34

261 19 0
                                    

ကိုယ်တွေ့လေးတစ်ခုပြောပြချင်လို့ပါရှင့်
ကျွန်မမှာ ငယ်ငယ်ကတည်းက ညီအစ်မ အရင်းတစ်ယောက်လို ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့နာမ်မည်က ငြိမ်းငြိမ်း( နာမ်မည်လွဲ )
ကျွန်မနာမ်မည်က မေသူ
သူက ကျွန်မထက် အသက်လပိုင်းကြီးပြီး အတန်း တစ်တန်းကြီးတယ်
သူက ကျွန်မတို့အိမ်မှာ မိသားစုဝင်တစ်ယောက်လိုဘဲ စားအိမ်သောက်အိမ်ဖြစ်နေတာ
ကျွန်မဆယ်တန်းမှာ သူက Uni တက်နေပြီ
ကျွန်မဆယ်တန်းအောင်တော့ Uni ကို ကချင်ပြည်နယ်မှာ တက်ရတယ်
အဲ့ကျောင်းမှာဘဲ ငြိမ်းငြိမ်းက အရင်ရောက်နှင့်တယ်
ကျွန်မက တစ်ခြားကျောင်းတွေ အမှတ်မှီရဲ့သားနဲ့ သူနဲ့တူတူ Uni တက်ချင်လို့ သူ့မေဂျာတူကို လိုက်ယူတယ်
လွန်ခဲ့တဲ့ရှစ်နှစ် ကျွန်မ ဆယ်တန်းအောင်ပြီး Uni သွားတက်မယ်လုပ်တော့ Uni က 12 လပိုင်းဖွင့်မှာ အဲ့အချိန် ငြိမ်းငြိမ်းကလဲ ဒုတိယနှစ်တက်ရမယ့်အချိန်
ကျောင်းသွားတက်ဖို့ အကုန်ပြင်ဆင်ထားတာ ရထားလက်မှတ်တွေ ဖြတ် Uniformတွေချုပ် အကုန်ပြင်ဆင်ထားတယ် အဆောင်ကိုလဲ ဖုန်းဆက်ပြီးကြိုငှားထားတယ် ငြိမ်းငြိမ်းနဲ့နေဖို့
တစ်ရက် ညကြီး အမေက သူနဲ့လာအိပ်ဖို့ခေါ်တာ
ကျွန်မက ဘာမှ မသိဘူး အမေ အရမ်းအလိုလိုက်ပါလား
ကျောင်းသွားတက်ခါနီးမို့ထင်တယ်ဆိုပြီး အမေနဲ့အိပ်တယ် အဲ့ည
မနက်‌မိုးလင်းတော့ သတင်းကြားရတော့ သမီးသူငယ်ချင်း ငြိမ်းငြိမ်းဆုံးပြီတဲ့ 😔
အဲ့စကားကြားပြီးပြီးချင်း ကျွန်မ လုံးဝ မယုံခဲ့ဘူး
ကျွန်မကို စနောက်နေတယ်ဘဲ ထင်ခဲ့တာ
အမေကသေချာပြောပြမှ အစာအိမ် သွေးကြောပေါက်ပြီး ဆေးရုံသွားတဲ့ လမ်းမှာ ဆုံးသွားတယ်တဲ့
ကျွန်မမှာ ကျောင်းအတူတူသွားတက်ဖို့ရည်ရွယ်ချက်တွေရော သူနဲ့ ကျောင်းသွားရင် စက်ဘီးတူတူစီးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေရော အကုန်ပျက်ဆီးသွားတယ်😭
သူက စနေသမီး သူဆုံးတဲ့နေ့မှာ အသက် 17 နှစ် ပြည့်တယ် စနေနေ့ဘဲ
