1""ဟီး ဟိုမှာ ငါတို့ကိုကြည့်နေတယ် ဟိုမှာဟိုမှာ"

1.8K 62 0
                                    

စာနည်းနည်းရှည်ပါမယ် ကျွန်မတို့မိသားစုရဲ့
တစ်သက်မမေ့စရာကိစ္စလေးမို့ပါ
ကျွန်မ၇တန်းနှစ်
မှော်ဘီဘက်ကအိမ်အသစ်ကို
စပြောင်းခါစတုန်းကပေါ့
ဒီအိမ်လေးကိုကျွန်မမိဘနှစ်ပါးသဘောကျတဲ့အပြင်အဲ့တုန်းကစျေးထက်စာရင်သက်သက်သာသာနဲ့ရလိုက်တော့ဝယ်ဖြစ်သွားတယ်
ခုလိုအိမ်ခြေအများကြီးမရှိပဲလယ်ကဟိုတစ်ကွက်နဲ့ဗွက်အရမ်းထတဲ့အချိန်ပေါ့
ကျွန်မတို့လမ်းမှာ အိမ်ဆောက်နေတာ ကျွန်မတို့အိမ်အပါအဝင် ၇အိမျပဲရှိတယျ
ကျန်တာပိုင်ရှင်ရှိပြီးအိမ်မဆောက်ရသေးတဲ့
လယ်ကွယ်တွေကြီးပဲ
ကျွန်မမှာ ကျွန်မထက်၅နှစ်ငယ်တဲ့မောင်လေးတစ်ယောက်ရှိတယ် မိသားစုရဲ့အထွေးလေးပေါ့
အိမ်စပြောင်းပြီး၁ပတ်လောက်ထိ ပစ္စည်းနေရာချသိမ်းဆည်းနေတာနဲ့တင် အချိန်ကုန်နေကြတော့
ဒီအိမ်နဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမဖြစ်ခဲ့ဘူး
ဒီအိမ်ဟာဒီလောက်ဆိုးရွားမယ်မှန်း
သိရင်ဘယ်ဝယ်ဖြစ်ပါ့မလဲ
ဖေဖေကမနက်ဆိုရုံးသွား မောင်လေးနဲ့ကျွန်မကကျောင်းသွားပေါ့ ကျောင်းဆိုလို့ အလယ်တန်းကျောင်းလေးက ကျွန်မတို့နဲ့၁လမ်းပဲခြားလို့
ဖေဖေတို့ကဝယ်ဖြစ်တာပိုများမယ်
အိမ်ပုံစံလေးက ခြံကျယ်အလယ်ထဲမှာ
တစ်ထပ်ပျဥ်ထောင်အိမ်လေးဆောက်ထားတယ်
အိမ်ခန်းနှစ်ခန်းပါတယ်
မေမေတို့တစ်ခန်း မောင်လေးနဲ့ကျွန်မကတစ်ခန်းပေါ့ မီးဖိုချောင်နဲ့အိမ်သာကအနောက်မှာတံတားထိုးထားတယ်
အိမ်ထဲကနေ ခြံအပြင်ထိလဲ ဝါးနဲ့လျှောက်လမ်းထိုးထားတယ် ပြောင်းတုန်းကမိုးတွင်းဆိုတော့
ခြံထဲရေဝပ်လို့ပါ
ဒီအိမ်မှာမကျွတ်မလွတ်ရှိမှန်း စသတိထားမိတာတော့
အိမ်မှာကျန်ခဲ့တဲ့မေမေပါ
တစ်ရက်ကျွန်မတို့မောင်နှမကျောင်းကပြန်ချိန်မေမေကထူးထူးဆန်းဆန်းခြံရှေ့ထွက်ထိုင်နေတယ်
မျက်နှာလဲမကောင်းဘူး
ကျွန်မတို့လာမှအားတက်သွားတဲ့မျက်နှာမျိုးနဲ့
သမီးတို့ကိုထိုင်စောင့်နေတာ ကျောင်းမှာဘာတွေသင်လဲဗိုက်ဆာပြီလားမေးရင်း အိမ်ထဲဝင်ခဲ့ကြတယ် ပြီးတော့ဘုရားစင်ကပရိတ်ရည်ယူပြီးအိမ်အနှံ့လိုက်ဖြန်းနေတယ် မေ့မေ့မျက်လုံးကလဲအိမ်ကိုကြည့်ပြီးတစ်ခုခုကိုကြောက်နေသလိုပဲ
ကျွန်မက မေမေဘာဖြစ်လို့လဲမေးတော့
ဘာမှမဖြစ်ပါဘူး ခဏနားရေချိုးထမင်းစားကြဖို့ပဲပြောတယ်
ညကျဖေဖေပြန်လာတော့ မေမေက ရှင့်ကိုပြောစရာရှိလို့ဆိုပြီး အရေးကြီးသုတ်ပြာနဲ့ အိမ်ရှေ့ဘုရားစင်နားခေါ်သွားတယ် ကျွန်မလဲကြားတော့
မောင်လေးအိပ်နေတာနဲ့ခြေသံဖွဖွနင်းပြီး မေမေဘာတွေအရေးကြီးနေလဲသိချင်လို့ အခန်းနဲ့ကွယ်ပြီး
နားထောင်နေမိတယ် မေမေပြောတာက..
