59

247 14 2
                                    

အရင်တုန်းက ရပ်ကွက်ထဲမှာ အောင်ကိုဇော်ဆိုတဲ့သူငယ်ချင်းရှိတယ်။ ဒီကောင်က လူပုံက ဖြူဖြူချောချော၊ ကရင်စပ်တယ်။ သူနဲ့ပတ်သက်ရင်ထူးခြားချက်ကတော့ စကားကို အော်ကြီးဟစ်ကျယ်ပြောတတ်တယ်။ အငြင်းသန်တယ်။ လူကလည်း အားတော််တော်သန်တာ။လွတ်လပ်ရေးနေ့ အုန်းသီးလုပွဲ ဘာညာဆိုရင် သူပါတဲ့အသင်းပဲ နိုင်တာများတယ်။ သူ့လက်ထဲအုန်းသီးရောက်သွားရင် တခြားလူဝင်လုဖို့မလွယ်လို့။
ဒီကောင်က သူငယ်ချင်းအပေါင်းအသင်းတော့ခင်တတ်တယ်။ သူနဲ့အဆင့်အတန်းချင်းမတူတော့လို့ နှိမ်ပြီးမခေါ်ချင်တော့တာတို့ သူ့ထက်အများကြီးမြင့်သွားလို့ ရှိန်နေတာတို့ မရှိဘူး။ တွေ့တာနဲ့ အားရဝမ်းသာအော်ဟစ်နှုတ်ဆက်..လက်ဖက်ရည်တွေဘာတွေ အတင်းတိုက် စကားကိုလည်း မနားရအောင်ပြောတော့တာ။ မခေါ်ချင်တဲ့သူကသာ ဝေးဝေးကမြင်ရင်ရှောင်သွားပဲ..သူကတော့ ခေါ်ပြီးသား။
ကျောင်းကလည်း ၆ တန်းနဲ့ထွက်ပြီးရရာအလုပ်လျှောက်လုပ်နေတော့ အသောက်အစားတွေဘာတွေလည်းရှိတာပေါ့။ သူနဲ့ရွယ်တူတွေ အိမ်ထောင်တွေဘာတွေကျ အခြေကျနေပေမယ့် သူကတော့ ရည်းစားထည်လဲတွဲပြီး ပေလိုက်တေလိုက်ပဲ။ ဒီလိုနဲ့ နာဂစ်ဖြစ်ခါနီး ၂ နှစ်လောက်မှာ လပွတ္တာဖက်က ရွာလေးတစ်ရွာကို စီးပွားရေးစပ်တူလုပ်ဖို့ဆိုပြီး ထွက်သွားတာပဲ။ ဒီလိုနဲ့ နာဂစ်လည်း ဖြစ်ရော အောင်ကိုဇော်အလုပ်သွားလုပ်တဲ့တရွာလုံးကုန်တယ်..အောင်ကိုဇော်လည်း သေပြီဆိုပြီး သတင်းရောက်လာပါလေရော။ အဲ့ဒါနဲ့ပဲ သပိတ်သွပ်ကြ၊ရက်လည်လုပ်ကြရတာပေါ့။ ဒီကောင်က အပေါင်းအသင်းမင်တယ်.. အိမ်ကိုလည်း ခင်တယ်ကျွတ်မှာမဟုတ်ဘူး လို့လည်း သူ့မိသားစုဝင််တွေကအစ ထင်ကြ ကြောက်ကြတယ်။ ကြောက်ဆို ရက်လည်ဆွမ်းသွပ်တဲ့နေ့ကြီး သူ့မရီးကို ဝင်ပူးတာ.. ငိုသံကြီးနဲ့ ပြောတာတဲ့။ သူ့မရီးယူပေါင်ထားတဲ့ သူ့လက်စွပ်ကို ပြန်ရွေးပြီးရောင်းပြီး သူ့ညီချမ်းသာကို သင်္ကန်းစည်းပေးဖို့ (အဲ့ဒါ သူ့အိမ်က မသိဘဲ သူက ချွတ်ပေးခဲ့တဲ့ကိစ္စတဲ့)၊ သူ့အဖေဦးသန်းမြင့်ကြီး မျက်စိခွဲဖို့ကို အချိန်ဆွဲမနေဖို့.. ပိုက်ဆံလိုရင် သူ့သူငယ်ချင်း(ကိုယ့်ကို) ပြောထားကြောင်း သွားယူလို့ရကြောင်းတွေရော.. သူ့ညီမ မီးမီး ရည်းစားထားနေတဲ့ကောင်က အိမ်ထောင်ရှိတယ်၊ မတွဲနဲံ့ဆိုတာ ကအစ တောက်တခေါက််ခေါက်နဲ့ပြောတာတဲ့.. အောင်ကိုဇော်မှ အောင်ကိုဇော်ပဲ ဆိုပြီး ငိုကြယိုကြတာ ဝက်ဝက်ကွဲ.. အိမ်ချင်းကလည်း သိပ်မဝေးတော့ ကိုယ့်ပါ လာခေါ်လို့..”အေးပါ သူငယ်ချင်းရာ။ မင်းအဖေမျက်စိကို ငါကုပေးပါ့မယ်။ စိတ်မပူပါနဲ့” လို့ သွားပြောပေးရသေးတယ်။ “သားကြီး ..မင်းပိုက်ဆံမဆုံးစေရဘူး။ ငါအလုပ်လုပ်ပေးထားတဲ့သူတွေ အိမ်ကိုလာပေးလိမ့်မယ်..စိတ်ချ” ဆိုပြီးပြောသေးတာ သူက။
