109

212 12 0
                                    

Pl admin...

ဒီအဖြစ်အပျက်လေးက ကြာတော့ကြာခဲ့ပါပြီ။ အဲ့အချိန်တုန်းက ကျွန်တော်ကဆယ်တန်းစာမေးပွဲဖြေပြီးခါစအချိန်။ ရန်ကုန်မှာရှိတဲ့ကျွန်တော်တို့အိမ်ကို နယ်ဦးလေးတို့မိသားစု အလည်လာကြတယ်။ သူတို့က ဖျာပုံမှာနေကြတာပါ။ ရန်ကုန်ကပြန်တော့ သူတို့ဒေသဆီအလည်လိုက်ခဲ့ဖို့ခေါ်ကြတယ်။
အဲ့ဒါနဲ့ အဖေရယ်ကျွန်တော်ရယ် ဖျာပုံမြို့ကိုအလည်လိုက်သွားကြတယ်။

(နေရပ်လိပ်စာအတိအကျမရေးတော့ပါဘူး။  ဒီအကြောင်း
အရာလေးနဲ့ပတ်သက်ပြီး ကျန်ရစ်သူဆွေမျိုးသားခြင်းတွေရှိနေနိုင်သေးတဲ့အတွက် အားနာမိလို့ပါ။)

ဖျာပုံမြို့ကိုရောက်တော့ ဦးလေးတို့အိမ်ကနှစ်ထပ်အိမ်ကြီးဗျ။ အောက်ထပ်မှာဆန်ဂိုထောင်အဖြစ်အသုံးပြုပြီး ၊ အပေါ်ထပ်မှာလူနေကြတယ်။ အိမ်ရဲ့အရှေ့ဖက်မှာတော့ ရေစီးအင်မတန်ကြမ်းတဲ့ ချောင်းကြီးတစ်ခုရှိတယ်။ မနက်ပိုင်း ၊ နေ့လည့်ပိုင်းဆိုရေစီးအရမ်းကြမ်းတယ်။ ညနေပိုင်းဆိုရင်တော့ ရေငြိမ်ပါတယ်။

အိမ်အရှေ့ဖက်ရဲ့မျက်စောင်းထိုးမှာဆိုရင် သုံးခွဆိုင်ဝဲကတော့ကြီးရှိတယ်။ လှေငယ်လေးတွေ ၊ စက်လှေကြီးတွေတောင် အဲ့ဝဲကတော့နားရောက်ရင် သတိထားပြီးသွားလာရတယ်။

(တကယ်တော့ မြစ်တွေ ၊ ချောင်းတွေ ၊ ရေစီးတွေထဲမှာဖြစ်ပေါ်လေ့ရှိတဲ့ ဝဲအများစုက စီးဆင်းနှုန်းနဲ့ ဦးတည်ချက်ကိုပြောင်းသွားစေနိုင်တဲ့ ဟန့်တားမှုတို့ကြောင့် ဖြစ်ပေါ်လာကြတာများပါတယ်။)

ထူးခြားတာတစ်ခုက အဲ့သုံးခွဆိုင်ဝဲကတော့ကြီးက တစ်နှစ်တစ်ခါလောက် လူစားပါတယ်။ လူခြေတိတ်ဆိတ်တဲ့
ညဖက်အချိန်အခါမျိုးမှာ 'တဝူးဝူး'နဲ့ အဲ့ဝဲအော်သံကြီးကို ကြားရတတ်တယ်။ အဲ့ဝဲအော်သံကြားရင်တော့ အနီးအနားပတ်ဝန်းကျင်ကသူတွေ ရေထဲဆင်းတဲ့အခါဂရုစိုက်ရတော့တာပဲ။ မဟုတ်ရင် ရေနစ်တာ ၊ လှေမှောက်တာမျိုးတွေကြုံရတတ်ပြီး လူသေတတ်လို့ပါ။

ကဲဗျာ...လိုရင်းကိုပဲသွားကြတာပေါ့။

ကျွန်တော်တို့အလည်သွားတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်
အဲ့ရေဝဲအော်သံကြီးကိုကြားရတယ်။ ကြားကြားခြင်း
နားစိမ်းနေသူကျွန်တော့်အဖို့ ဘာအသံမှန်းခန့်မှန်းလို့မရခဲ့ဘူး။ မနက်ကြမှ ဦးလေးဖြစ်သူက ဒီရက်ပိုင်းထဲရေထဲမဆင်းကြဖို့ ၊ ရေထဲဆင်းခဲ့ရင်လည်း ရေအနက်ပိုင်းအထိမသွားဖို့ သတိပေးခဲ့ပါတယ်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now