82

182 11 0
                                    

(ဖြစ်ရပ်မှန်)
လွန်ခဲ့သောနှစ်20၀န်းကျင်ခန့်က.......

မိန်းမရေ ဒီနှစ်ကိုယ့်တို့ဘယ်ကိုခရီးထွက်ရင်ကောင်းမလဲ

ပုဂံကိုသွားကြရအောင် ကိုရေ" ကျွန်မသွားချင်‌‌နေခဲ့တာအ‌‌တော်ကြာပြီ။ ရှင့်အလုပ်တွေနဲ့မအားလို့ကျွန်မ မပြောဖြစ်တာ....

ဒါဆိုလဲ ကို" တို့ပုဂံကိုသွားကြတာပေါ့ မိန်းမရယ်။

နောက်တနေ့ပြင်ဆင်စရာပြင်ဆင်ပြီး
အိမ်ကကားနဲ့ ပုဂံကိုခရီးထွက်ဖြစ်ခဲ့ကြတယ်။အလုပ်ကိစ္စ‌လေးတွေလက်စသတ်ရင်းရန်ကုန်ကနေ မနက်9နာရီလောက်ထွက်မှထွက်ဖြစ်ခဲ့ကြတယ်။ ပုဂံ "ကိုည7:20၀န်းကျင်လောက်ရောက်ခဲ့တယ်။

ပုဂံက Hotel ကိုအသွားမြို့ဟောင်းကနေဖြတ်မောင်းလာတဲ့အချိန်က မှောင်ရီပြိုးစဖြစ်နေပြီမို့ ကားမီးလေးထွန်းပြီးမောင်းလာခဲ့တာပေါ့ဗျာ။လမ်းဘေးမာ ဘုရားတွေအုတ်ကျိုး အုတ်ပျက်တွေက ပုဂံရဲ့အ‌ငြွေ့အသက်ကို စတင်ခံစားမိလာ‌စေတယ်။ချက်ခြင်းဆိုသလိုစိတ်ထဲလွမ်းသလို ဆွေးသလို feelingကြီးကိုလည်းတပြိုင်နက်ရလိုက်တယ်။

အတော်ကြာအောင်မောင်းလာရင်း တနေရာအရောက်မှာကားနဲ့မလှမ်းမကမ်းမှာ မင်းဝတ်မင်းစားတွေ မြင်းတွေ အခြွေအရံတွေ ရဲမတ်တွေနဲ့ တိုင်းခန်းလှည့်တဲ့ပုံစံမျိုး အစီအတန်းလိုက်ကြီးကိုမြင်လိုက်ရတယ်။အလင်းရောင်အားနည်းတဲ့နေရာမို့ ရှင်းလင်းစွာမမြင်ရပေမဲ့ကားမီးရောင်းကြောင့်သဲကွဲစွာမြင်နေရဆဲ။

ကျွန်တော်လဲကားကိုအရှိန်လျှော့ဖြေးဖြေးချင်းမောင်းလာရင်းကားထဲကနေငေးမောရင်းမိန်းမဖြစ်သူကို မိန်းမရေ" ရှေ့မှာဒီအချိန်ကြီးဘယ်ကအလှုလှည့်လာတာလဲမသိဘူးဆိုပြီး  ပြောပြောဆိုဆိုသူတို့ကိုကျော်ဖြတ်လာပြီးသည့်တိုင်တွေးနေမိတာတခုက ဒီအချိန်ကြီးဘယ်ကအလှုလှည့်လာတာလဲ ဘုရားပွဲလဲပေါ့ !

မိန်းမဖြစ်သူကလည်း ဟုတ်တယ်နော် ကို" ဒီအချိန်ကြီးမှအလှည့် လှည့်လာကြတယ်လို့ ...

ကျွန်တော်လည်းစိတ်ထဲအနည်းငယ်ဇဝေဇဝါဖြစ်သွားပြီးHotelကိုပဲဆက်မောင်းလာခဲ့တယ်။Hotelကိုည8နာရီထိုးပြီးမှရောက်ခဲ့တယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ကျွန်တော်စိတ်ထဲဇဝေဇဝါဖြစ်လာခဲ့တဲ့အဖြေကိုတော့Hotelကနယ်ခံလူတွေကတော့ဖြေရှင်းပေးနိုင်မှာပဲဆိုပြီး Reception ကတာ၀န်ကျ၀န်ထမ်းညီမလေးနှစ်ယောက်ဆီကိုသိချင်စိတ်တွေနဲ့အတူ‌ရောက်လာခဲ့တယ်။

