နှင့် လိုက်ဖက်သော အပြာရောင် vest လေးကို ဝတ်ဆင်ထားခဲ့သူ Rex မှာ ပို၍ပင် ချစ်စရာကောင်းနေပါသည်။ Mary ဘယ်လိုပဲကြည့်ကြည့် Rexသည် ရွှေအိုရောင်ဆံပင်ကောက်လေးများရှိသော နတ်သားပေါက်စလေးလိုပင်။

“ မင်းက ပိုချစ်ဖို့ကောင်းတယ် Rex ”

“ အာ မမက ပိုချစ်ဖို့ကောင်းတာပါ ”

Rex သည် ချစ်စရာကောင်းသည်ဟူသော စကား၌ ရှက်သွေးဖြာသွားခဲ့သည်။ သူ့ကိုကြည့်ရင်း Mary ၏ နှလုံးသား​လေးမှာ ယားယံလာသလို ခံစားနေရသည်။

အို ဒါကြောင့် Lucas က ငါ့ကို စနေတာကိုး...

Mary သည် ထိုသို့တွေးရင် စားနေသည့် ပေါင်မုန့်ကို ခက်ရင်းဖြင့် ထိုးလိုက်ရာ ပေါင်မုန့်က အလွယ်တကူပါမလာခဲ့ချေ။သို့တိုင် ၎င်းကို အာရုံမရှိ။

မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!Where stories live. Discover now