ဒီအိမ်မှာ သရဲရှိတယ်အကိုရေ ၂ကောင်တောင်
ကျွန်မနေ့ခင်းကဟင်းချက်နေတုန်းမိန်းမနှစ်ယောက်အိမ်ထဲဝင်လာတယ် ခြံတံခါးသော့ခတ်ဖို့မေ့သွားလို့ဒီတိုင်းဝင်လာတယ်ထင်တာပေါ့ ဆံပင်ရှည်ရှည်နှစ်ယောက်လုံးမျက်နှာတည်တည်နဲ့မို့ မြင်မြင်ချင်းသိပ်ဘဝင်မကျမိပေမယ့် အိမ်နီးချင်းများ
လာမိတ်ဆက်တာဖြစ်မယ်ဆိုပြီး ကျွန်မလဲချက်လက်စရပ်ပြီး အိမ်ရှေ့ထွက်လာတာ ကျွန်မဘာမှတောင်မပြောရသေးဘူး အဲ့မိန်းမနှစ်ယောက်ထဲကတစ်ယောက်က ဒီအိမ်ကငါတို့အိမ်
ဝယ်တုန်းကမစုံစမ်းဘူးလားဆိုပြီး မေးတစ်ငေါ့ငေါ့လက်ညှိုးတစ်ထိုးထိုး ပြောရော
ကျွန်မလဲ မဖြစ်နိုင်တာ ဒီအိမ်ပိုင်ရှင်ကနိုင်ငံခြားမှာ စာချုပ်စာတမ်းအခိုင်အမာနဲ့ဝယ်ထားတာ ရှင်တို့ဘာသက်သေရှိလို့လာစွတ်ဆွဲနေတာလဲ ကျွန်မစာချုပ်ပြမယ်ဆိုပြီး အခန်းထဲစာချုပ်ဝင်ယူတုန်း
ခဏမှတစ်ကယ့်ခဏလေးပါ ထွက်လာတော့ထိုင်ခုံမှာဘယ်သူမှမရှိတော့ဘူး သတိရပြီးခြံတံခါးကြည့်မိတော့ သော့ခေတ်ထားတဲ့အတိုင်းပဲ အဲ့တော့မှကျွန်မလဲခြေဖျားလက်ဖျားတွေအေး ခေါင်းနပန်းကြီးပြီး ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး ကြောက်ကြောက်နဲ့အိမ်မှာမနေရဲလို့ကလေးတွေပြန်အလာနေ့ခင်းထဲကခြံရှေ့ငုတ်တုတ်ထိုင်စောင့်နေတာ ထိုင်နေမယ့်အတူ ဒီအိမ်အကြောင်းစုံစမ်းမယ်ဆိုပြီး ဒီလမ်းထဲအရင်နေတာလို့သူများတွေပြောတဲ့ ထိပ်ဆုံးကအိမ်ကိုသွားမေးတော့
"ဒီအိမ်ကအရင်ကမောင်နှမ၃ယောက်နေတာ မိဘတွေမရှိကြတော့ဘူး မိန်းကလေးနှစ်ယောက်ရယ်
မလေးမှာနေပြီးညီမတွေကိုထောက်ပံ့နေတဲ့
သူတို့အကိုရယ်
ကောင်မလေးနှစ်ယောက်က
နယ်ဘုရားဖူးထွက်ရင်း လှေမှောက်လို့ရေနစ်သေသွားတာ အဲ့တုန်းကသေတာလဲ သူတို့အပါအဝင်
အယောက်၂၀လောက်ရှိတယ်
သူတို့အကိုလဲ ညီမတွေဆုံးသွားမှအိမ်ကိုတစ်ခေါက်ပြန်လာတရားနာပြီး အိမ်ကိုရောင်းဖို့အသိနဲ့ထားခဲ့တာ မကြာဘူး ညီမတို့ဝယ်လိုက်တာပဲ
အမတောင်သူတို့ဒီအိမ်အကြောင်းသိရဲ့လားမသိဘူးလို့တွေးနေသေးတယ် ဘာမှလဲလာမမေး ကိုယ့်ကိစ္စလဲမဟုတ်တော့ မပြောဖြစ်တာ" တဲ့
