146

193 6 0
                                    

အစ္မေနတာက ရန်ကုန်နဲ့မြစ်လေးပဲခြားတဲ့မြို့လေးမှာပေါ့။
ကိုယ်တွေရဲ့မြို့လေးက အေးချမ်းတယ် သာယာတယ်။ပြီးတော့ လှတယ်။လေကောင်းလေသန့်လဲရတယ်။ ဟိုးရှေးခေတ်က မြို့ဟောင်းမြို့ ရာဇဝင်တွေလဲရှိတယ်ပေါ့။ ရပ်ကွက်တော်တော်များများမှာက အစောင့်အရှောက်တွေရှိတယ်ပေါ့။ ကိုယ်တွေအမေတို့အိမ်ရှိတဲ့လမ်းဆိုရင် တော်ရုံဝက်သားစားလို့မရဘူး။ တရုတ်အိမ်တောင် ဝက်သားစားရင် ရန်ဖြစ်ကြတာတို့တစ်ခုခုဖြစ်ကြတာတို့နဲ့ပေါ့။

အခုပြောပြချင်တဲ့အကြောင်းက အဲ့အမေတို့နေတဲ့ခြံမှာကျ အစောင့်ရှောက်တွေရှိတယ်ပေါ့။
ဖြစ်ခဲ့တာတော့ကြာပါပြီ။ ၂၀၁၅ ဝန်းကျင်လောက်မှာပေါ့။ ရည်းစားစထားတော့ အမှန်က TU မှာ ဘွဲ့ရပြီး အစိုးရဌာနမှာတောင် အင်ဂျင်နီယာဝင်လုပ်နေပါပြီ။ ဒါပေမဲ့ရည်းစားထားတာမေမေ့ကိုမပြောရဲတော့ ညဘက်ကျမှ အသာလေးခြံထဲဆင်းပြီးဖုန်းပြောရတာ။ ရည်းစားကလဲတစ်မြို့တည်း။အလုပ်ကပြန်တာနဲ့မုန့်ပတ်စားဆိုင်ကယ်လျှောက်စီးပြီးမှ အိမ်ပြန်တာပေမဲ့ တစ်နေ့တစ်နေ့ဘာတွေပြောနေမှန်းကိုမသိပြောစရာကမကုန်နိုင်ဘူး။ ည ၁၀နါရီ မေမေအိပ်တဲ့အချိန်ကနေစပြောရင် ည ၁နာရီလောက်အထိကိုပြောတာ။

တစ်ရက်ကျတော့ ဖုန်းပြောနေတာ။ကိုယ်တစ်ယောက်တည်း။တစ်အိမ်လုံးလဲအိပ်နေပြီ။ဒါပေမဲ့ ဘေးကနေလေသံလေးနဲ့ ဘယ်သူနဲ့ဖုန်းပြောတာလဲဆိုပြီးလာမေးတာ။ ဘေးမှာလဲဘယ်သူမှမရှိဘူး။ကြောက်ပြီးအိမ်ထဲဝင်ပြေးရတယ်။

နောက်တစ်ခါကျတော့ အဲ့လမ်းထဲမှာ ခန့်ခန့်ထည်ထည်နဲ့ မိန်းမတစ်ယောက်။ဆံပင်အပြောင်သိမ်းပြီးအရပ်မြင့်မြင့်နဲ့တဲ့။ ရှေးခေတ် ရင်ဖုံးဝတ်ထားတယ်တဲ့။ အဲ့ဒါကကျတော့ နာဂစ်ဖြစ်တော့ သူငယ်ချင်းမောင်နှမကသူတို့နေတဲ့အိမ်ကအနိမ့်ပိုင်းမို့ရေဝင်တာနဲ့ သူ့ဦးလေးအိမ်မှာသွားနေကြတာ။သူ့ဦးလေးအိမ်ကလဲ ပိတ်ထားတာ။ခြံစည်းရိုးရှိပေမဲ့တံခါးကမရှိ။လူမရှိတဲ့အိမ်ပေါ့။သူတို့လဲခဏပဲတစ်ပတ်လောက်ဆိုပြီးနေနေတာ။
အခန်းတွေဘာတွေထဲဝင်မနေတော့ဘဲ ညဆို ဘုရားစင်ရှေ့ ခြင်ထောင်နှစ်လုံးထောင်ပြီးအိပ်ကြတာပေါ့။
တစ်ညကျတော့ အဲ့ခြံထဲကိုအပေါ်ကပြောထားတဲ့မိန်းမက ဝင်လာပြီး သူ့အကိုနာမည်ကိုခေါ်တယ်တဲ့။သူ့အကိုကမနိုးပေမဲ့။သူငယ်ချင်းကမထူးဘဲ အသာလေးအိပ်ယာထဲကချောင်းကြည့်နေတာ။အဲ့မိန်းမက အိမ်လှေကားထိပ်ထိတက်လာပြီးခေါ်တာတဲ့။မထူးတော့ပြန်ထွက်သွားတယ်တဲ့။

အဲ့မိန်းမကလေ မကျွတ်တာထင်တယ်
သူငယ်ချင်းပြောတဲ့ပုံနဲ့တစ်ပုံစံတည်းတူတဲ့မိန်းမက။
ကိုယ်ကြုံရတာကကျ
အဲ့ ၂၀၁၅ မှာပဲ ရည်းစားနဲ့ဖုန်းထွက်ပြောတာ ကိုာ်တွေခြံထဲမှာ ဒါန်းလေးရှိတယ်။ ခြံစည်းရိုးနဲ့ကပ်လျက်မှာမို့ လမ်းကိုအသားလှမ်းမြင်ရတယ်။
ည ၁နာရီလောက်ကြီး ကိုယ်တွေခြေရင်းသုံး
အိမ်ကျော်လောက်က မျက်နှာချင်းဆိုင်ခြံထဲကနေ ထွက်သွားတာတွေ့ရတာတော်။
အဲ့အိမ်ကခြံစည်းရိုးတံခါးမရှိဘူး။ပြီးတော့အဲ့အိမ်ကသားတွေချည်းမွေးထားတာ။အမေကပုပု။ ချွေးမတစ်ယောက်ပဲရှိပြီး ချွေးမက ပုပုဝဝ။ည ၁နာရီအဲ့ခြံထဲကထွက်လာစရာအကြောင်းမရှိတာကို။

ဟီးဟီး ရည်းစားနဲ့ညားသွားလို့တော်သေးတယ်။တစ်ညဖုန်း ၃ နာရီလောက်ပြောပြီး သရဲအခြောက်ခံရတာ တစ်ခါနှစ်ခါမှမဟုတ်တာ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now