31

301 16 0
                                    

ဘယ်သူရေးထားမှန်းတော့မသိပေမယ့် တော်တော်သဘောကျမိလို့ ပြန်တင်ပေးတာပါဗျ🙏🏻
" အန်ကယ်ဒါဆိုအားလုံးပြီးဘီနော်
"အေး ငါ့တူ နေရတာအဆင်ပြေပါစေကွာ.
"ဟုတ် အန်ကယ် ပြေမှာပါ
အိမ်လေးက ချစ်စရာလေး
"မင်းသဘောကျလို့ ဝမ်းသာပါတယ်ကွယ်
နောက်ဆုံးတော့.ကျနော်မုန်းတဲ့ မိဘတွေဆီက စွန့်ခွာပြီး 1နှစ်အကြာမှာ တိုက်ခန်းလေးတစ်ခန်းဝယ်နိင်ခဲ့ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့ပါပြီ
ဝယ်တဲ့တိုက်ခန်းကလဲ ကွန်ဒိုလောက်နီးနီး ဆင်ယင်ထားတဲ့ အခန်းကိုမှ ဈေးသက်သက်သာသာနဲ့ ရလိုက်တော့ ပျော်မဆုံးပေါ့ဗျာ
"ကဲဒါဆို အန်ကယ်ပြန်ဦးမယ်ကွယ် မောင်ဇော်ဖြိုး
"ဟုတ်ကဲ့ပါ အန်ကယ် ဂရုစိုက်ပြီးသွားပါ
"အေးပါကွယ်
--------------------------------------------
ကိုယ်ရှာထားတဲ့ ပိုက်ဆံနဲ့ဝယ်ထားလို့လား မသိဘူး အိမ်လေးကိုကြည့်တိုင်း အရမ်းပိတိဖြစ်တာပဲ..မိဘဝယ်ပေးတဲ့အိမ်နဲ့နေတဲ့ ကောင်တွေကိုတော့အမြင်ကပ်မိတယ်ဗျ ထားပါလေ ကျုပ်က မိဘတွေနဲ့ တည့်တဲ့ကောင်မှမဟုတ်တာ
" ကဲ ပစ္စည်းတွေနေရာချမယ် ပြီးမှပဲ အဝနားတော့မယ်..
--------------------------------------------
"ဟူး ပြီးဘီ ဘယ်အချိန်တောင်ရှိဘီလဲမသိဘူး
'အမလေး မိုးတောင်ချုပ်နေဘီ ဟားဟား
ငါ့နှယ် သူငယ်ချင်းလဲမရှိတော့ တစ်ယောက်ထဲပဲလုပ်နေရတာ..ဟဟ
ကိုယ့်ဘဝကို သဘောကျပြီး ရယ်လိုက်မိသည်
စိတ်ထဲဘီယာသောက်ချင်လာလို့ ဆင်းဝယ်ရန်ဆုံးဖြတ်လိုက်သည်
'ကဲ ဘီယာလေးဆင်းဝယ်လိုက်ဦးမယ်..
မိုးအေးအေး နဲ့သောက်လို့ရအောင်
အဲ့ဒါနဲ့ အမြည်းနည်းနည်းရယ် ဘီယာ ၂ဘူးရယ် ဝယ်ချမ်းပြီး..ရပ်ကွက်အသစ်ကိုလဲ လိုက်စပ်စုရင်းနဲ့ အိမ်ပေါ်ပြန်တက်လာခဲ့တယ်
ဝယ်လာတဲ့ဘီယာကို ဖောက်သောက်ရင်း
ဆိုဖာပေါ်ထိုင်ပြီး တီဗီကလာတဲ့ ဘောပွဲကို အမြည်းလေးစားပြီး ကြည့်နေလိုက်တယ်..
'ဇိမ်ပဲကွာ ဘဝကြီးကကောင်းလိုက်တာ.
' အဟင့် ဟင့်
'ဟမ်
ရုတ်တရက် အိမ်ခန်းထဲကနေ..ငိုသံ လိုလို ရိုက်သံလိုလို အသံတစ်သံကို ထင်ထင်ရှားရှားကြီး ကြားလိုက်ရတယ်
'ဘာလဲဟ
tv ကို ပိတ်ပြီး အိပ်ခန်းထဲကို ဝင်သွားကြည့်လိုက်တယ် ဘာမှလဲမတွေ့ဘူး
ကုတင်ရယ် အဝတ်အစားဗီရိုရယ်
ထိုင်ခုံနဲ့ စားပွဲနဲ့ အားလုံး သူ့နေရာနဲ့သူပဲ
'ဘာလဲဟ ငါစောနက တဂယ်ကြီး ကြားလိုက်တာပါ..