ဒီလိုဒီလို ဖေဖေ့ကိုပြောပြတော့ ဖေဖေလဲ
မနက်ကျချက်ချင်း ဘုန်းကြီးပင့်ပြီးအန္တရာယ်ကင်းပရိတ်ရွတ်မယ် ဘာမှမကြောက်ဖို့နဲ့
သရဲတစ္ဆေတွေကလူကို
ဘာမှမလုပ်နိုင်ပါဘူးဆိုပြီးမေမေ့ကိုမကြောက်အောင်ဖြောင်းဖျနေတာပေါ့
အဖြစ်အပျက်တွေကတရားနာပြီးမှ
ပိုဆိုးကုန်တော့တာ
ကျွန်မက၅တန်းအရွယ်လောက်ထဲက ပရိတ် ပဋ္ဌာန်းဓမ္မာစတြာ အကုန်ရတယ် ရတာလဲ မေမေရွတ်တာနားထောင်ရင်း လိုက်ရွတ်ဖြစ်ရင်းရသွားတာ
ဖြစ်ချင်တော့အဲ့နေ့က အခါကြီးရက်ကြီး
ကျောင်းလဲပိတ်တော့ မေမေနဲ့သားအမိနှစ်ယောက်
ည၈နာရီလောက်ဘုရားစာတွေမြိုင်ဆိုင်နေအောင်ရွတ်ဖတ်နေကြတာ
ရွတ်နေရင်း အိမ်ကအားကြီးကြီးနဲ့ဆွဲလှုပ်လိုက်သလိုခါသွားတာများ ငလျှင်လှုပ်သလိုပဲ
မောင်လေးကလဲဆော့နေရင်းပြေးလာ ဖေဖေကလဲ
အိပ်ခန်းထဲလှဲနေရင်းပြေးထွက် မိသားစုတွေစုထိုင်နေတာများ အပ်ကျသံတောင်မကြားရဘူး
ဖေဖေကမကြောက်အောင် ငလျှင်လှုပ်တာပါ ဘာမှမဖြစ်ဘူးလို့အကြောက်ပြေအောင်လျှောက်ပြောပေမယ့် လူဝင်တိုက်သလိုအိမ်ကိုယိမ်းခါသွားတာ
ငလျှင်လှုပ်သလိုမဟုတ်မှန်းသိတာပေါ့
ငြိမ်သွားတော့ ဘာမှမဖြစ်တော့ဘူးထင်ပြီး အကြောက်ပြေချင်သလိုရှိသေး
ခေါင်မိုးပေါ်ဒုန်းဒုန်းနဲ့လမ်းလျှောက်တာများ အပေါ်ကကျွံကျလာမလားတောင်ထင်ရတယ် ကျွန်မနဲ့မောင်လေးဆိုအသားတွေကိုတုန်လို့
မေမေဆိုမျက်နှာငယ်လေးနဲ့ ဖေဖေလဲဘာပြောရမှန်းတောင်မသိဘူးတိတ်ဆိတ်လို့
မေမေကတုန်တုန်ယင်ယင်နဲ့ ဘုရားစာဆိုမလို့
သံဗုဒ္ဓေရှိသေး အပေါ်က ခြေသံကပိုပြင်းပြီး တောက် အကျယ်ကြီးခေါက်ရော "ငါတို့အိမ်လာနေပြီး လူပါးဝနေကြတာ"လို့ မိန်းမအသံ
အပီအပြင်ကြီးကြားရပါလေရော
အဲ့ဒါနဲ့တစ်ညလုံးသောင်းကျန်းတာ
အိမ်ဘေးနံရံတွေလိုက်ခေါက် ခေါင်မိုးပေါ်ခြေတွေဆောင့်နဲ့ မနက်ထိတောက်လျှောက်လုပ်တော့တာပဲ ကျွန်မတို့မောင်နှမနှစ်ယောက်ကတော့ကြောက်ကြောက်နဲ့အိပ်ပျော်သွားတာ
မနက်၁၀နါရီမှနိုးတယ်
ဘုရားခန်းမှာပဲမိသားစု၄ယောက်လုံးမိုးလင်းပဲ
ဖေဖေနဲ့မေမေကတော့အိပ်လားမအိပ်လားမသိပါဘူး အဲ့ဒါနဲ့ ဖေဖေကရုံးကို၁ပတ်ခွင့်ယူလိုက်တယ်