သူက တစ်ဦးတည်းသောသမီးလေး ပညာအရမ်းတော်တယ် မိဘတွေကလဲ အရမ်းချမ်းသာတယ်
သူ့နာရေးမှာ ဆရာဆရာမတွေရော ရပ်ကွက်ထဲက လူတွေရော ငိုလိုက်ကြတာ အရမ်းဘဲ
သူ့ 7 ရက် မလည်ခင်တစ်ရက်အလိုမှာ ကျွန်မ ကျောင်းတူတူသွားတက်ဖို့ အဖော်တစ်ယောက်ရခဲ့တယ် သူနာမ်မည်က မိဖြူ
တူတူသွားရမှာဆိုတော့ ရင်းရင်းနှီးနှီးရှိအောင်ဆိုပြီး အမေက အိမ်မှာ မုန့်လက်ကောက်ကြော်ကျွေးတာ
အကုန်ကြော်ပြီး အမေက မောမောနဲ့ TV ဖွင့်ပြီး အိပ်ပျော်နေတာ
ကျွန်မက သူငယ်ချင်းအသစ်နဲ့ Uniformတွေ စမ်းဝတ်ကြည့်လိုက်  လိုရမယ်ရ ပစ်စည်းလေးတွေ ထည့်လိုက်နဲ့နေတာ
အဲ့အချိန် အမေ့ရဲ့အော်သံကြားရတော့တာဘဲ
အမေက ငယ်သံပါအောင်အော်တာ ( အော်မှာပေါ့ အမေ့ခမျာ နစ်နစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို ကျောကို လက်အေးအေးကြီးနဲ့ သွားကိုင်တာ)
ကျွန်မတို့ကလဲ အမေ ဘာဖြစ်တာလဲပေါ့
အမေက ဘာမှမပြောဘူး ဒီလိုပါဘဲသမီးရယ် အမေလန့်သွားလို့ပါတဲ့
ညနေရောက်တော့ မိဖြူ ပြန်သွားမှ အမေက ပြောပြတယ်  သမီးရေ သမီးသူငယ်ချင်း ငြိမ်းငြိမ်းက သမီး တခြားသူငယ်ချင်းနဲ့တွဲနေတာကို ဝမ်းနည်းသွားပြီတဲ့ အမေ့ကို လာတိုင်တယ် သူ့ကို မခေါ်ဘူးဆိုပြီးတဲ့ ( ငြိမ်းငြိမ်းက တစ်ဦးတည်းသောသမီး မိဘတွေက ငွေနောက်ဘဲလိုက်တော့ ကျွန်မတို့က မိသားစုလိုဘဲဆက်ဆံပြီး အလိုလိုက်ထားကြတာ သူငယ်ငယ်လေးကတည်းက သူငယ်ချင်းဆိုလို့ ကျွန်မတစ်ယောက်တည်းရှိခဲ့တာ
) သူ့ရက်လည်ပြီး တစ်ပတ်လောက်နေတော့ ကျွန်မ ကချင်ပြည်နယ်က မြို့လေးကိုသွားပြီး ကျောင်းသွားတက်ရတယ် အဆောင်က နကိုကတည်းက ပိုက်ဆံပေးပြီး ငှားပြီးသားဖြစ်နှင့်နေတော့ အဲ့အဆောင်မှာဘဲနေရတယ် ကျောင်းနဲ့လဲနီးသလို ထမင်းဆိုင်လဲဖွင့်ထားတာမို့ အဲ့အဆောင်မှာဘဲ နေဖြစ်တယ် အဆောင်ကအခန်းတွေ မကုန်လူပြည့်နေတော့ ကျွန်မ ကြိုငှားထားရတဲ့အခန်းမှာဘဲနေရတော့တယ် ရောက်ရောက်ချင်းနှစ်ရက်တော့ အမေက တူတူလိုက်အိပ်ပေးတယ် ဘာသံမှ မကြားရဘူး နောက်နေ့ အဆောင်သူ အသစ်ရောက်လာတော့ အမေလဲစိတ်ချရပြီဟဲ့ဆိုပြီး ရွာကိုပြန်သွားတယ်