နောက််ရက်တွေလည်း သူက အနံ့ပေးတယ် အရိပ်အယောင်ပြတယ် ဆိုပြီး ကြောက်ကြ လန့်ကြတာပဲ။ သူ့ညီမလည်း ရည်းစားကို ကြောက်ပြီး ဖြတ်လိုက်တယ်။ သူ့အဖေကြီးကိုလည်း မျက်စိခွဲပေးလိုက်ရတယ်။ သူ့ညီလည်းရှင်ပြု သူ့ကိုလည်း အမျှဝေပေါ့လေ။ သူ့မရီးနဲ့ သူ့မိသားစုက သူတို့ပိုက်ဆံနဲ့သူတို့ ရှာဖွေပြီး လုပ်ကြတာပါ။ကိုယ့်ဆီက ပိုက်ဆံတောင် လာမချေးပါဘူး။
ဒီလိုနဲ့ အဲ့နှစ် (၂၀၀၈)သီတင်းကျွတ်တစ်ရက် နေဝင်ရီတရောအချိန်တခုမှာ ကိုယ်တွေလမ်းထောင့်က အရက်ဆိုင်က အရက်သမားတွေ ဆူညံပွက်လောရိုက်ပြီး ထပြေးကြရော။ “သရဲ သရဲ..အောင်ကိုဇော် သရဲ” ဆိုပြီး အော်ပြေးကြတာ။ မပြေးနိုင်ပဲကျန်တာဆိုလို့ အောက်တပိုင်းသိပ်မသန်တဲ့ပွကြီးဆိုတဲ့ကောင်ပဲ ကျန်တယ်။ ကိုယ်တွေလည်း ဘာဖြစ်တာလဲ ဆိုပြီးထွက်ကြည့်ကြတာပေါ့။ အဲ့တော့မှ အရက်ဆိုင်ထဲကနေ ဠီး..လချီးတိုင်းထွာပြီး ထွက်ချလာတဲ့ ပိန်ပိန်မည်းမည်းနဲ့ ကောင်တစ်ကောင်ကိုတွေ့ရောဗျား။ ကိုယ့်ဆီတည့်တည့်ပြေးချလာပြီး “သူငယ်ချင်း လုပ်ပါဦးကွာ” ဆိုတော့မှ အောင်ကိုဇော်ကြီးဖြစ်နေရော။ လူက ပိန်ပြီး မည်းသည်းသွားတာ။ လူမှဟုတ်ရဲ့လား သေချာကြည့်ယူရတယ်။ အဲ့တော့မှ ဒီကောင်က အိမ်ပေါ်လိုက်တက်လာပြီး သူ့ရင်ဘတ်က ဒဏ်ရာတွေပြပြီး ပြောပြတော့တာပဲ။ အုန်းပင်နဲ့သူ့ကိုယ်လုံးကို ပုဆိုးနဲ့ဆွဲချည်ရင်ဘတ်က စုတ်ပြတ်နေအောင် လေတိုက်တာရော ရေလှိုင်းဒဏ်ရော ခံရကြောင်း၊သူသတိမလစ်ကြောင်း ..ဒါပေမယ့် ဒဏ်ရာတွေကိုတော့ တစ်လ နီးပါးဆေးကုလိုက်ရကြောင်း၊ နောက်တော့ ကယ်ဆယ်ရေးတွေလာတော့ ဝိုင်းလုပ်ပေးနေတာကြောင့်ရော ပိုက်ဆံစောင့်နေရလို့ရော ကြာသွားတာဖြစ်ကြောင်း ဇာတ်စုံခင်းပါလေရော။ အဲ့နေ့ကစပြီး တပတ်လောက်ထိက အဲ့ကောင် သူမသေကြောင်းကို တအိမ်တက်ဆင်းလိုက်ပြောတာနဲ့တင်အချိန်ကုန်တယ်။
သူ့ရက်လည်မှာတုန်းက ဝင်ပူးတာရော နောက်ရက်တွေခြောက်တာရောက ဘယ်သရဲက ဝင်ခြောက်သွားလဲ ဘယ်သူမှမစဥ်းစားတတ်ဘူး။ပြောသွားတာတွေကတော့ အကုန်အမှန်တွေအပြင် လျှို့ဝှက်ချက်တွေပဲမို့လို့ ပိုပြီးစဥ်းစားရကြပ်ကြတာ။ သရဲမဖြစ်လိုက်တဲ့ အောင်ကိုဇော်ကတော့ အိမ်ထောင်ကျလို့ ကလေးနှစ်ယောက်တောင် ရနေပါပြီ။
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now