11(7အဆက်

431 33 0
                                    


-------------------------------++++++----------------------

အပိုင်း (၂)

မှန်ထဲက ကျမကိုယ်ကျမ ကြည့်ပြီး သိပ်ကျေနပ်နေမိတယ်၊အရမ်းကိုလှတာပါပဲ...
ရွှေအိုရောင် ပုလဲသီးတွေ စီးကွင့်တွေနဲ့ ဖိတ်ဖိတ်လက်နေတဲ့ ထိုင်မသိမ်းဝတ်စုံ...အိနေအောင် ဆင်ထားတဲ့ ရွှေတွေ... သေသပ်ညက်ညောတဲ့ မိတ်ကပ်အပြင်အဆင် နဲ့ မှန်ထဲက သတို့သမီးလေးဟာ တကယ်ကို လှတာပါပဲ၊
ကျမတို့က မွန်နဲ့တရုပ်သွေးနှောတွေမို့ အသားအရည်ကလဲလှ ကျမကိုယ်တိုင်ကလဲ လူတိုင်းက ခနတော့စိုက်ကြည့်ရတဲ့ ရုပ်ရည်မျိုးလေး မွေးရာပါဆိုတော့ ခုလိုနေ့မျိုးမှာ ခုလိုအပြင်အဆင်မျိုးနဲ့ ဘယ်လိုတောင်လှရက်နိုင်တာလဲလို့ ကျမ ခင်ပွန်းလောင်းက သေချာပေါက်မေးမှာပဲကိုတွေးမိပြီး ကိုယ့်ဘာကိုယ်တောင်ပြုံးမိပါသေးတယ်...
ပြင်တဲ့ဆင်တဲ့သူတွေ အမျိုးထဲကမိန်းမဖော်တွေကလဲ ကျမဘေးမှာ ဝိုင်းဝိုင်းလည်၊ အဖေကလဲ ကျမကို အရိပ်တကြည့်ကြည့်၊ ညီမဝမ်းကွဲလေးတွေကလဲ ဖိတ်ဖိတ်လက်ပြင်ဆင်ပြီး ကျမနားမှာ လူစုံတက်စုံ...
ဒီနေ့က ကျမရဲ့နေ့၊ ကျမက အရာအားလုံးရဲ့ ဗဟိုချက်မ လို့တောင် ခံစား​ေနရတာပါပဲ...၊

သြော်... ညီမဝမ်းကွဲလေးတွေမြင်တော့ ညီမလေးကို ကျမ လှိုက်ကနဲ သတိရမိတယ်၊ ညီမလေး ပေါ်မလာတာ ခုနစ်လကျော်ပါပေါ့...

ညီမလေးပျောက်သွားခါစက ကျမမှာ တကယ်ပဲရူးခါသွားတော့မလို့ ဆောက်တည်ရာမရ၊ ညညတွေ ခြံထဲဆင်းရှာ... ချွတ်ကနဲသံကြားတာနဲ့ ငယ်ငယ်လား... ငယ်ငယ်ရေနဲ့၊ ကျမ ဖြစ်ပုံကို မြင်နေရတဲ့အဖေ့မှာဒီသမီးတယောက်ပါ ပစ်လိုက်ရပီထင်ပါရဲ့ဗျာဆိုပြီး ဟီးချငိုရတဲ့အဖြစ်...
တညလုံးတွေ မအိပ်ဘဲထိုင်စောင့်၊  တငိုငို တရယ်ရယ်နဲ့၊ မစားနိုင်မသောက်နိုင်နဲ့ လူတောင် တော်တော်ချောင်ကျသွားခဲ့တာ တခါတလေ ကိုယ့်ဘာကိုယ်မှန်ထဲကြည့်ပြီး ငယ်ငယ်လားဟင်လို့တောင် ပြန်မေးမိပါတယ်၊ ညီမလေးက ကျမထက် ပိန်သွယ်တယ်လေ၊

ကျမ ခင်ပွန်းလောင်းခမြာလဲ ဂရုစိုက်ရှာပါတယ်၊ လိုအပ်မယ်ထင်တဲ့ Treatment တွေ အကုန်ပေး၊ တနေကုန်အဖော်လုပ်ပေး၊ စာဖတ်ပြ၊ အပြင်ခေါ်ထုတ် လည်ပတ်ပေးနဲ့... ပင်ပန်းရတာပါပဲ သူ့ခမြာလဲ၊
မီးမီးဆေးတွေသောက်တာထိရောက်လို့ ငယ်ငယ့်ကိုမမြင်ရတော့တာပေါ့၊ ငယ်ငယ်ဟာဆုံးခဲ့တာကြာပြီပဲကွယ်၊ ဘယ်ရှိနိုင်တော့မလဲ၊ လူကြီးသလိုအသက်လိုက်ကြီးလာတဲ့ တစ္ဆေမျိုး အကိုဖြင့်တခါမှ မကြားဖူးပါဘူး၊ ရှိတယ်ဆိုရင်လဲ အမျှအတန်းရလို့ ကျွတ်လွတ်သွားလို့ မလာတော့တာ ဖြစ်မှာပေါ့၊ အဲ့ဒီလို မီးမီးအနားမှာ lingering လုပ်နေတာလဲ သူ့အတွက်မှ မကောင်းနိုင်ဘဲဟာ၊ မီးမီး တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုပြုပြီး ပြုတိုင်းလဲအမျှဝေနော်လို့ သူက အမြဲပြောရှာပါတယ်...

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now