169

169 7 0
                                    

ကိုယ့်သူငယ်ချင်းရဲ့ ညီဝမ်းကွဲ ကြုံခဲ့ရတဲ့အကြောင်းပြောပြမယ်။
ယုံတာ မယုံတာထက် ကိုယ်တွေလည်း ငယ်ငယ်က ကြားခဲ့ရပြီး
ပြောတဲ့လူကလည်း ကိုယ့်သူငယ်ချင်း တမိသားစုလုံးက ပြောပြ
ခဲ့တာဆိုတော့ တကယ်လို့ ယူဆရတာပဲ။နောက်တစ်ချက်က
ကိုယ့်အဖေဖက်က အမျိုးတွေ၊ကိုယ့်အဘိုးကိုယ်တိုင်က
ရွှေရင်ကျော်ဆရာဖြစ်တော့ ဒီကိစ္စတွေကို ပြန်မေးကြည့်တဲ့အခါ
အိုဗာဖြစ်နေတာမပါဘဲ တကယ်ကြုံခဲ့ရတာနေမယ်လို့ အဘိုးက
အတည်ပြုပေးခဲ့တယ်။(‌ကျနော့် အဘိုးကတော့ ဆုံးသွားပါပြီ၊
အဖေနဲ့ ကျနော်က ပညာဆက်ယူထားပေမယ့် ကျနော်ကတော့
အသောက်အစားရှိလို့ ပညာပျက်သွားတယ်ပေါ့။အဖေကတော့
ကုတဲ့အဆင့်ထိ မရောက်ပေမယ့် ပညာမပျက်သေးပါဘူး။‌ဒါက
ပြောပြမယ့် ဇာတ်လမ်းအတွက် အထောက်အကူဖြစ်နိုင်လို့
ကြိုပြောပြထားတာ။)

ဇာတ်လမ်းစရရင် ကိုယ့်သူငယ်ချင်းရဲ့ ညီဝမ်းကွဲ မိသားစုမှာ
မိသားစုဝင် သုံး‌ယောက်ရှိတယ်။အဖေ၊အမေ၊သားပေါ့လေ။
အဖေက တောင်တက်ကားမောင်းတယ်။ရှမ်းတောင်တွေဖက်။
သူတို့နေတာက မန္တလေးမှာ။‌သူ့အဖေက တခါတခါ ကားမောင်း
ထွက်သွားရင် တော်တော်ကြာလို့ သူနဲ့ သူ့အမေနှစ်ယောက်ပဲ
အိမ်မှာ ရှိတတ်တယ်။သူ့ အသက် ၈ နှစ်မှာ သူ့အမေဟာ
ဘာရောဂါ မှ မရှိဘဲ ရုတ်တရက်ကြီး ပိန်ကျသွားတာကနေ
ဇာတ်လမ်းစတယ်လို့ ဆိုရမယ်။အဲ့လို ပိန်ကျသွားတာက
သူ့အဖေ အိမ်ကနေ ကားမောင်းထွက်သွားတဲ့ နေ့က စတာပဲ။
ရိုးရိုး ဝိတ်ကျတာပဲဆိုပြီး သူ့အ‌မေက အစားတွေ စားတယ်၊
အိပ်ရေးဝဝအိပ်တယ်။ဒါပေမယ့် ပိန်တာက သိသိသာသာပဲ။
အားလည်း အတော်နည်းသွားတယ်။အဲ့ဒါနဲ့ ဆွေမျိုးထဲက
အဒေါ်တယောက်(ကျနော့် သူငယ်ချင်းဖက်က မဟုတ်ဘဲ
သူ့အဖေဖက်က) ကို အိမ်မှာ အဖော်ခေါ်ထားပြီး ပြုစုခိုင်း
ထားရတယ်။ဆေးခန်းသွားပြလည်း ရောဂါရှာမရဘူး။
နောက်ဆုံး ဆေးရုံတောင် မတင်လိုက်ရဘဲ ဆုံးသွားတယ်။
ဆုံးမယ့် ညမှာ အိမ်ထဲ ဟိုနေရာက ရယ်သံလိုလို ဒီနေရာက
ညည်းသံလိုလို‌တွေ တောက်လျှောက်ကြားရတယ်ဆိုတယ်။

သူ့အမေ ဆုံးပြီး နောက်နေ့တရက်မှာ သူ့အဖေက အလုပ်ကနေ
ချက်ချင်း အိမ်ပြန်လာပြီး အသုဘကိစ္စ‌တွေ စီစဉ်တယ်။
သူ့အဖေက သိသိသာသာကို မျက်နှာပျက်နေခဲ့တယ်တဲ့။
သူက ၈ နှစ်သားပဲ ရှိသေးလို့ အတူတူနေခဲ့ရတဲ့ အမေ
မရှိတော့တာကို ဝမ်းနည်းတာကလွဲပြီး သူ့အဖေ ဖြစ်နေတာကို
သတိမထားမိဘူး။ကျန်တဲ့လူကြီးတွေကပဲ ရိပ်မိတာပေါ့။
ရက်လည် မတိုင်ခင် တညမှာတော့ စပြီးတော့ ကြမ်းတယ်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now