Reception -မဂ်လာပါရှင့် ဘာများကူညီပေးရမလဲရှင့်
အကိုမသိတာလေးတခုမေးချင်လို့ပါ ညီမရေ"
Reception -ဟုတ်ကဲ့။မေးပါရှင့်
ညီမတို့ကဒီကနယ်ခံတွေထင်တယ် !
Reception -ဟုတ်ပါတယ်ရှင့် ညီမတို့ကဒီကနယ်ခံတွေပါ။

ကျွန်တော်လဲအားတက်သွားပြီး ကျွန်တော့်ရဲ့ပုစ္ဆာကိုအဖြေရှာဖို့စတင်ပြီး Receptionကညီမလေးတွေကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါတယ်။ကျွန်တော်ပြောပြီးပြီးချင်းမှာပဲ Reception ကညီမနှစ်ယောက်ကမျက်နှာအနည်းငယ်ပျက်ပြီးတယောက်မျက်နှာတယောက်ကြောင်ကြည့်နေကြပါလေရော....

ကျွန်တော်လဲစိတ်မရှည်တာနဲ့  ညီမရေ ညီမ...
Reception -ရှင့်...ရှင့် အကို

ဒီမှာခုရက်ပိုင်းအလှုတွေ ဘုရားပွဲတွေရှိတာလား !ဒါမှမဟုတ် ညီမတို့အညာဘက်ကညဘက်တွေပါအလှည့်လှည့်ကြတာလား ?

Reception -မဟုတ်ဘူးအကို ဘာဘုရားပွဲမှမရှိသလိုအလှူလဲမရှိဘူးရှင့်..

သူတို့အဖြေက နဂိုတည်းကဇဝေဇဝါဖြစ်လာတဲ့ကျွန်တော်ကိုပိုပြီးရှုပ်ထွေးသွားစေခဲ့တယ်..ဟင်...ဒါဆိုအကိုတွေ့ခဲ့တာက...!

Reception -ညီမတို့ဘယ်လိုရှင်းပြရမလဲတောင်မသိဘူးရှင်..အကိုတို့ကြုံခဲ့ရတာ‌တွေကအလှူလှည့်လာတာလဲမဟုတ်ဘူး ဘုရားပွဲလှည့်လာတာလဲမဟုတ်ဘူး။အကိုမြင်ခဲ့သလိုအားလုံးက အရင်ကမင်းတွေ စစ်သည်မှုးမက်တွေတိုင်းခန်းလှည့်လာကြတာပဲ အကို...လူအစစ်‌တွေမဟုတ်ကြတာတခုပဲ အကို

ဗျာ!!!!
ကျွန်တော်လဲအံ့ဩမှုတွေ ထူးဆန်းမှုတွေနဲ့အတူတချိန်ထဲခေါင်းထဲမှာတွေးစရာတွေအများကြီးရောက်လာခဲ့တယ်။

Reception-အကိုအတွက်အနည်းငယ်ထူးဆန်း‌‌နေမယ်ထင်တယ် ဒီမှာတော့ဒီလိုတွေကြုံ‌တွေ့ရတာသိပ်မထူးဆန်းတော့ဘူး အကို။ညီမတို့လည်းကြုံဖူးသလို တော်တော်များများလဲတွေ့ဖူးကြုံဖူးကြတယ် တချို့ဆို‌‌တောထဲကဘုရား၀န်းကျင်မှာအစိမ်းရောင်တောက်တောက်ပြောင်ပြောင်အ၀တ်အစားနဲ့မိန်းမချောလေးကိုမြင်ဖူးကြသလို ဘုရားအိုဘုရားပျက်နားမှာစောင်းသံကြားရတာမျိုး မြင်းခွာသံ မြင်းဟီးသံကြားရတာမျိုးတွေခနခနကြုံကြဖူးတယ် အကို။ပဍာန်းဆက်ရှိတဲ့သူတွေက‌တော့အများဆုံးမြင်ရ တွေ့ရတက်ကြတယ်။

ထိုညီမလေးတွေရှင်းပြအပြီးမှာ ကျွန်တော်စိတ်ထဲအနည်းငယ်သဘောပေါက်သွားပြီး အံဩထူးဆန်းမှုတွေနဲ့အတူ ကျွန်တော်မြင်တွေ့ခဲ့ရတဲ့သူတိူ့ကိုမကြောက်မိပဲသနားစိတ်ဝင်ကာ သူတို့အကြောင်းတွေးမိရင်းအခန်းထဲသို့ခြေဦးတည့်ကာ၀င်လာခဲ့တယ်။
ထိုနေ့ညကအတွေးပေါင်းစုံနဲ့ အိပ်မရဘဲကျွန်တော့် တဘ၀လုံးအမြဲအမှတ်ရနေမဲ့ ပုဂံ"ကအမှတ်တရနေ့တနေ့ပေါ့ဗျာ...
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now