30

288 21 0
                                    

ဆံပင်ဆိုင်မှာခေါင်းလျော်ရင်း သိခဲ့ရတဲ့ သရဲကြောင်းလေး ပြန်ပြောပြမယ်ရှင် သူပြောသလိုလေးရေးမယ်နော်

မြေလတ်မြို့လေး တမြို့ပေါ့ မြို့ကသိပ်မကြီးဘူးဒီတော့ ကျမလုပ်ခဲ့တဲ့အလှပြင်ဆိုင်က နာမည်ရကာစ ဆိုင်ပေါက်စလေးပေါ့ ဆိုင်က တိုက်အဟောင်းကို နဲနဲဆေးပြန်သုတ် ပြန်မွမ်းမံထားပြီး ငှားထားတာ
ကျမကလဲ လူသစ်ပေါ့ နောက်ဆုံးမှရောက်တာ ဒီလိုအဖြစ်ပျက်တွေ မဖြစ်ခင်ရက်တွေမှာတော့ ပုံမှန်ဆိုင်အလုပ်တွေလုပ်ရင်းပေါ့
ဆိုင်က ၂ထပ် ကျမတို့ ဝန်ထမ်း ၃ယောက်က ညဆိုအောက်က အလှပြင်hall ခန်းရဲ့ဘေးစွယ်လေးမှာပဲ တန်းစီအိပ်ရတယ်  ပိုင်ရှင်အမ က အပျိုကြီး သူကအပေါ်မှာတယောက်ထဲအိပ်တယ်
ရောက်စရက်တွေမှာ လူကျတော့ နေ့ဘက်တွေဆို ပင်ပန်းတော့ခေါင်းချတာနဲ့အိပ်ပျော်တာပဲ တရေးမှမနိုးဘူး
ဒီတော့ ဒီဆိုင်ရဲ့ရာဇဝင်တွေလဲ မသိဘူးပေါ့လေ
စ လာပါပြီ တရက်မှာတော့ ပိုင်ရှင်အမက make up သင်တန်းသွားတက်တဲ့ ရက်တွေမှာပေါ့ သူ့အဒေါ်တယေညက်ကို ဆိုင်လာကြီးကြပ်ခိုင်းပြီး သူက ရက်ပိုင်းခရီးသွားတဲ့ရက်မှာ စ တာပဲ
​ဖြစ်ပုံက ဆိုင်ရှင်မရှိတော့ ကျမတို့တွေလဲ ညဘက်ကို မအိပ်ကျဘူး ကိုရီးယားကားတေထဲကလို ဆိုဂျူသောက်မယ်ပေါ့ အကင်တွေ ခေါက်ဆွဲကြော်တွေ တခြားစားစရာတွေလဲပါတယ် (သိပ်မမှတ်မိ) အဲညမှာ ဝိုင်းဖွဲ့ပေါ့ တခါမှမသောက်ဖူးကြတဲ့ အရိုင်းတွေမို့လားမသိဘူး စကားတွေလဲ အလွှတ်ပြောကြတာ ဆူညံလို့ပေါ့
လာစောင့်ပေးတဲ့ အန်တီကလဲ ညသိပ်မနက်စေနဲ့ပဲ ပြောပြီး အပေါ်တက်အိပ်သွားရော ကျမတို့လဲ အတော်များများဝင်ပီး စကားတွေပြော ရီကြ လုပ်နေကြတုန်း ဗြုန်းဆို ဆိုင်အဝင်က ချိတ်ထားတဲ့ အလှခေါင်းလောင်းအသေးဆိုင်းတွဲလေးက ချလွမ် ဆို ထ မြည်ပြီးလှုပ်သွားရော
ဒါကို သတိမထားမိဘူး ဟဲ့ လန့်တာ ပြောပြီး ဆက်စကားပြောနေကြတာ အမြည်းတွေ အသားကင်တွေ ပိုနေတာမို့ မီးဖိုဘက်သွားသိမ်းမယ် လုပ်ပြီးမှ နဲနဲလေးမို့ ချန်မနေနဲ့ အပြင်ဘက်ကအမှိုက်ခြင်းထဲတခါထဲပစ်မယ်ပေါ့
အပြင်ဘက်ကိုပစ်ဖို့ တံခါးဖွင့်ပြီးအထွက်ပဲ လေက တိုက်ချလိုက်တာ သဲတွေဖုန်တွေ ကျမတို့ မျက်စိပါမှိတ်ထားရတယ် ထူးဆန်းတာ ဒါလဲမကြောက်သေးပါဘူး
အရှိန်လေးရှိတော့ အပြင်ဖက်ကို ပစ်ခဲ့ပြီး ပြန်ဝင်လာပြီး အိပ်ကျရော အဲဒီမှာ ဇာတ်လမ်းက စ ကြမ်းတာပဲ
စ အိပ်မယ်ဆိုပြီး ၃ယောက်သား ခေါင်းချကာပဲ အလယ်ခန်းက ဝုန်းဆို ပြုတ်ကျသံကြား အတော်ကျယ်လို့ ကျမတို့လဲ ပြေးကြည့်ကြတာ

