120

182 10 0
                                    

#အမေပြောသောပရလောက (၈)
#ကျန်ကျောင်းများ

ဒီအပိုင်းမှာတော့ အမေ့ရဲ့အမှုလေးတွေဘက် ပြန်လှည့်ကြဦးစို့ 🙂.. ထူးခြားတဲ့ အမှုလေးနှစ်ခုကို ပေါင်းရေးထားပါတယ်..

.. ပထမအမှုကတော့ ပရလောကနဲ့သိပ်မဆိုင်ပေမယ့် ဖတ်ဖို့စိတ်ဝင်စားမယ်ထင်လို့.. ဧရာဝတီတိုင်းဆိုတာ ချောင်းတွေ၊ မြောင်းတွေ၊ ရိုးတွေ၊ ချောင်းလက်တက်၊ မြစ်လက်တက်တွေ အတော်ကိုများတဲ့နေရာဆိုတာ အားလုံးသိပြီးသားပါ.. ချောင်းတွေမြောင်းတွေ သိပ်များတဲ့အတွက် တစ်နေရာနဲ့ တစ်နေရာသွားရေးလာရေး ခက်ခဲတယ်..  တစ်ချို့ရွာတွေဆို ကုန်းလမ်းမရှိပဲ တစ်ရွာနဲ့တစ်ရွာတောင်မကဘဲ တစ်အိမ်နဲ့တစ်အိမ်ပါ လှေတွေ ပဲ့ထောင်တွေနဲ့ သွားရတဲ့နေရာတွေရှိတယ်.. မြေကြီး၊ မြေမာရှားတယ်.. ရေပတ်လည်ဝိုင်းနေတဲ့နေရာတွေပေါတယ်.. တစ်ရက်တော့ အဲဒီလို ဧရာဝတီတိုင်းထဲမှာ တော်တော်လေး ချောင်ကျတဲ့နေရာမှာရှိတဲ့ ရွာသေးသေးလေးတစ်ရွာက တိုင်းရင်းသားမိသားစု တစ်စု ကို လူသတ်မှုနဲ့ ဖမ်းခံရလို့ အမေ့ဆီ ရောက်လာပါတယ်.. အသတ်ခံရတဲ့သူက သူတို့နဲ့အတူနေတဲ့ မိသားစုဝင် တစ်ယောက်ပါပဲ.. အဖွားလား၊ အဒေါ်လားတော့ သေချာမမှတ်မိတော့ဘူး.. အဲဒီအိမ်မှာ အဖွားကြီး နေမကောင်းဖြစ်နေတာကြာပြီ.. တစ်ရက်တော့ သူတို့အိမ်ခေါင်မိုး မှာ အသားတွေ အများကြီး နေလှန်းထားတာ ဘေးအိမ်ကတွေ့တယ်.. ယင်တလှောင်းလှောင်း၊ ကျီးတွေကလဲ ဝိုင်းထိုးလို့တဲ့.. တချက်တချက် လေသင့်တဲ့အခါ အပုပ်နံ့ကလည်း နံသတဲ့.. အဲ့ရက်ထဲ ဝက်သား အမဲသားပေါ်တာလည်း မကြားမိဘူး ဆိုတော့ အဖွားကြီးကို သတ်ထားတယ်ထင်လို့ ဘေးအိမ်ကတိုင်တာ.. တရားခံတွေကို တွေ့ကြည့်တဲ့အခါကျတော့ ရိုးရိုးအအ မအူမလည်နဲ့ အဖမ်းခံရလို့ အရမ်းကြောက်နေကြတဲ့ပုံတွေ.. အမေလဲ သူတို့ကို အမှန်အတိုင်းပြော အပြစ်ဒဏ်လျော့အောင်လုပ်ပေးမယ်လို့ မေးတော့ သူတို့သတ်တာ မဟုတ်ပါဘူးတဲ့.. အဖွားကြီးက သူ့ဟာသူ နေမကောင်းဖြစ်ပြီး ဆုံးသွားတာပါလို့ပြောတယ်.. အဲဒါဆို ဘာလို့ အဲလိုတွေ လုပ်ထားတာလဲဆိုတော့ သင်္ချိုင်းကလဲ သွားရတာဝေးတယ်.. မြေကြီးကလဲ တူးရမလွယ်လို့  နုပ်နုပ်စင်းပြီး ခြောက်အောင်နေလှန်းထားပြီး အေးအေးဆေးဆေးမှ သွားမြုပ်မလို့တဲ့.. အရင်ကလဲ သူတို့မိသားစုတွေ သေရင် ဒီလိုပဲ လုပ်နေတာ တဲ့ 🙄..
..ဘယ်လိုမေးမေး အားလုံးက ဒီတိုင်းပဲ ဖြေကြတယ်.. အမွေလိုချင်လို့လားဆိုရအောင်လဲ အိမ်ကလည်း ကြမ်းခုနစ်ချောင်းတောင်မပြည့်ဘူးတဲ့.. လယ်ပိုင်ယာပိုင်လဲ မရှိဘူး.. နိုင်ငံခြားမှာလို မိသားစုဝင်သေရင် အသက်အာမခံကြေးရမှာမို့တို့ ဘာတို့လို သတ်ရတဲ့ motive လဲ မရှိ.. လူတွေကြည့်တော့လဲ စာမတတ်၊ပေမတတ်၊ ရိုးပုံရိုးပန်း၊ မအူမလည်တွေချည်းပဲမို့ နောက်ဆုံးတော့ တရားရုံးက လူသတ်မှုနဲ့ မဟုတ်ဘဲ အလောင်းဖျောက်ဖျက်မှုနဲ့ပဲ ပြစ်ဒဏ် လျော့ပေါ့ပေးလိုက်ပါတယ်တဲ့..   အသိဥာဏ် နုံနဲ့ရှာသူတွေ၊ စာမသိ ဥပဒေ မသိနဲ့ သနားဖို့လည်းကောင်းတဲ့ ဓါးစွမ်းထက်တဲ့ လူတစ်သိုက်.. 😁

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now