5

517 36 0
                                    

အဘိုးနဲ့အဘွားကိုtayအောင်tatတဲ့ သရဲ၂ယောက်အကြောင်းပြောပြချင်လို့စာတော့နဲနဲရှည်မယ် အိမ်မှာဖစ်ခဲ့တဲ့တကယ့်အဖစ်ပျက်တွေမလို့

အဘိုးကတရုတ်စစ် လုံးဝပြည်မကြီးကလာတဲ့တရုတ် ဘုရားမှတစ်ပါးကိုးကွယ်ရာမရှိ ဘာမှလဲမယုံတတ် အရက်လဲသောက်တယ် အဘွားကကျ အကုန်ယုံမြန်မာစစ်စစ်တော့မဟုတ်ပေမဲ့ ဗမာသွေးများတယ်ပေါ့ နတ်တွေလဲကိုးကွယ်တယ် ဘယ်ကဘယ်လိုစဖစ်လဲဆိုတော့ အဘိုးက ဘယ်လိုခေါ်မလဲ တစ်ခါတလေ သရဲတွေကိုမြင်ရတယ် ​ခြောက်တာတွေခံရတယ် ကိုယ်ထင်ပြခံရတယ်ပေါ့ သူများထက်ပိုပီးတော့ အကူညီတောင်းတာတွေဘာတွေလဲခနခနခံရတယ်

ပြသနာအစက တစ်ရက်မီးပျက်နေတဲ့အချိန် အဘွားကကုတင်ပေါ်အိပ်နေတာ အဘိုးကကုတင်ခြေရင်းကခုံပေါ်မှာ သတင်းစာဖတ်နေတာဖယောင်းတိုင်မီးလေးနဲ့ အဲ့မှာ မျက်နှာခြင်းဆိုင်က မှန်တင်ခုံထဲကနေ အဘိုးနောက်မှာကျောင်းစိမ်းအကျီနဲ့ကျောင်းသားတစ်ယောက် အဘွားအိပ်နေတဲ့နောက်ကျောမှာရပ်ပီးကြည့်နေတာက ကျောင်းစိမ်းအကျီနဲ့ကျောင်းသူလေးတစ်ယောက် အဘိုးနောက်ကမှာ ကျောင်းသားဝိညာဉ်အဘွားနောက်မှာ ကျောင်းသူဝိညာဉ်ကထပ်ချပ်မကွာအရိပ်လိုလိုက်နေခဲ့တာပေါ့ အဲ့မှာအဘိုးက သတင်းစာကိုခေါက်ပီး လိုက်ရိုက်တာ ဘာကောင်လဲ ​ပြောစမ်းဘာလိုချင်လို့လဲဆိုပီးတော ့

အဲ့မှာ အဘိုးကိုအဘွားကဆေးကြောင်တယ်ပဲထင်တာပေါ့ အဲ့မတိုင်ခင်ထဲက အိမ်ကိုလာတဲ့ဧည့်သည်တွေရယ် အိမ်ဘေးကလူတွေက သူတို့မြင်လိုက်ကြောင်း အိမ်ကိုသေချားစစ်သင့်ကြောင်းပြောပေမဲ့လဲ မယုံကြတော့ အကုန်လုံးကအမှုမဲ့အမတ်မဲ့ပဲနေနေကြတာ အဘိုးအခုလိုဖစ်တော့လဲ အရက်ကြောင်ကြောင်တယ်ပဲထင်တာပေါ့ ကိုယ်တိုင်မှမမြင်ကြတာ အဲ့တာနဲ့ အဘိုးကလဲသူအရက်မကြောင်ဘူး နင့်နောက်မှာလဲရှိတယ်ပေါ့ ပြောတာနဲ့ အိမ်မှာအလုပ်လုပ်တဲ့ဦးလေးကြီးက သူသိတဲ့ အထက်လမ်းဆရာရှိတယ် လိုရမယ်ရပြကြည့်ပေါ့ အထက်လမ်းဆိုတာထက် ဘိုးတော်ပေါ့ အဲ့လိုတွေလိုက်ရှင်းပေးတဲ့ဘိုးတော်