အခန်းဖော်ကောင်မလေးကလဲ ကိုယ့်လိုဘဲ အူတူတူ အ အတတ ပုံစံလေး
သူရောက်ရောက်ချင်းညမှာ ဇာတ်လမ်းစတော့တာဘဲ
ငြိမ်းငြိမ်းကိုက သူက မမြင်ဖူးဘူး
မနက်မိုးလင်းတော့ အခန်းဖော်ကလေးမက ညက တခြားအခန်းကကောင်မလေးလား မသိဘူးတဲ့ ငါတို့ခြေရင်းမှာ ထိုင်နေတာတဲ့
ညီမကလဲ aww ဟုတ်လား ဘာညာဘဲပြောပြီး ထမင်းဆက်စားနေလိုက်တယ်
နောက်နေ့ရောက်ပြန်တော့ ပြောပြန်ရော
ညက ခြေရင်းမှာ ကောင်မလေး တစ်ယောက်ငိုနေတာတဲ့
ငါလဲ မငိုနဲ့ ဘာလို့ငိုတာလဲမေးတော့ အပြင်ပြန်ထွက်သွားတာတဲ့
ကျွန်မအမေက အရမ်းပါးနပ်တယ် ကျွန်မ တစ်ခုခု မြင်ပြီးကြောက်မှာစိုးလို့ မျက်လုံးအုပ်တဲ့ ဟာလေးဝယ်ပေးထားခဲ့တယ်
ပြီးတော့ ကျွန်မက အရမ်းချမ်းတတ်တော့  နားအုပ်တဲ့ဟာလေးပါ ဝယ်ပေးခဲ့ရော
တနေ့ကြ အဆောင်သူတွေ ပါးစပ်ဖျားထဲ အဆောင်မှာ ကောင်မလေးတစ်ယောက် ညညငိုနေတယ် ငြိမ်းငြိမ်းနဲ့အရမ်းတူတယ်‌ပေါ့
တစ်ယောက်ဆို အိမ်သာတက်နေတုန်း တံခါးလာခေါက်တာ ဘယ်သူလဲမေးတော့ ငါဟေ့ ‌ငါ ဆိုပြီး ငြိမ်းငြိမ်း အသံမှ ငြိမ်းငြိမ်းအသံအစစ်နဲ့ ‌ပြန်ပြောတယ်တဲ့
ကျွန်မ အဆောင်ရောက်ပြီး တစ်ပတ်လောက်မှာ နဖူး‌ေတွ့ ဒူးတွေ့ကြုံရတော့တာဘဲ
ကျွန်မတို့အဆောင်က ကျောင်းအထိလမ်းလျှောက်မယ်ဆို 15 minsလောက်ကြာတယ်
အဲ့နေ့ လမ်းလျှောက်ဖော်တွေက ကျောင်းသွားနှင့်တော့ ကျွန်မအမေ ဝယ်ပေးထားခဲ့ စက်ဘီးလေးကို ပထမဆုံးအကြိမ် ကျောင်းကိုစီးတယ်
ပထမက စက်ဘီးက အရမ်းလေးတာဘဲပေါ့ အသစ်ဘဲရှိသေးတာကို နင်းရတာ မောနေတာဘဲဆိုပြီးတွေးနေတာ
ကျောင်းရောက်ခါနီးမှာ ကုန်းက နည်းနည်းမြင့်တယ် အဲ့နားရောက်တော့ ကျွန်မ စက်ဘီးလုံးဝ မနင်းနိုင်တော့ဘူး ဆောင်းတွင်း အရမ်းအေးနေတာကို ချွေးစေးပါပြန်လာတော့တာ
လုံးဝစီးမရတော့ ကျွန်မ စက်ဘီးပေါ်ကနေဆင်းပြီး တွန်းတယ် တွန်းမရဘူး
ချိန်းကြိုး ကျနေလားထင်ပြီး လမ်း‌ေဘးမှာ ရပ်ပြီး ချိန်းကိုစစ်တယ်
