117

180 10 0
                                    

#အမေပြောသောပရလောက (၅)
#မီးပုံးပျံ

.. ကျွန်မက ပရလောကအကြောင်းတွေ၊ supernatural ဖြစ်ရပ် တွေကို ကြားဖူးနားဝ နဲ့ လွယ်လွယ်မယုံတတ်တာမို့ ကိုယ်ယုံကြည်ရလောက်တဲ့ သူတွေ ကြုံခဲ့တာတွေထဲကမှ  သိပ္ပံနည်းလမ်းနဲ့ စဥ်းစားလို့မရ အဖြေထုတ်မရတဲ့ အကြောင်းလေးတွေကို ပြန်ပြီး sharing လုပ်တာပါ..
.. ဒီတခါတော့ ကျွန်မရဲ့ အမ ကြုံခဲ့ရတာလေး ရေးပါဦးမယ်..
.. အမ ရှမ်းပြည်နယ် မြို့တစ်မြို့က ဆေးရုံမှာ posting ကျတဲ့အချိန်ကပေါ့.. အမက အပျိုကြီး...  အဲဒီမှာ တာဝန်ကျတဲ့ သူတွေကလည်း သူ့လိုပဲ တနယ်တကျေးကလာကြတဲ့ သူတွေမို့ မိသားစုနဲ့ အဝေးမှာ နေရတာဆိုတော့ ရောက်တဲ့နေရာ၊ ပတ်ဝန်းကျင်က လူတွေနဲ့ ခင်ရာဆွေမျိုး မှတ်ပြီး အတူစား အတူသွားနဲ့ တော်တော်လေး ခင်ကြတယ်.. အဲဒီထဲမှာ ကိုထိုက် (နာမည်လွှဲ) ဆိုတဲ့ ဆရာဝန်ကောင်လေးတစ်ယောက်လဲ ပါတယ်.. ဆရာဝန်ဖြစ်ကာစလေး.. လူကလဲ ဖြူဖြူချောချောလေး.. အမက senior ဆိုတော့ ကိုထိုက်တို့ အဖွဲ့တွေကို စာလဲသင်ပေး၊ ပိတ်ရက်တွေဆိုလဲ အုပ်စုလိုက်လျှောက်လည်ကြမို့ အမကို တော်တော်လေး ခင်ကြတယ်..
.. တစ်ရက်ကျ အုပ်စုလိုက် ထမင်းစားနေကြတုန်း မီးပုံးပျံကြီး သူ့အပေါ်ကျလာတယ်လို့ အိမ်မက် ခဏခဏ မက်တဲ့အကြောင်း အမတို့ကို ပြောပြတယ်.. မင်း မိန်းမရပြီး ဗိုက်ကြီးတော့မှာလို့ သူ့ သူငယ်ချင်းတွေက စကြတယ်တဲ့..
.. တန်ဆောင်တိုင် ရောက်လာပြီမို့ ကိုထိုက်တို့ အုပ်စုလဲ ရှမ်းပြည်ထုံးစံ မီးပုံးပျံလုပ်ဖို့ ဘောလုံးကွင်းထဲမှာ ပြင်ဆင်နေကြတယ်.. အဲဒီအချိန်မှာပဲ ဘယ်ကပေါ်လာမှန်းမသိတဲ့ မီးပုံပျံကြီးတစ်လုံးက ဘောလုံးကွင်းထဲကို ကျလာတယ်.. မီးပုံးပျံကြီးက ကိုထိုက်ထိုင်နေတဲ့ ဆီကို တည့်တည့်ကျလာနေတာ.. ဘေးကလူတွေလဲ ထပြေးကျတော့ ကိုထိုက်လဲ ထ ပြေးတယ်.. ပြေးရင်းနဲ့ ခလုတ်တိုက်သွားပြီး ချော်လဲတဲ့အချိန် မီးပုံးပျံကြီးက သူ အပေါ်တည့်တည့်စွပ်ချလိုက်တော့တယ်.. တောင်ကြီးအင်းလေး တန်ဆောင်တိုင်ပွဲကလို မီးစာအပြည့်နဲ့ မီးပုံးကြီးထဲ ရောက်သွားတဲ့ ကိုထိုက်ဟာ မီးလောင်ဒဏ်ရာအပြည့်နဲ့ ဆေးရုံတင်လိုက်ရတယ်.. ချက်ချင်း မသေပေမယ့် ခန္ဓာကိုယ်ရဲ့ ၉၀% လောက် မီးလောင်ခံလိုက်ရတဲ့အတွက် နောက်ရက်မှာပဲ ဆုံးသွားရှာပါတယ်..
.. သူ ဆုံးပြီး အမတို့ အဖွဲ့ မိုင်းဖုန်းဆရာတော်ကျောင်းသွားကြတော့ ဆရာတော်က အမနောက်မှာ တကိုယ်လုံးမဲ နေတဲ့ တစ်ယောက်လိုက်နေကြောင်းနဲ့ ကုသိုလ်ပြုပေးဖို့ မိန့်ပါတယ်.. အမတို့လဲ ကိုထိုက်အတွက် ထပ်ပြီး ကုသိုလ်လုပ်၊ အမျှဝေကြပါတယ်..
..  ကျွန်မတို့လည်း ဘဝ မှာ အထုံ၊ ဝဋ်ကြွေးပါလာရင် Final destination တို့၊ 1000 ways to die တို့ထဲကလို မထင်မှတ်ထားတဲ့ နည်းလမ်းမျိုးတွေနဲ့ ေ သနိုင်တာ၊ ရှောင်မလွတ်နိူင်တာ တွေးကြည့်ရင် ကြောက်စရာ၊ သံဝေဂရစရာပါ...

End of part-5
Thanks for your time 💛
#TL

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now