အဲ့ညကြောင့် မောင်လေးလဲကြောက်ပြီးဖျားသွားတာကိုး
အဲ့ဒီ့ဖြစ်ပြီးနောက်နှစ်ရက် မနက်၆နာရီဝန်းကျင်ဖြစ်မယ် မောင်လေးအဖျားမကျသေးလို့ မေမေကဟင်းချက်ဖို့နဲ့ဆန်ပြုတ်ပြုတ်ဖို့စျေးသွား ဖေဖေကအိမ်ရှေ့မှာ အဲ့မှာမောင်လေးကအိပ်နေရင်း
"လေထဲမှာ လေထဲမှာ သရဲမကြီး သရဲမကြီး ဖေဖေရေကယ်ပါဦး မေမေရေကယ်ပါဦး "ဆိုပြီး
လက်ညှိုးကြီးထိုးပြီးထအော်တာ
ကျွန်မပါအိပ်နေရင်း လန့်နိုးတော့ ဘေးမှာမျက်လုံးပြုးမျက်ဆံပြူးနဲ့အော်နေတဲ့မောင်လေးကိုတင်းတင်းဖက်ထားပြီး အဖေနဲ့အမေကို
ရောအော်ခေါ်မိတယ်
ဖေဖေလဲအခန်းထဲပြေးဝင်လာပြီး ရေမန်းနဲ့အခန်းကိုပက်ရင်း သားသမီးထိတော့
ဒေါသထွက်ပြီးဆဲရော
သောက်သရဲတွေ ဒုက္ခပေးတာအရမ်းများနေပြီ ဖေ-ိုးမသရဲတွေ ပြချင်ငါ့ကိုပြစမ်း ငါ့သားသမီးတွေကိုများ ဘာမှမလုပ်ချင်လို့ကြည့်နေတာ
ကိုယ့်နေရာကိုယ်နေမယ်မရှိဘူး
ဆရာကြမ်းကြမ်းခေါ်ပြီးနှင်ထုတ်ပစ်ရမလား
လို့ ခြိမ်းခြောက်ပါလေရော
မောင်လေးနဲ့ကျွန်မလဲကြောက်ပါတယ်ဆိုမှဖေဖေ
အဲ့လိုပြောတော့ပိုဆိုး
ဖေ့ဖေ့ပုဆိုးဆွဲပြီးအိမ်ရှေ့ပူးကပ်ပါသွားရတယ်
မောင်လေးလဲ သရဲကြောင့်ပဲဖျား သရဲကြောင့်ပဲ
နေပါပြန်ကောင်းသွားတယ် မေမေပြန်လာတဲ့အချိန် သူအကြောက်ပြေမှမေးကြည့်တော့ သားသားနိုးသွားလို့မျက်လုံးဖွင့်လိုက်တာ မမအိပ်နေတဲ့ဘေးမှာမတ်တပ်ရပ်နေတာတစ်ယောက် လေထဲမှာသားသားကိုကြည့်ပြီးသွားမဲမဲကြီးတွေနဲ့ရယ်နေတာတစ်ယောက် သားသားအရမ်းလန့်ပြီးအော်လိုက်တာတဲ့
မေမေကမောင်လေးပိုကြောက်မှာစိုးလို့ သားသားကအရမ်းဖျားနေတော့ လျှောက်မြင်တာပါလို့ချော့မော့နေရတယ်
ဒါနဲ့ ဖေဖေကပြောတယ်
ဒီညသိမ်းစရာထည့်စရာရှိထည့်ထားကြ မနက်ဖြန်
မကွေးကဖွားဖွားတွေဆီသွားမယ် ဟိုရောက်မှဘာဆက်လုပ်ရမလဲတိုင်ပင်မယ်တဲ့
ဒါပေမယ့် မနက်ဖြန်ထိရက်ကူးအောင်တောင်
စိတ်ဖြောင့်ဖြောင့်မနေရပါဘူး
အဲ့ညကအကြမ်းဆုံးညဖြစ်သွားတယ်
အကုန်လုံးသိမ်းစရာရှိတာသိမ်းပြီး ည၁၀နါရီလောက်ပေါ့
မောင်နှမနှစ်ယောက်လဲကိုယ့်အခန်းကိုယ်မအိပ်ရဲ
တော့လို့မေမေတို့နဲ့အတူသွားအိပ်ရတယ်