ဖြစ်ချင်တော့ ကျောင်းဖွင့်စဆိုတော့ ပထမနှစ်တွေလောက်ဘဲကျောင်းတက်ကြတာ
ကျွန်မ အဲ့စက်ဘီးကို တွန်းမရတဲ့အဆုံး လမ်းလျှောက်ပီ့း လာတဲ့ ကျွန်မတို့အတန်းက ကောင်လေးကို အကူအညီတောင်းမိရော
အဲ့ကောင်လေးက ကူညီရှာတယ် စက်ဘီးကိုလဲတွန်းပေးရော အဲ့အချိန်မှာ ကောင်လေး ဖင်ထိုင်ရက် ကျလှဲသွားတယ် ပြီးတော့ သူ့အနွေး ဦးထုတ်‌ကို အဝေးကို လွှင့်ပစ်လိုက်တယ်
သူက ကျွန်မကိုစိတ်ဆိုးတာပေါ့ ကျွန်မလုပ်တယ်ထင်ပြီး
နင်ဘယ်လိုလုပ်တာလဲ ဘာညာပေါ့
ကျွန်မကလဲ ကျွန်မ မတွန်းလှဲမိကြောင်းပြောပေမယ့်  သူက စိတ်ဆိုးပြီး ထွက်သွားတော့တာ ( ခုထိ အဲ့သူငယ်ချင်းက ပြောမဆုံးဘူး)
အဲ့ကြမှ ကျွန်မ သတိရမိတာက ငြိမ်းငြိမ်းအသက်ရှိစဉ်က ကျောင်းကိုစက်ဘီးနဲ့တူတူသွားမယ်လို့ပြောမိထားတာကိုးး
ကျွန်မလဲ ပါးစပ်ကနေ ဘုရားစာတွေရွတ်မှ စက်ဘီးစီး‌ေရာပေါ့သွားတာ
ညရောက်တော့ ကျွန်မ မျက်လုံးအုပ်တဲ့ဟာ မတပ်မိဘူး ( လျှော်ထားလို့ ) အဲ့ညကြတော့ ကွက်ကွက်ကွင်းကွင်းကို မြင်ရတော့တာဘဲ
ခြေရင်းက ခုံမှာ စာထိုင်ကြည့်နေတဲ့ပုံစံ
ကျွန်မကိုကြည့်တဲ့အကြည့်က လာ စာကြည့်လေဆိုတဲ့ပုံစံမျိုး စာရွက်လှန်တဲ့အသံတွေလဲ ကြားရတယ်
အခန်းဖော် ကလေးမကိုကြည့်တော့လဲ သူကအိပ်မရတဲ့ညတွေများလို့  အိပ်ဆေးသောက်ပြီး အိပ်နေတာ
ကျွန်မမှာလေ ငိုချင်တာလိုလို ကန်တော့ကန်တော့ အပေါ့စွန့်ချင်တာလိုလို အဲ့အချိန် ကျွန်မနား ထလာတာ ကြမ်းပြားနဲ့ ခြေထောက်နဲ့ မထိဘူး လေပေါ်ကနေ လာခဲ့တာ ကျွန်မမျက်လုံးမှိတ်ပြီး ငယ်သံပါအောင်အော်တာ အဆောင်သူတွေ နိုးလာကြရော
အဲ့အချိန် ကျွန်မကိုရေတိုက်တဲ့သူနဲ့ ခြေချောင်းတွေကို ချိုးတဲ့သူနဲ့ ယက်ခက်ပေးတဲ့သူနဲ့ ပြာယာတွေ ခတ်နေကြတာ
အဲ့ညမှာ ကျွန်မနဲ့ အခန်းဖော်လဲ အဆောင်မှူးအန်တီကြီးနဲ့ သွားအိပ်ကြတာ
မနက်လင်းတော့ ကျွန်မ အိမ်ကို ဖုန်းဆက်တယ်
အဲ့‌နှစ်တွေက ဖုန်းလိုင်းတွေ မမိတော့ ကျွန်မအိမ်ကသူတွေနဲ့ ဖုန်းပြောဖို့ကို အရမ်းခက်ခဲတယ်
