19(7အဆက်

288 21 0
                                    

အပိုင်း (၆)

အိမ်မကြီးတံခါးပွင့်ပြီး အဖေထွက်လာတာကို ကျမတွေ့တယ်... အပေါက်ဝမှာ ခနရပ်နေရင်း အထဲကို စကားလှမ်းပြောနေတဲ့ အဖေ့မျက်နှာက သုန်မှုန် ညစ်ညူးနေလိုက်တာ...
ကျောက်စရစ်လမ်းဘေးတလျောက်က သစ်ခွစင်တွေကြားမှာ ညနေနေဝင်ရီတရော မိုးမှောင်မှောင်ထဲ ကျမကို ဘယ်သူက မြင်မှာတဲ့လဲ...
ဘာတွေများအလိုမကျသလဲ အဖေ...
ခနနေတော့ ခြံဝက ဖိုးသောကြာတို့တဲဖက်ကို အဖေထီးဆောင်းပြီး ထွက်သွားတယ်...
ဘာလဲ... ကျမလာလိမ့်မယ်လို့ အဖေ့သားမက်က လှမ်းပြောလို့ ကျမကို အရူးလိုစီးဖမ်းဖို့ တပည့်တွေသွားခေါ်တယ်ပေါ့လေ...
ကျမတို့ ညီအမက ဒီမြေပေါ်မှာ ကြီးလာတာ အဖေရဲ့... ဒီမြေ သုံးဧကမှာ ဘယ်နားမှာ ဘာပင်ဆိုတာကအစ ကျမ အကုန်အလွတ်ရတယ်...
မနေ့တနေ့ကမှ ခြံထဲရောက်တဲ့ အဖေ့တပည့်တွေမမြင်အောင် ခြံထဲဝင်လာရတာ ထမင်းစားရတာထက်တောင်လွယ်သေး...။

အိမ်ထဲမှာ ဘယ်သူကျန်သလဲ... ဒေါ်လေးမကြွေတို့လား၊
သူတို့လား ကျမလုပ်ချင်တာကို တားဝံ့မှာ....
နေပါအုံး... နေပါအုံး အခုညီမလေး အသံကို ကျမကြားပြီ...
ညီမလေး အပေါ်ထပ်မှာ မဟုတ်လား၊ အဖေ့ အောက်လမ်းဆရာတွေ ကျမညီမလေးကို နှိပ်စက်နေကြတာမဟုတ်လား... ။

ညီမလေးရဲ့ ညည်းတွားငိုကြွေးသံက ကျမနားထဲမှာ အနီးကပ်လာငိုနေသလိုကို ပီသလွန်းလှတယ်...
ကျမခြေထောက်ကလဲ တဖြည်းဖြည်းပေါင်အထိ ကိုက်ခဲလာတယ်... အဲ့ဒီအနာထက် ညီမလေးရဲ့ ညည်းသံက ကျမကို ပိုနာစေတာပါပဲ....။

''တောက်...တွေ့မယ်''

----------------------------++++++-----------------------

ဝဝဖိုင့်ဖိုင့်နဲ့ ဆီကုန်သည်ဟာ လှေကားရင်းမှာထိုင်ပြီး တံခါးမကြီးကို မမှိတ်မသုန်စိုက်ကြည့်နေတယ်... အဲ့ဒီကနေ ကျမက တံခါးခေါက်ပြီး ဝင်လာမယ်လို့ ထင်နေရှာတယ်နဲ့တူပါရဲ့...
သူ့နောက် ဆယ်ပေလောက်မှာ ကျမရပ်နေတာကို လုံးဝသိပုံကိုမပေါ်ဘူး...၊

အနောက်တံခါးပိတ်ပြီး လုံလှပြီထင်နေတဲ့ မကြွေတို့အုပ်စုကတော့ နောက်ဖေးက ဘေဇင်ခုံပြတင်းပေါက်ကို နောက်ဖေးဆောင်နဲ့ ကပ်လျက် သီဟိုဋ်ကိုင်းကနေခိုပြီး ကျမလျှိုဝင်လာတာကို ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေခဲ့ကြတာ...

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now