121

180 9 0
                                    

#အမေပြောသောပရလောက (၉)
#လေချွန်နတ်

..အပိုင်းတစ်ခုနဲ့တစ်ခု မတူတဲ့ topic လေးတွေ ဒီ group ထဲ သိပ်တွေ့လေ့မရှိတဲ့ အကြောင်းမျိုးတွေ ရွေးပြီးရေးပေးဖြစ်ပါတယ်.. ဒီအပိုင်းတော့ ခါတိုင်းထက်စာနည်းနည်းရှည်ပါတယ်.. ဖတ်ရင်း ရသတစ်ခုခုရပြီး အပျင်းပြေကြပါစေရှင့်.. 🙂
..ကျွန်မတို့ ပတ်ဝန်းကျင်မှာ ပရလောကနဲ့ လူ့လောကကြား ဆက်သွယ်ပေးတဲ့ လူတွေရှိပါတယ်.. တချို့က နတ်တွေနဲ့ ဆက်သွယ်လို့ နတ်ကတော်/နတ်ဝင်သည်.. တချို့က ဘိုးတော် အထက်ပုဂ္ဂိုလ်ဆိုသူတွေ ပြောတာကြားရတဲ့ အကြားအမြင်ရသူတွေ.. နောက်တစ်မျိုးကတော့ ဝိဥာဥ်တွေကို မြင်နိုင်ကြားနိုင်စွမ်းရှိတဲ့ သူတွေ..  သူတို့ထဲက တစ်ချို့က သူတို့မှာရှိတဲ့ အစွမ်း နဲ့ ဝန်ဆောင်မှုပေးကြတယ်.. သူတို့ကို Medium (ကြားခံ) လို့ပြောကြသလို နာမည်ကျော်ရုပ်ရှင်ဖြစ်တဲ့ Ghost ဆိုတဲ့ movie ထဲမှာ Spiritual advisor လို့သုံးနှုန်းတာတွေ့ရပြီး ဒီမှာတော့ ကြို့ပင်ကောက် လေချွန်နတ် ဆိုပြီး တချိန်က နာမည်ကြီးခဲ့ပါတယ်.. ဝိဥာဥ်ရောက်လာရင် ရွှီ ဆိုတဲ့ လေချွန်သံကြားရလို့ အဲလိုခေါ်တယ်ပြောပါတယ်..   ခုနောက်ပိုင်းလဲ ဦးဒါနတို့လို တခြား နာမည်ကြီး Spiritual advisor တွေအများကြီးပေါ်လာပါတယ်.. မြန်မာလို ဘယ်လိုဆီလျော်အောင် ခေါ်ရမယ်မသိလို့ English လိုပဲ ရေးလိုက်ပါတယ်..
..သူတို့ဆီကို ကိုယ့်မိသားစုထဲက သေဆုံးသွားသူတွေ ဘာမှာချင်တာရှိလဲ.. အဓိက ကတော့ ကိုယ်ပြုပေးတဲ့ ကုသိုလ်တွေ မရလိုက်ပဲ ဖြစ်နေမှာ စိုးကြလို့  ကျန်ရစ်သူ မိသားစုတွေက သွားကြ မေးကြတယ်.. သူတို့ အလုပ်လုပ်တဲ့ပုံစံက အများအားဖြင့် သေတဲ့သူကို ခေါ်ပေးပြီး တချို့ကလဲ သူတို့ကိုယ်ထဲကို အဝင်ခံပြီး သေသူနဲ့မိသားစု တိုက်ရိုက်စကားပြောစေတာမျိုးရှိသလို အများစုကတော့ သေသူပြောတာကို တဆင့်ပြန်ပြောတဲ့ ပုံစံနဲ့ပဲ အလုပ်လုပ်ကြတယ်.. ဒါတွေကို ယုံတဲ့သူရှိသလို ကိုယ်တိုင်မကြုံရရင် လက်မခံချင်တဲ့ ကျွန်မလို လူတွေလဲ ရှိမှာပါ..  ကျွန်မကို ယုံလားလို့မေးရင် ကိုယ်နဲ့အနီးစပ်ဆုံးလူတွေမှာ ကြုံခဲ့ဖြစ်ခဲ့တာမို့ ယုံပါတယ်.. ဒီကိစ္စတွေကို လက်ခံပါတယ်.. ဒါပေမယ့် နတ်ကနားပေးမလား၊ Spiritual advisor ဆီသွားမလားဆိုရင်တော့ မပေးပါဘူး၊ မသွားပါဘူး..  မယုံသူများကလည်း ကိုယ်မကြုံဘူးပေမယ့်၊ ကိုယ်မသိတဲ့ another dimension တစ်ခုများရှိနေမလား ဆိုပြီး open-minded စိတ်နဲ့ ဖတ်ကြည့်စေလိုပါတယ်.. 🙂
.. ဒီည အဲဒါနဲ့ပတ်သက်တဲ့ အဖြစ်အပျက် (၃) ခု အကြောင်း ရေးပါမယ်..