မောင်လေးကတော့ကလေးပီပီအိပ်မောကျနေပြီ
ကျွန်မကတော့အိပ်ယာထဲ မျက်လုံးမှတ်ရင်းဟိုတွေးဒီတွေး မနက်ဖြန်ဖွားဖွားတွေဆီသွားရမှာကိုစဥ်းစားနေတာပေါ့ ဒီအိမ်မှာနေကိုမနေရဲတော့တာလေ
အဲ့ချိန်အိမ်ရှေ့ ဝါးထိုးထားတဲ့လျှောက်လမ်းကနေ အိမ်ကိုလမ်းလျှောက်လာသံကိုကြားရတယ်
ဝါးကလမ်းလျှောက်ရင် တကျိကျိနဲ့မြည်တော့
အသံကသိသာတာပေါ့
ကျွန်မမှာလန့်ပြီးဘေးကဖေဖေ့ကို အသံတိုးလေးနဲ့
ဖေဖေရေ အသံကြားလားလို့တိုးတိုးလေးခေါ်မေးရတယ် ဖေဖေနဲ့မေမေလဲ မအိပ်သေးလို့တော်သေးတယ်
မေမေက ကြားတယ်သမီးလေး တိုးတိုးနေ
နားပိတ်ထားပြီးစောင်ခြုံအိပ်တော့လို့ပြောတယ်
အဲ့မှာဖေဖေက
မိန်းမ အိမ်ကိုသူခိုးကပ်တာဖြစ်နေမယ်
ထကြည့်မှကောင်းမယ်ပြောတယ် မေမေကလဲ
သရဲဖြစ်နေရင်ဘယ်လိုလုပ်မလဲ
ကျွန်မကြောက်တယ် ဒီတိုင်းပဲထားလိုက်ပါရှင်ကလဲလို့ နှစ်ယောက်သားတိုးတိုးပြောနေပေမယ့်
ကျွန်မကမအိပ်သေးတော့ အတိုင်းသားကြားရတာပေါ့
မင်းကလဲကွာ သရဲကကြောက်စရာမရှိဘူး
လူကမှ အသက်ကိုပါရန်ရှာမှာ မင်းနေခဲ့
ငါသွားကြည့်မယ် ဆိုပြီး မီးဖိုချောင်ကဓားတစ်ချောင်းယူပြီးအိမ်ရှေ့ထွက်သွားရော
အိမ်တံခါးကသံကြိုးနဲ့အပေါက်ဖောက်ပြီးပိတ်တာဆိုတော့ အဲ့ဒီ့အပေါက်ကနေပဲ ဖေဖေအပြင်ကိုလှမ်းချောင်းကြည့်လိုက်တာ အမလေး
ဝါးလျှောက်လှမ်းပေါ်ကနေ သရဲမနှစ်ယောက်
ဆံပင်ဖားလျား သေတုန်းကအဝတ်အစားတွေဖြစ်ပုံရတဲ့အကျီထဘီနွမ်းနွမ်းတွေနဲ့ မျက်နှာကြီးက
ဖြူစုတ်နေတာကိုမှ နားတွေမျက်လုံးတွေပါးစပ်တွေကနေ သဲတွေရော ရေတွေရော က
တောက်တောက်ကျနေတာ
သတ္တိကောင်းပါတယ်ဆိုတဲ့ဖေဖေတောင်
မှင်သက်ပြီး ခြေထောက်ကရွေ့မရတော့ဘူးတဲ့
အဲ့အပေါက်ကနေပဲ ကြောင်ကြည့်နေမိတာ
အဲ့သရဲမနှစ်ကောင်ကဘာလုပ်နေလဲဆို
အဲ့ဝါးတံတားပေါ်ကနေ ခြံထဲဝပ်နေတဲ့
ရေထဲခုန်ခုန်ချနေတာ ရေသံလဲမကြားဘူး
ရေကပွက်တောင်မပွက်ဘူးနော် ပြီးတော့
ရေကတိမ်တိမ်လေး တံတားရဲ့တစ်ဝက်ပဲရှိတာ
ခုန်ချလိုက် ဝုန်းဆိုတံတားပေါ်ခုန်တက်လိုက်နဲ့
လုပ်နေတာများ တော်ရုံလူမြင်ရင်
သွေးပျက်သေလောက်တယ်