ဘာမှမရှိဘူး ဒီတော့ ၃ယောက်သား တယောက်မျက်နှာတယောက်ကြည့်ပြီး ဇဝေဇဝါဖြစ်ချိန်မှာပဲ  လျော်စင်ခုံပေါ်မှာ တက်ပြေးသလိုရိပ်ခနဲ မြင်လိုက်တာ အဲဒါကြီးက အရမ်းမြန်တော့ ဘာမှန်းမသိလိုက်ဘူး အဲဒီချိန်မှာပဲ အပေါ်ထပ်က အန်တီက အော်ပြီး ပြေးဆင်းလာရော သူမျက်နှာပေါ်ကို လက်အေးကြီး ကပ်တယ်ဆိုပြီးပြောရော
မီးဖိုဘက်ကလဲ တဝုန်းဝုန်းနဲ့ ကြားရလို့ ကျမတို့လဲ စပြီးကြောက်နေပြီ ရသမျှဘုရားစာတွေ စရွတ်ချိန်မှာပဲ တဟင်းဟင်း အသံကြားလို့ အပေါ်မော့ကြည့်တာ အမလေး.... ခန်းမအလယ်ကမီးဆိုင်းကို ေဇာက်ထိုးကြီး တွဲလောင်းခိုနေတာ မျက်နှာကြီးက ဖြူဆုတ်ပြီး ပါးစပ်ကြီးကဘလိုကြီးလဲမသိဘူး ခေါင်းကြီးကလဲ တွဲလောင်းရှုပ်ပွပြီး မကျေနပ်သလိုရှုံ့မဲပြီး ကျမတို့ကိုကြည့်နေတာများ အသဲတွေပြုတ်မတတ်ပဲ

အော်ဖို့တောင်မေ့နေကြတာ အငယ်ဆုံးဖြစ်တဲ့ တယောက်ဆို ရှူးတေပါထွက်ကြတာရှင် ခဏလောက်ကြောင်ပြီး ပြိုင်တူအသံကုန်ခြစ်အော်ကြတာ
ဒါနဲ့ အဲဒါကြီးက ဝုန်းဆိုအပေါ်ထပ်ခုန်တက်သွားတာများမြန်လိုက်တာ ဆိုတာလေ
ကျမတို့လဲ ပြေးထွက်ပြီး အကူညီတောင်းကြတာပေါ့ နောက်ရက်မှာ ပိုင်ရှင်အမကိုလဲ လှမ်းပြောပြီး အဒေါ်ကလဲမနေရဲတော့ကြောင်းနဲ့ ကျမလဲ ထွက်တော့မယ်ဆိုပြီး ပြောလိုက်တယ်
ပြန်ရောက်လာတော့ ပိုင်ရှင်အမလဲ မျက်နှာမကောင်းဘူး သူက သိတယ် တဲ့ ဒါပေမယ့် စ ငှားထဲက သေချာပရိတ်ရွတ် စည်းချခွင့်တောင်းပြီး စျေးသက်သာလို့ ငှားမိတာပါတဲ့ရှင် တခုခုမှားလို့လားပေါ့ ကျမတို့လဲ ကိုယ့်အပြစ်နဲ့ကိုယ်ဝန်ခံရင်း အရမ်းလဲကြောက်သွားလို့ ရန်ကုန်မှာ လုပ်မယ်ဆိုပြီး ထွက်လာခဲ့တာ တဲ့
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now