(1) ကျွန်မရဲ့ ဦးလေးက အသက်လေးဆယ်ကျော်လေးမှာ car accident နဲ့ ဆုံးရှာပါတယ်.. ကားမောင်းအရမ်းကြမ်းတာမို့ ရန်ကုန် မန္တလေးလမ်းဟောင်းမှာ ရပ်ထားတဲ့ ကားကြီးကိုဝင်တိုက်မိတာ.. ဦးလေးက အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကလေးတွေလဲ ကျန်ခဲ့ပါတယ်.. သူဆုံးသွားတော့ သူ လုပ်လက်စတွေ ရစရာရှိတာတွေ အဒေါ်က ဘာမှမသိတာမို့ ကြံရာမရဖြစ်ပြီး အမေနဲ့ သာကေတဘက်က Spiritual advisor ဆီသွားကြတယ်.. (အဒေါ်က ဘာသာခြားမို့ အမေခေါ်လို့သာ လိုက်ရတာ အယုံအကြည်နည်းပါတယ်).. အဲဒီမှာ ဦးလေး နာမည်ရယ်၊ သေတဲ့အချိန်ရယ်၊ သင်္ချိုင်းကိုရွတ်ပြီး ခေါ်တယ်.. အမေတို့သွားတဲ့နေရာက တဆင့်ပြန်ပြောပေးတဲ့ သူမျိုး.. သူက ရောက်လာပြီ ဆိုပြီး လူ ပုံပန်းကိုပြောတယ်.. မှန်တယ်ဆိုရင် ဘယ်လိုသေသလဲ ရောက်လာတဲ့ ဝိဥာဥ်ကိုမေးတယ်.. မိသားစုကိုပြန်ပြောပြတယ်.  မှန်တယ်ဆိုမှ ဆက်ပြောတယ်.. ဦးလေးက စစချင်း သူ့ဖုန်းရောလို့မေးပါတယ်.. နားကြပ်လေးတပ် ဖုန်းပြောနေရင်း accident ဖြစ်တာ.. သူ့အလောင်းတွေ့တော့ နားထဲမှာ ကြိုးပြတ်နေတဲ့ နားကြပ်တန်းလန်းနဲ့.. ဦးလေးက အင်းတော်ကြီးအိုင်က ရွှေမဥ္ဇူဘုရားမှာ ရောက်နေကြောင်း ပြောတယ်.. (တကယ်တော့ ဦးလေးက ကချင်ပြည်နယ်မှာ နေတာကို spiritual advisor ကို မပြောပြထားပါဘူး.. ကချင်ကမို့ အင်းတော်ကြီးအိုင်မှာ ရောက်နေတယ်ပြောတော့ တိုက်ဆိုင်သားပဲလို့ တွေးမိတယ်).. သူ အမျှမရဘူးတဲ့.. အစောပိုင်းတုန်းက သူကားတိုက်တဲ့နေရာမှာ သူ့ကို အဲဒီမှာရှိနေတဲ့ အကောင်တွေက ဝိုင်းဆွဲထားလို့ သူ ဘယ်မှသွားလို့မရဘူးတဲ့.. လက်သည်းအရှည်ကြီးတွေနဲ့တဲ့.. နောက်တော့ သူ့ညီမနှစ်ယောက်ရောက် လာပြီး အတင်းဆွဲခေါ်မှ သူလွတ်လာတဲ့ အကြောင်းငိုပြီးပြောတယ်.. အခုလဲ သူ့ညီမတွေနဲ့အတူတူ လာတာလို့ပြောတယ်.. သူ မသေချင်သေးကြောင်း၊ သားအငယ်လေးကို စိတ်မချကြောင်းလဲပြောတော့ အဒေါ်က ငိုနေရော..
