25

296 17 0
                                    

ပုဂံကိုယ်တွေ့လေး
*******************

သူများတွေရေးတာတွေ့တော့ ကိုယ်ကြုံခဲ့တာလေးလည်းပြောပြချင်လို့ပါ။

ကိုယ်ဆိုသည်မှာ သရဲဆို အသေကြောက်တတ်။ မွေးကတည်းက သရဲကားဆို ယောင်ပြီးတောင်မကြည့်။ နာမည်ကြီး Annabelle ဆို ထိုင်ခုံလှုပ်နေတဲ့အခန်းကြည့်ပြီး သေအောင်အော်တာ ဒီနေ့ထက် ဆက်မကြည့်တော့တာဘဲ!! (သတ္တိကောင်းပုံကိုပြောပြပါတယ်။)

အဲတုန်းက ကိုယ်ဝန် နဲ့ ပုဂံကလည်းသွားချင်တော့ သရဲလုံးဝမခြောက်တဲ့ hotel ကိုစုံစမ်းပြီးသွားခဲ့တာ။

ဒါနဲ့ hotel တခုပေါ့ review လည်းကောင်းတော့ ရွေးလိုက်တယ်။ အခန်းရတော့ ထောင့်အခန်းဖြစ်နေတော့စိတ်က တမျိုးတော့ဖြစ်သွားတယ်။ ဒါပေမယ့် အေးဆေးပါပေါ့။

အဲမှာ ၂ရက်တည်းဖြစ်တာပေါ့။ ပထမညကအေးဆေးဘဲ။ ဒုတိယညလည်းရောက်ရော.. အမျိုးသားကအိပ်မောကျနေတာ ကိုယ်ကနိုးတဝက်အိပ်တဝက်ပေါ့

အဲအချိန် ကိုယ့်ဘေးမှာ လာရပ်သလိုခံစားလိုက်ရတယ်။

ပြီးတော့ ကိုယ်ထကြည့်လိုက်တော့ ရေချိုးခန်းဝင်တဲ့ တံခါး လက်ကိုင်ဘုလုံး၂လုံးက သူ့အလိုလိုလည်နေတာ.. အဲဒါနဲ့ကိုယ်လည်းကြောက်ကြောက်နဲ့ ဘေးကအိပ်နေတဲ့ယောကျ်ားကို "ယောကျ်ားရေ ထကြည့်ပါအုံး တံခါးဘုတွေလည်နေလို့ဆိုတော့.." ယောကျ်ားက တော်တော် တော်ရှာပါတယ်။ "ဟုတ်လား.. အေးအေးဆိုပြီးဟောက်သံကြီးထွက်လာရော"..

ဒါနဲ့ကိုယ်လည်းကြောက်ကလည်းကြောက်နဲ့ စောင်ထဲခေါင်းခြုံပြီး အတင်းမျက်စိပိတ်နေလိုက်ရော..

အဲဒါနဲ့ကြောက်ကလည်းကြောက်.. စောင်ထဲတိုးနေတော့ ပူလာရော.. ယောကျ်ားကိုစိတ်ကလည်းတိုနေတော့.. အသံကျယ်ကျယ်နဲ့ " ဒီ အဲယားကွန်းကလည်း ပူဘဲပူနိုင်လွန်းတယ် ငါလုပ်ထည့်လိုက်ရလို့" အော်လိုက်ရော အဲယားကွန်း remote ကနေ တီ ဆိုတဲ့အသံ (temperature လျော့ပေးလိုက်တာထင်တယိ ပြီးတော့အေးသွားရော) ကြားရရော...

ဘဝမှာ ကိုယ့်လောက်ကြောက်တဲ့သူကိုမှ လာကြုံရတယ်လို့.. ကိုယ့်မှာ ဘေးကယောကျ်ားကလည်းနိုးမရ.. ကြောက်ကလည်းကြောက်နဲ့ မိုးတလင်းဘဲ 🥴🥴🥴

#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now