99

225 14 0
                                    

ကိုယ့်အဖေကြုံခဲ့ရဖူးတဲ့သရဲခြောက်ခံရတာလေးပြောပြချင်တယ် လွန်ခဲ့တဲ့ ၁၃နှစ်လောက်တုံးကပေါ့…
ကိုယ်ကအဲ့တုံးကဆယ့်ငါးနှစ်အရွယ်
အဖေကမြေသြဇာ ပိုးသတ်ဆေးအရောင်းအဝယ်လုပ်တဲ့သူဆိုတော့ တောရွာတွေကိုသီးနှံပေါ်ပေးစနစ်နဲ့ မြေဆီတွေအကြွေးချပေးတာပေါ့ သီးနှံပေါ်ချိန်ဆိုအကြွေးပတ်တောင်းရွာတွေကိုအမြဲသွားနေရတဲ့သူ
အိမ်ပြန်လာရင်အမြဲမိုးကြီးချုပ်သန်းခေါင်ကျော်မှအမြဲပြန်လာတတ်တယ် ကိုယ်ကအိမ်မှာအကြီးဆုံးသမီးဆိုတော့အငယ်တွေအိပ်ပီဆိုအမေနဲ့အတူတူအမြဲအဖေ့ကိုစောင့်နေပီး အဖေပြန်လာထမင်းစားသောက်ပီးမှအိပ်တာပေါ့
အဲ့လိုနဲ့တညတော့ အဖေကတော်တော်လေးနောက်ကျနေတာ အရင်ဆို ၁၁ ၁၂ထ်ိုးလောက်ဆိုပြန်ရောက်နေကျအဖေက ၁နာရီထိုးခါနီးမှပြန်ရောက်လာတယ် ပြန်ရောက်ရောက်ချင်းလဲအိမ်ထဲတန်းမဝင်ပဲအရမ်းကြောက်ပီးတုန်လှုပ်နေတဲ့ပုံမျိုးနဲ့အမေနဲ့ကိုယ့်ကိုအနားမကပ်ခိုင်းဘူး
အိမ်အဝင်မှာအုတ်ကန်ရှိတယ် အဲ့အုတ်ကန်ကိုသွားပီးရေတွေနဲ့ကိုယ်ကိုလောင်းတယ်ငါ့အနားကိုမကပ်နဲ့သမီးကိုခေါ်ထားလို့လဲပြောတယ် အမေကအရမ်းစိတ်ပူပြီးအဖေ့နားကိုသွားတော့မှအဖေ့အင်္ကျီနောက်ကျောမှာရွှံ့ဗွက်တွေအများကြီးကပ်နေတာကိုမြင်လိုက်ရတယ် ကိုယ်လဲအဖေဆိုင်ကယ်မှောက်တာလား ဗွက်တေကဘယ်လိုပေတာလဲ (မိုးတွင်းမဟုတ် ေဆာင်းတွင်းပါ နယ်ဘက်မို့အရမ်းလဲအေးပါတယ်) ပီးတော့ဗွက်တွေကနောက်ကျောတခုပဲကွက်ပီး ပေပွနေတာမျိုးပါ

အဖေလဲတခါထဲရေမိုးချိုးပီးတော့မှပြောပြတာ အဖေအကြွေးသွားတောင်းတဲ့ရွာကမြို့နဲ့ဆိုအရမ်းမဝေးဘူး ဆိုင်ကယ်နဲ့သွားတာဆိုတော့ အသွားတစ်နာရီအပြန်တစ်နာရီဆိုကောင်းကောင်းရတယ်
အဲ့ဒါနဲ့အဖေလဲစကားကောင်းနေတော့မှောင်သွားတယ်တဲ့ ရွာကလူတွေကမပြန်ပဲဒီညတော့ဒီမှာအိပ်သွားပါလားလို့တားတယ်တဲ့ အဖေကလဲသွားနေကျလမ်းတွေပဲစိတ်မပူပါနဲ့ဆိုပီးအတင်းပြန်လာတယ်တဲ့ အဲ့ရွာနဲ့မြို့နဲ့ကြားမှာသဲချောင်းကြီးတစ်ခုရှိတယ်ချောင်းအပေါ်မှာတံတားပေါ့ အဲ့တံတားကအရမ်းခြောက်တာကိုအဖေလဲမသိဘူးပေါ့
အဲ့ချောင်းထဲကိုခရီးသည်ကားထိုးကျပီးကိုးယောက်တောင်သေခဲ့တာတဲ့

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now