မငိုနဲ့ ကိစ္စရှိရင် ဖုန်းဆက်လို့ရတာပဲ လို့ ပြောသေးတယ်.. ဟိုဘက်လောကထဲရောက်သွားပေမယ့် confused ဖြစ်နေ၊ ရောထွေးနေပုံပါပဲ.. နောက်တခေါက်သွားမေးတော့ တစ်နှစ်ကျော်သွားလို့ ခေါ်မရတော့ဘူး..
(2) နောက်တစ်ခုက ကိုလွင်ဆိုတဲ့ ကျွန်မ ဘကြီးတစ်ယောက်.. ပြင်ဦးလွင်ကနေ အဆင်းမှာ ဂျစ်ကားပေါ်က ပြုတ်ကျပြီး ဆုံးတယ်.. ကျွန်မငယ်ငယ်ထဲက ဆုံးတာ.. သူကလဲ ဘာသာခြားနဲ့အိမ်ထောင်ပြုထားတဲ့အပြင် သူပါ ဘာသာပြောင်းထားတာမို့ ဗုဒ္ဓဘာသာ ထုံးစံနဲ့ လုပ်ခွင့်မရခဲ့ဘူး.. သူ ဆုံးပြီး သူ့မိန်းမကို ခဏခဏ အသံပေးလိုက်၊ လာပြလိုက်၊ အနံ့ပေးလိုက်နဲ့ တော်တော်လေး အစွဲကြီးခဲ့တာ.. သူဆုံးတာ ဆယ်နှစ်ကျော်လောက်ကြာတော့ ကျွန်မတို့နဲ့ တော်တော်လေးဆွေမျိုးဝေးတဲ့ အန်တီကြီးတစ်ယောက်က ဖုန်းဆက်လာတယ်..  အန်တီကြီးက သူ့ကိစ္စနဲ့သူ လေချွန်နတ်ဆီသွားမေးတဲ့ အခါ သူက ဝင်လာပြီး သူက ကိုလွင်ပါ သူက ဘယ်သူ့သားပါဆိုပြီး ပြောတယ်တဲ့.. အန်တီကအမျိုးဝေးတာရော ကြာလည်းကြာပြီမို့ ဘယ်သူလဲ စဥ်းစားနေတုန်း သူက ဘယ်မြို့ကပါ ဆိုတာလည်း ထပ်ပြောတယ်.. အန်တီကြီးလည်း မှတ်မိသွားပြီး ဘာလိုလို့လဲ မေးတော့ သူ သာဓုခေါ်ချင်တယ်လို့ ပြောတယ်တဲ့..  သူဖို့ကုသိုလ်လုပ်ပေးဖို့ ပြောတယ်.. အကုန်လုံးလဲ အံ့သြလို့..ဘာသာခြားဖြစ်သွားပြီဆိုတော့ အဖွားတို့ကလည်း ဗုဒ္ဓဘာသာ ထုံးစံတွေ မလုပ်ပေးမိတော့ဘူးပေါ့.. နှစ်တွေအဲ့လောက်ကြာတဲ့အထိ သူ့ခမျာ မကျွတ်မလွတ်ဖြစ်နေရရှာတာ.. အဲဒါနဲ့ အဖွားတို့ အမေတို့လဲ ပြင်ဦးလွင်ကားလမ်း သူဆုံးတဲ့ နေရာမှာ ဘုန်းကြီးပင့် အမျှသွားဝေကြရတယ်..
