Unicode
အခန်း ( ၅၅ )“ ငါ ကြားလိုက်ရတာ အမှန်ပဲလား? ”
“ မင်းရဲ့ တုံ့ပြန်ပုံအရတော့ ငါကြားလိုက်ရတာက အမှန်ပဲထင်တယ် ”
Estin ပြန်ရောက်သောအခါ Lucas ထံမှ အစီရင်ခံစာကို သိရှိပြီးနောက် ဆွံ့အသွားခဲ့ကာ ကျယ်လောင်စွာ ရယ်မောလာပါတော့သည်။ ပြုံးမိခြင်းမှာ ရှိဖူးသော်လည်း ဤကဲ့သို့ ကျယ်လောင်စွာ ရယ်မောခြင်းမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်နိုင်သည်။ Lucas က Estin ၏ ခံစားချက်ကို နားလည်သောကြောင့် သူနဲ့အတူ လိုက်ပါရယ်မောနေမိသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရယ်မောနေသည်မှာ အချိန်အတော်ကြာသွားခဲ့သည်။
မကြာခင်မှာပဲ Estin က မျက်နှာတည်တည်ဖြင့် အမိန့်ပေးလိုက်သည်။
“ အခုချက်ချင်း Mary ကို သွားခေါ်ချည် ”
Mary တစ်ယောက် Grand Duke Estin ၏ ဘဲဥပုံ ရုံးခန်းထဲကို ဆွဲခေါ်လာခံရချိန်၌ စိတ်နဲ့လူနှင့်ပင် မကပ်ပဲ သူမ၏စိတ်သည် အိပ်ခန်းထဲတွင် ကျန်ခဲ့လေသည်။ မနေ့က ဒီနေ့အတွက်ကို စိတ်ပြင်ဆင်ထားပြီး အိပ်ခဲ့သော်လည်း သူမနိုးနိုးချင်း မျက်နှာသစ်ပြီးသည်နှင့် ဆွဲခေါ်ခံရလိမ့်မည်ဟု မမျော်လင့်ခဲ့ပါချေ။ စာရွက်စာတမ်းများကို လက်မှတ်ထိုးနေခဲ့သော Grand Duke Estin က Mary ကို တွေ့တွေ့ချင်း ပြောလိုက်သည်။
“ အရှုံးပေးလိုက် ”
Mary သိနှင့်နေသည်။ သူမသည် မျက်လုံးမှိတ်လိုက်ပြီး ခေါင်းကို ခပ်သွက်သွက် ခါယမ်းလိုက်သည်။ Grand Duke Estin မျက်နှာပေါ်ရှိ အမူအယာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ့၏မျက်နှာအမူအယာပြောင်းလဲမှုက Mary ကို ခဏမျှ ကြောက်ရွံ့သွားစေခဲ့သည်။
“ မင်း သူ့ကို မပြောနိုင်ရင် ငါ မင်းအစား သူ့ကို ပြောလိုက်ရမလား? ”
“ ….. သမီး အဲ့လိုမလုပ်ချင်ဘူး ”
“ ဘာလို့လဲ? ”
“ ….. ”
“ Conler က Conler ပဲ။ မင်းအမဲလိုက်မသွားခဲ့ရုံနဲ့ ငါတို့ရဲ့ဂုဏ်သိက္ခာက ကျဆင်းသွားမှာ မဟုတ်ဘူး ”
YOU ARE READING
မြို့စားကြီးရဲ့ဒုက္ခအိုး သမီးဆိုးလေးက တစ်ယောက်ထဲပဲ နေချင်လို့ပါ!!!
RomanceWeekly update- Fri & Sat & Sun Status in COO_ Chapter226+side story *credit to author 윤로체 and English translator*