175

173 7 0
                                    

တာဝမှာ ကျောင်းတက်နေတုန်း ကျောင်းပိတ်သွားတော့ အဆောင်နေသူအားလုံးက အိမ်ပြန်သွားတာပေါ့။ကျွန်တော်ကတော့ အိမ်မပြန်ဘဲ အဆောင်မှာနေရစ်ခဲ့တယ်။ကျောင်းအဆောင်က ဘယ်သူမှမရှိတော့ဘဲ အဆောင်မှူးရယ် ၊ ကျွန်တော်ရယ် ၊ အဆောင်စောင့်တဲ့အဖိုးကြီးရယ်ပဲကျန်တယ်။ညဘက်ဆို တိတ်ဆိတ်ပြီး လူသံသူသံတောင်မကြားရဘူး။ကြောက်တာတော့ကြောက်ပေမဲ့ ညဘက်ဂိမ်းဆော့လိုက် သူ့ဘာသာအိပ်ပျော်သွားလိုက်နဲ့ နောက်ပိုင်းမှာ ပညာတွေပြလာကော။

အဆောင်မှာက ညဘက်ခြင်ကိုက်တယ်။ပန်ကာကလည်း အမြဲတမ်းမကောင်းဘူး။အဲ့ဒီတော့ အရှေ့တံခါးကို လေရအောင် အမြဲဖွင့်ထားရတယ်။တစ်ည ဖုန်းသုံးနေရင်းနဲ့ ကော်ရပ်တာမှာ ခြေသံကြားလိုက်တယ်။တဖြည်းဖြည်းနဲ့အခန်းရှေ့နီးလာတော့ ဘယ်သူများလာတာလဲဆိုပြီး လှမ်းကြည့်လိုက်ကော။ခြေသံရပ်သွားပေမဲ့ အခန်းရှေ့မှာ ဘယ်သူမှမရှိဘူး။ဒါပေမဲ့ ခြေသံပေးတာက ရိုးနေတော့ သိပ်မကြောက်ဘူး။နောက်တော့ ဂိမ်းကစားနေရင်း
မျက်စိထဲ တံခါးဝမှာ ဖြတ်ခနဲမြင်မိလိုက်သလိုဖြစ်တော့ ကောက်မော့ကြည့်လိုက်တာ ဘယ်သူမှမရှိဘူး။တစ်ဆောင်လုံး လူသုံးယောက်ပဲရှိတော့ သူတို့လည်း လေလွင့်မှာပေါ့။

နောက်ရက်မှာတော့ ရေချိုးခန်းထဲမှာ။ဒီဘက်အခန်းမှာ ရေချိုးနေတုန်း ဘေးအခန်းကနေ မိန်းကလေးတစ်ယောက်သီချင်းဆိုပြီး ရေချိုးနေတဲ့အသံကိုကြားလိုက်ရကော။ဘယ်ကမိန်းကလေးလဲဆိုပြီး တံခါးသွားဖွင့်ကြည့်တော့လည်း အရှင်းကြီး။ဘယ်သူမှရေမချိုးနေသလို သီချင်းဆိုတဲ့မိန်းကလေးလည်းအပျောက်။ဒါတွေက နေ့စဉ်ရက်ဆက်ပေါ့။နောက်တော့ အဆောင်မှူးက အပြင်သွားပြီး အဲ့ညပြန်မလာဖြစ်ဘူးဆိုပြီး ပြောသွားတယ်။ဒါပေမဲ့ ညသန်းခေါင်လောက်မှာ အုပ်စုလိုက်ကြီးစကားပြောသံကြားလာရပြီး ရယ်မောလာကြတော့ အဆောင်မှူးပြန်လာပြီပေါ့ ၊ သူ့သူငယ်ချင်းတွေပါခေါ်လာတယ်ထင်ပြီး ကို**** ခေါ်ပြီး အပြင်ကိုသွားပြေးထွက်ကြည့်တာ ကော်ရပ်တာမှာ ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမရှိဘူး။အဲ့ဒါနဲ့ ကျွန်တော်လည်း ခေါင်းကြီးသွားတယ်။ညဘက်ဆိုလည်း ဘေးအခန်းကနေ ကောင်မလေးတစ်ယောက် စကားတွေပြောပြီး ငိုလိုက်ရယ်လိုက်။အဲ့အခန်းသွားကြည့်လိုက်ရင်တော့ ဘယ်သူမှမရှိဘူး။

တစ်ရက် ကော်ရပ်တာမှာ ဆေးလိပ်ထွက်သောက်ပြီး ဖုန်းသုံးနေတာ။အဲ့ဒီအချိန် ‌အနောက်ဘက်မှာ တစ်ယောက်ယောက်လာရပ်တာကို သိလိုက်တယ်။ကျောကလည်း အေးခနဲပဲ ၊ လေတိုက်လို့ပဲလား သူပဲလာရပ်လို့လားတော့မသိဘူး။လူက သိတော့ ချက်ခြင်းလှည့်မကြည့်ရဲဘူး။အဆောင်မှူးနာမည်ကို အော်ခေါ်ပြီး လှည့်မကြည့်ဘဲ ထွက်ပြေးခဲ့ရတယ်။

အဲ့အဆောင်မှာ အရိပ်ပြတဲ့မိန်းမက ခဏခဏကြုံရတယ်။သူက အိပ်ခါနီးဆို ပြတင်းပေါက်မှန်မှာ အမြဲလာလာရပ်တာ။မျက်စိထောင့်ကနေ မြင်လိုက်ရပေမဲ့ ကြည့်လိုက်ရင် ပျောက်သွားကော။အကောင်အထည်တော့ ဘယ်သူမှမပြပါဘူး။အဲ့ထက်ပြရင်လည်း ထွက်ပြေးရဖို့ပဲရှိတော့တယ် 🤌။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now