(3) နောက်တစ်ယောက်ကတော့ ညီမဝမ်းကွဲပါ.. သူဖြစ်တာတော့ မကြာသေးဘူး.. သူ့ အရမ်းချစ်တဲ့ အမျိုးသားက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးတော့ သူ့မှာ ဖြေဆည်ရာမရဖြစ်ပြီး Spiritual advisor ကိုသွားမေးပါတယ်.. သူ့စိတ်ထဲမှာ သူ့ယောင်္ကျားက မကျွတ်သေးဘူးပဲ ထင်နေတယ်.. အဲဒီမှာ သွားမေးတော့  ကလေးတွေကိုစိတ်မချလို့ သူနဲ့လိုက်ချင်တယ်လို့ ပြောတယ်.. သူကလဲ အမျှဝေပေးမယ် လိုက်ခဲ့ဆိုပြီး Spiritual advisor  ပြောတဲ့အတိုင်း ပန်းနဲ့ခေါ်လာပြီး သူ့ခြံထဲက အပင်အောက်မှာ ပန်းကိုထားထားတယ်.. သူနဲ့အတူနေတဲ့သူတွေက သူခေါ်လာမှန်း မသိကြဘူး.. မနက်လင်းတော့ သူတို့အိမ်က ခြံစောင့် က ညက သူ့ခြေထောက်ကို ဘယ်သူလာဆွဲတာလဲလို့ မေးတယ်တဲ့... အဲဒီနေ့ပဲ ဘုန်းကြီးပင့်ပြီး သူ့ယောင်္ကျား နာမည်ခေါ်အမျှဝေလိုက်တယ်.. ဒါပေမယ့် နောက်နေ့တွေလည်း သူတို့ခြံထဲမှာ အပုပ်နံ့ နံတယ်လို့ အိမ်ကလူတွေက ပြောကြတယ်တဲ့.. သူ့မောင်လေးရဲ့ အခန်းဝမှာလည်း ညဆို လူရိပ်လိုလို တွေ့တွေ့နေရတယ်.. နောက်ရက်ကျ ဘုရားတရားတော်တော်လုပ်တဲ့ သူ့ဦးလေးတစ်ယောက် အိမ်အလည်လာတယ်.. အဲဒီ ဦးလေးက ခြံထဲကိုကြည့်ပြီး ခြံထဲမှာ မရှိသင့်တာ ရှိနေကြောင်းပြောတယ်တဲ့.. ညီမက သူ့ယောင်္ကျားကိုခေါ်လာတာလို့ပြောတော့ ညည်း ယောင်္ကျားမဟုတ်ဘူးလို့ပြောပြီး ကြာကြာထားရင် အန္တရာယ်ရှိတယ်လို့ပြောတယ်တဲ့.. အဲဒီတော့မှ သူလည်းကြောက်လန့်ပြီး သူ့ဦးလေးပြောတဲ့အတိုင်း ပန်းကို ဘုရားမှာ သွားထားလိုက်ရတယ်.. သူ့ကို Spiritual advisor ဆီမှာတုန်းက ကိုယ့်ယောင်္ကျားဟုတ်မဟုတ်သေချာ မမေးဘူးလားဆိုတော့ သူလဲ ဟုတ်တယ်ထင်လို့၊ အရမ်းလဲဝမ်းနည်းနေတော့ သေချာမစဥ်းစားတော့တာတဲ့.. မာယာများတဲ့ Hitchhiker သရဲ (အချောင်လမ်းကြုံသမား)နဲ့တွေ့လာတာ 🥶 ..

End of part 9
Thanks for your time 💛
#TL

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now