နောက်နှစ်ရက်လောက်နေမှ အဆက်အသွယ်ရတော့ ကျွန်မလဲ ငိုရင်း ပြောရင်းပြောတာ အမေလဲ နောက်နေ့ရောက်လာတော့တာဘဲ ပြီးတော့ ကျွန်မအတွက် ရွာကဘုန်းကြီးရဲ့ အဆောင်ခေါ်မလား ဘာလဲမသိလူး ကြိုးလေးလည်ပင်းမှာဆွဲဖို့ ယူခဲ့တယ်
အမေက ကျွန်မဆီရောက်တော့ အဆောင်ခပေးထားမိတဲ့ငွေတွေလဲ ပြန်မယူတော့ဘဲ ကျွန်မသူငယ်ချင်း မိဖြူနေတဲ့မြို့ထဲက အဆောင်ကို ကျွန်မပြောင်းသွားတယ်
အဲ့မှာ မိဖြူက ငိုရတဲ့အလှည့်
ကျွန်မတို့အဆောင်က အိမ်ဆောင် ကုတင်က အကြီးကြီး နှစ်ယောက်အိပ်လို့ရတယ် ကျွန်မက မိဖြူနဲ့ တစ်ကုတင်တည်း ပူးကပ်ပြီးအိပ်ရော  အဲ့ညမှာ မိဖြူရဲ့ ခြုံထားတဲ့စောင်ကို လာဆွဲတာ လူရောပါ ကုတင်အောက်ပြုတ်ကျတာ သုံးခါဆွဲချတော့ သူမူမမှန်မှန်းသိတော့ အာခေါင်ခြစ်ပြီး အော်တော့တာ
အဲ့အချိန်မှ နောက်ဆုံးနှစ်က အစ်မတွေက ပရိတ်ရေတွေ ယူခဲ့ပြီး ဖြန်းပေးရတာ အကုန်လုံးက စိတ်ထင်တာနေမှာပါဆိုပြီးချော့မော့ပြောပြတော့မှအေးဆေး ဖြစ်သွားတာ
နောက်နေ့ ထမင်းစားကြတော့ နောက်ဆုံးနှစ်က အစ်မတွေက ဟာသပြောပြလို့ ရယ်ကြတာ ကျွန်မနဲ့ မိဖြူက ရယ်ကြမောကြနဲ့
အဲ့အချိန် မိဖြူကျောကိုရိုက်တာ ဖြန်းခနဲနေတယ်
မိဖြူကလဲ အော်တာ ငါ့ကို ဘယ်သူရိုက်တာလဲပေါ့
ကျွန်မက ဘုရားစာရွတ်ပီးနေလိုက်တယ် အဲ့ညကမိဖြူ ရဲ့ အိပ်မက်ထဲလာလာပြီး မေသူက ငါ့သူငယ်ချင်း နင့်သူငယ်ချင်းမဟုတ်ဘူး ဒီကုတင်မှာ လာမအိပ်နဲ့ သွား
ဆိုပြီး မောင်းတယ်တဲ့  မိဖြူကလဲ နင်က သေသွားပြီလေ ဘာလို့လာနှောက်ယှက်တာလဲ ဆိုပြီး အိပ်မက်ထဲ ပြန်ပြောတော့ သူအရမ်းငိုတယ်တဲ့ သူကျောင်းပြန်တက်ချင်တဲ့အကြောင်းတွေ သူမဆုံးခင် စာမေးပွဲအောင်စာရင်းထွက်တာကြုံသွားရတော့ သူ Roll 2 ရတယ်ဆိုတဲ့အကြောင်းတွေ ဆရာမ ဒေါ်....ကို စာအုပ်ငှားထားတာ ပြန်မပေးရသေးတဲ့အကြောင်းတွေ ပြီးတော့ သူ့စက်ဘီးကို အဆောင် က ချောင်ထဲ ထိုးထားတဲ့ အကြောင်းတွေပြောပြတယ်တဲ့
မနက်မိုးလင်းတော့ မိဖြူကပြောပြတာ အပြင်မှာ အကုန်မှန်နေတာ သူ့စက်ဘီး ကိုလဲ သူ့အိမ်ပြန်ပို့ပေးလိုက်တယ်
