28

312 16 0
                                    

-ကျွန်တော်အခုပြောပြမှက ဂျင်န်အကြောင်း အခုရက်ပိုင်း မိန်းကလေးတွေဂျင်န်အကြောင်းနဲ့ပက်သက်ပီးတင်နေတာတွေ့လို့....

-မပြောပြခင် ဂျင်န်ဆိုတာ Islam ဘာသာက အခေါ်အဝေါ်တစ်ခုလို့မှတ်ထားပေးပါ ဘာသာခြားတွေလဲ မသိဘူးဆိုရင်လဲ ဗဟုသုတတစ်ခုအဖြစ် လက်ခံပေး ကျန်တာတော့ ဝင်မမန့်စေချင်ဘူး ဘာလို့လဲဆိုတော့ ဘာသာတိုင်းက ကွဲ ပြားမှုတွေရှိလို့ ကိုယ်ခံယူချက်နဲ့ကိုယ်ပါပဲ....

-နောက်တစ်ခုက ဒီGpမှာ ဘာသာပေါင်းစုံ လူပေါင်းစုံရှိတဲ့အတွက် လူတိုင်းနားလည်အောင်ပဲရေးမှာပါ Islam ဘာသာဝင်တွေလဲ နားလည်မှုယူပီးဖတ်ပေးစေချင်ပါ ကျွန်တော်က လူတိုင်းနားလည်အောင်အတွက် အာရဗီအသုံးအနှုန်းတွေကိုဗမာလိုပြောင်းပီးရေးမှဖြစ်လို့ပါ...

-ဂျင်န်ဆိုတာ ကျွန်တော်တို့ Islam ဘာသာမှာ ကမ္ဘာကြီးကိုမဖန်းဆင်ခင်သူတို့ဖန်းဆင်ခဲ့တာပါ သူတို့က လူတွေလိုပါပဲ သီခြားကမ္ဘာတစ်ခုကပေါ့ မိသားစုရှိတယ် မျိုးပွားနိုင်တယ် သူတို့မှာလဲ လိုအပ်ချက်တွေရှိတယ်

-ဒါပင်မဲ့ ကျွန်တော်တို့တွေသူတို့ကိုမြင်နိုင်ဖို့အတွက် ကျွန်တော်တို့မျက်လုံးတွေမှာအခွင့်အရေးမရှိပါဘူး

-သူတို့ကတော့ကျွန်တော်တို့ကမြင်နိုင်တဲ့အခွင့်အရေးရှိတယ် ဂျင်န်မှာနှစ်မျိုးရှိတယ် ကောင်းတဲ့ဂျင်န်နဲ့မကောင်းတဲ့ဂျင်န်

-ကောင်းတဲ့ဂျင်န်ကတော့ ကောင်းတဲ့နေရာတွေမှာနေတယ်ဘယ်လိုနေရာတွေလဲဆိုတော့ ဗလီဝတ်ကျောင်းတော်တွေ အိမ်မှာဆိုရင် ဝတ်ပြုဖို့ ထားတဲ့နေရာအသန့်တွေမှာနေတယ်

-မကောင်းတဲ့ဂျင်န်ကတော့ မကောင်းတဲ့နေရာနဲ့မသန့်တဲ့နေရာတွေမှာနေတယ် ဘယ်နေရာတွေလဲဆိုရင် အိမ်သာတွေ စျေးတွေမှာနေကြတယ်

-ကျွန်တော်တို့ဘာသာမှာ အိမ်သာထဲမှာ ကိုယ်ရဲ့လိုအပ်ချက်တွေစွန့်ထုတ်ရင်တောင် ဒူးကိုပေါ်ပီးမစွန့်ခိုင်းဘူး နောက်တစ်ခုကတော့ အရှက်အင်္ဂါကိုမကြည့်ခိုင်းဘူး ဘာလို့ဆိုတော့ ဒူးပေါ်ချင်က သူတို့တွေကျွန်တော်တို့ကိုမြင်စေပီး အရှက်အင်္ဂါကိုကြည့်ချင်က မျက်စိအားနည်းစေလို့ပါ (ကျွန်တော်တို့Islam ဘာသာရေးအရပါနော်)

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now