သူကပုပ္ပါးမှာ အိမ်ကမန်းလေးကဆိုတော့ မန်းလေးကနေသွားကြတာပေါ့ ဖစ်ချင်တော့ဘိုးတော်ကခရီးရောက်နေလို့ နောက်ရက်မှပြန်လာမယ်ဆိုတာနဲ့ မထူးဘူးဆိုပီး မန်းလေးမပြန်တော့ဘူး ပုဂံကိုတစ်ခ်ထဲဘုရားဖူးထွက်လိုက်တာနီးနေတာနဲ့ အ​ဎ့မှာအဘိုးကတစ်လမ်းလုံးအကောင်းကနေ တစ်ယောက်ထဲစပီးစကားစပြောလာပီ ပုဂံမှာလ​ဲဘုရား​ေစာင်းတန်းတွေကြည့်ပီး တစ်ယောက်ထဲစကားပြောလို့ပြော ကြက်သားတွေချကျွေးလို့ကျွေးနဲ့ အိမ်ကလူတွေကတော့သွားပီရူးသွားပီပဲထင်ကြတာ

အဲ့လိုနဲ့ ပုပ္ပါးပြန်ရော​က်ပီး ဘိုးတော်နဲ့တွေ့တော့မှပြောပြတာ သူပုဂံမှာမြင်ခဲ့တာတွေတွေကို မပြောခင် ဘိုးတော်ကအရင်အဘိုးဘေးနားကနေ ပုဂံထဲကကပ်ပါလာတဲ့ အဘိုးကြက်သားချကျွေးလိုက်တဲ့ သရဲကိုဖမ်းခေါ်လိုက်တာ အဲ့သရဲကလဲအဘိုးကိုခင်လို့လိုက်လာတာပါဆိုပီးငိုနေတာတာဲ့😬

အဲ့ကျမှအဘိုးက ဘိုးတော်ကိုယုံပီး သူပုဂံကဘုရားစောင်းတန်းတစ်လျှောက်ရော ပုဂံဘုရားတိုင်းလိုလိုကမုဒ်ဦးတွေပေါ်ရောနေရာလွတ်မကျန် မကျွတ်မလွတ်တွေအများကြီးပဲတွေ့ခဲ့တာတဲ့🥹ပုပ္ပါးထိလိုက်လာတဲ့ သရဲကလဲ အဘိုးထမင်းစားနေတာကို တောင်းစားလို့အဘိုးကကြက်သားချကျွေးလိုက်တာကိုတကောက်ကောက်လိုက်ပီး ပုပ္ပါးထိကားဘီးဖတ်လိူက်လာတာတဲ့🤣အဲ့လိုနဲ့ဘိုးတော်က အကြောင်းစုံသိပီး မန်းလေးအိမ်လိုက်လာတာ လိုက်လာတာနဲ့အိမ်ရောက်ရောက်ခြင်းမီးဖိုထဲသွား အိမ်ကစား​ေသာင်ဆိုင်ဆိုတော့ မီးဖိုထဲရောက်ရောက်ခြင်း ဆေးဘဲဥတောင်းကိုမှောက်ချလိုက်တာနဲ့ ဆေးဘဲဥလိုအလုံးလေးတစ်လုံးက တစ်လုံးထဲခုန်ထွက်လာပီးလိမ့်သွားတာ 😬အဲ့တာကိုလိုက်ရိုက်ပီး တအိမ်လုံးလိုက်ဖမ်းကြတာ ဖမ်းမိတော့မှ အဲ့တာဆေးဘဲဥမဟုတ်ပဲ သချိုင်းမြေတွေကို ဖယောင်းနဲ့လုံးပီး ခုနဝိညာဉ်၂ကောင်ကိုအသက်ထည့်ထားတာဆေးဘဲဥနဲ့ထင်ရောင်ထင်မှားရောထည့်ထားတာ ဘယ်သူလုပ်တာလဲဆိုတာပြောခွင့်မရှိပေမဲ့ ရည်ရွက်ချက်က မနာလိုလို့သေအောင်သတိတာတဲ့😬😬😬 အဲ့တာကတော့ငယ်ငာ်ကကြုံရတဲ့ အိမ်ကအဖစ်ပျက်ထဲကတစ်ခုပဲ

ps-အဘိုးပုပ္ပါးသွားမှအိမ်မှာကျန်ခဲ့တဲ့ အလုပ်သမားတွေကိုခြောက်တာတဲ့ 🤣ဝရံတာကနေဖြတ်သွားပြလိုက် တံခါးနောက်ဝင်သွားသလိုနဲ့ သွားကြည့်တော့ဘာမှမရှိဖစ်လိုက် ညညဆိုမီဖိုချောင်ကအသံတွေကြားလိုက်နဲ့ပြန်ရောက်မှပြောပြတာ ညညဆိုအိပ်လို့တောင်မရဘူးတဲ့😂 နောက်ထပ်အိမ်မှာကြုံတာတွေရှိသေးတယ်နောက်မှပြောပြအုန်းမယ်
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now