ဆရာမကိုလဲ သူငှားထားတဲ့စာအုပ် ပြန်‌သွားပေးလိုက်တယ် ပြီးတော့ ကျောင်းအုပ်ကြီးဆီသွားပြီး အမိန့်စာပြန်ပေးဖို့ ကျွန်မတို့ကိုယ်တိုင်သွားပြောပေးတယ်
ပြီးတော့ ကျွန်မတို့ နေတဲ့ အိမ်က အိမ်ရှင်က ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်တယ်
အဲ့နောက်ပိုင်း ကျွန်မတို့ ဘာသံမှ မကြားရတော့ဘူး
ယုံရခက်မယုံရခက် တစ်ခုရှိသေးတယ်ရှင့်
သူဆုံးပြီး ခြောက်နှစ်လောက်နေတော့ ကျွန်မလဲ ကျောင်းပြီးပြီး အလုပ်လုပ်နေတာ
ကျွန်မကောင်လေးနဲ့ ကျွန်မနဲ့ တစ်ရက်မုန့်တူတူစားနေတော့ ကလေးမလေး လေးနှစ်ကျော် ငါးနှစ်ဝန်းကျင်က( ကျွန်မအဲ့ကလေးကို မြင်လဲမမြင်ဖူးဘူး သိလဲမသိဘူး)  ကျွန်မတို့ဆီပြေးလာတယ် ကျွန်မဆိုတာ သူ့အဒေါ်အရွယ်
ကျွန်မကို နာမ်မည်ခေါ်ခဲ့တာ ကျွန်မလဲ ကြောင်သွားတာပေါ့  ကျွန်မချစ်သူကလဲ ဘာလဲဟ ကလေးကရိုင်းတာဆိုပြီးတွေးနေတာတဲ့
အဲ့အချိန် သူ့မိဘတွေက အဲ့ကလေးဆီပြေးလာပြီး သမီး သမီး တီတီကို အားနားစရာ ဘာတွေခေါ်တာလဲပေါ့ အဲ့ခါမှ ကလေးက သမီးသူငယ်ချင်း မေသူပါဆိုတဲ့ သူနဲ့သမီးနဲ့ ဘိုမရုပ်တမ်း ဝက်ခြံဘေးမှာ ဆော့ခဲ့တာတွေ အိုးပုတ်ခွက်တမ်းဆော့ခဲ့တာတွေ ပြီးတော့ ကျွန်မနဲ့ ငြိမ်းငြိမ်းနဲ့ဘဲ သိတဲ့ လျို့ဝှက်ချက်ကို ပြောတော့မှ ကျွန်မလဲ အံ့အားလဲသင့် ငိုလဲ ငိုဖြစ်ခဲ့ရပါတယ် ( လျို့ဝှက်ချက်လေး ပြောပြမယ် လူကြီးတွေ မသိအောင် 2D ထိုးပြီး ပေါက်လို့ မုန့်တွေဝယ်စားခဲ့ကြတာ)
ကဲ စာလဲရှည်သွားပြီးး
ကျွန်မစာတစ်ခါမှ မရေးဖူးတော့ သည်းခံပေးပါရှင့် ပထမဆုံးအကြိမ် ရေးခြင်းမို့ အမှားတွေ အများကြီးပါ တာကို ခွင့်လွတ်နားလည်ပေးပါရှင့် ကျွန်မသူငယ်ချင်းဆုံးတာ နောက်လဆို ကိုးနှစ်ပြည့်ပါပြီရှင့်😔😔😔
Edit ကိုယ့်ကိုစကားလာပြောတဲ့ကလေးမလေးက သူဌေးမှ လုံးဝ သူဌေးရဲ့ သမီးလေး ချောချောလေး စာလဲတော်တယ် သွက်လဲသွက်တယ် ခုထိ ကျွန်မကို နာမ်မည်ဘဲခေါ်တယ်
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now