အဲ့မှာဖေဖေချောင်းကြည့်နေရင်း
သရဲမနှစ်ယောက်ထဲကတစ်ယောက်က
"ဟီးဟီး ဟိုမှာ ငါတို့ကိုကြည့်နေတယ် ဟိုမှာဟိုမှာ" ဆိုပြီး လက်ညှိုးကြီးထိုးပြီးအဲ့ကနေလှမ်းခုန်တာ
ဖေဖေကြည့်နေတဲ့မျက်စိရှေ့တည့်တည့်ကို
ရောက်ရော
အလယ်မှာတံခါးပဲခြားတယ်
အနီးကပ်ကြည့်တော့မှ မျက်လုံးလဲမပါဘူး ပါးစပ်ကဟနေပြီး သဲတွေရေတွေစီးကျနေတာ
အဲ့မှာမေမေလဲထွက်လာပြီး 
ရှင်ဘာတွေ့လို့လဲကိုင်လှုပ်မေးမှ
ဖေဖေ့မှာသတိပြန်ဝင်လာတယ်  
မေမေ့ကိုအိမ်ခန်းထဲဆွဲခေါ် တံခါးပိတ်ထားပြီး
မြင်သမျှအကုန်ပြောပြတာ
ကျွန်မလဲအိပ်မပျော်တာရော
ဖေဖေပြောတာကြားရတာရောကြောင့်
အကြောက်လွန်ပြီးနေစရာကိုမရှိတော့ဘူး
စောင်ကိုတင်းတင်းခေါင်းမြှီးခြုံထားတာ
ချွေးတွေစီးကျတာတောင်စောင်မဖယ်ရဲဘူး
အဲ့ဒါနဲ့ပြီးမသွားသေးဘူး
အိမ်ရှေ့တံခါးကသံကြိုးကိုကိုင်လှုပ်ပြီး
တံခါးတွေ ပြတင်းပေါင်တွေကိုထု
ခြံပတ်ပတ်လည်ကိုခြေသံပြင်းပြင်းနဲ့
လျှောက်နေပြန်ရော
ရီသံတွေရော ဆဲသံနေရောစုံနေတာပဲ
ဒုက္ခပေးတာများ တစ်ညလုံးကိုမိုးလင်းအထိပဲ
မိုးလင်းအသံတိတ်သွားမှ ဒီအိမ်မှာတစ်စက်ကလေးတောင်မနေဘူးဆိုပြီး သယ်လို့နိုင်သမျှအကုန်ထည့်
ဘာမှမသိလိုက်တဲ့မောင်လေးကိုနှိုးပြီး
အဖွားတို့ဆီအားချင်းသွားရတယ်
နှစ်ပတ်လောက်နေမှအလုပ်သမားတွေနဲ့
ပစ္စည်းတွေကားနဲ့လာသယ်ပြီး အိမ်ရောင်းမည်နဲ့
ဖုန်းနံပါတ်ပဲချိတ်ထားခဲ့လိုက်တာ
နောက်၅နှစ်နေတော့ အိမ်တွေစိတ်လာပြီး လူဦးရေနည်းနည်းများလာတော့ အိမ်ကိုလာဝယ်သူရှိလာတယ် အထက်လမ်းလိုလို အောက်လမ်းဆရာလိုလို
နတ်ကတော်လိုလိုပဲ အိမ်ကိုကြည့်ကြည့်ချင်းနေ့ပဲ
ကြိုက်တယ်ဆိုပြီးချက်ချင်းငွေပေးဝယ်သွားတာ
အဲ့အိမ်နဲ့ပတ်သတ်တာတော့အဲ့ကစ
ဘာမှမသိရတော့ပါဘူး
ကျွန်မတို့မိသားစုလဲအဲ့အိမ်မှာ
၂ပတ်မပြည့်တပြည့်ပဲနေခဲ့ရပါတယ်

#crdပိုစ်ပိုင်ရှင်အမရေ
ဖတ်ရတာကြက်သီးပါထပါတယ်
"ဟီး ဟိုမှာ ငါတို့ကိုကြည့်နေတယ် ဟိုမှာဟိုမှာ" ဆိုတဲ့နေမှာကိုယ်ဆို ငုတ်တုတ်မေ့သွားတာ

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now