'ကြွက်များဖြစ်နေမလား
ဟိုကြားဒီကြားလိုက်ကြည့်တော့လဲ ဘာမှမတွေ့ဘူး
'ဘေးအိမ်က အသံဖြစ်မှာပါလေ
ငါ့နှယ် ကြောက်တတ်လိုက်တာ
တစ်ယောက်ထဲနေရတာ အဆင်ပြေပေမယ့် တစ်ခါတစ်လေကျ စိတ်ခြောက်ခြားတယ်ဗျ ထားပါ ဘောပွဲဆက်ကြည့်ပြီး ဂိမ်းဆော့မယ်
ည 10 နာရီ
----------------
'အူး ဝါး....အိပ်ချင်လာဘီကွာ
ဘောပွဲလဲ ပြီးဘီ လူကလဲ သောက်တာများလို့ ထွေနေဘီ မရတော့ဘူး
ပစ်လဲချင်လာဘီ
ယိုင်တိုင်ယိုင်တိုင်နဲ့ အိပ်ခန်းထဲသွားပြီး
ကုတင်ပေါ် ဝုန်းဆို တစ်ကိုယ်လုံးပစ်လဲချလိုက်တယ်
" တောက်...
" ဟ ဘာလဲဟ သောက်အိမ်မြှောင်တွေက တစ်မျိုး နားငြီးတယ်ဟာ ပါးစပ်ပိတ်ထား ဒီမှာလူက အိပ်နေတဲ့ဟာကို
[ တောက်ခေါက်သံက ကုတင်အောက်က လာတဲ့အသံဆိုတာတော့ သူသတိမထားမိပါ ]
--------------------------------------------
"ခလော်... ခူးခလော်...ဝွန့် ပြွတ် ပြွတ်
"အဟင့် အဟင့်...ဟင့်
"ဟမ် ဘာ ဘာသံလဲ...အမလေး ဖေ*ိုးမ
လန့်လိုက်တာ...
ငိုသံကြားလို့ ဘေးကိုမျက်စိတစ်ဖက် အသာလေးဟကြည့်လိုက်မိတာ
..အားလားလား....ဘေးက ခေါင်းအုံးပေါ်မှာ ဆောင့်ကြောင့်ခွထိုင်နေတဲ့ ပိန်ကပ်ကပ် မိန်းမတစ်ယောက်ကို တွေ့လိုက်ရတယ်
စိတ်ထဲကတော့ အသားကုန် အော်ပြီး ဆဲမိသွားပေမဲ့ တဂယ်အပြင်မှာတော့ အွန့်ဆိုပြီး ဖြစ်သွားပေမယ့် အော်သံမထွက်ခင် ပြန်ထိန်းလိုက်နိုင်ခဲ့တယ်...
"ဟာ...ဘာကြီးလဲ...
နှလုံးလဲ စက်တပ်ထားသလိုခုန်နေဘီ..မျက်စိလေးကို အသာလေးဟပြီး ဆက်ချောင်းကြည့်နေမိတယ်
" အဟင့် ဟင့်..အီးဟီး..
အားလားလား...တဂယ်ကြီးကို ရိုှက်ရိုှက်ပြီးငိုနေတာ..တစ်ကိုယ်လုံး ပိန်လှီနေတာပဲ ဆံပင်တော့ရှည်တယ်..ခေါင်းငုံပြီး ငိုနေလို့ သူ့ရုပ်တော့မမြင်ရသေးဘူး
"အု...!!
ရုတ်တရတ်ခေါင်းမော့လာလို့ မျက်လုံးကိုမြန်မြန်ပိတ်ပြီး အိပ်ချင်ယောင်ပြန်ဆောင်နေလိုက်တယ်
အေးစက်နေတဲ့အရာတစ်ခုက ပါးပြင်ကို လာထိနေတာ ခံစားရတယ်.....
ပါးပြင်ကို ကိုင်ရာကနေ တဖြည်းဖြည်းပွတ်သပ်လာတယ်..
ကြောက်လို့တုန်နေပေမယ့် မလှုပ်မိအောင်မနည်းထိန်းထားရတယ်...
ရုတ်တရက် နှာခေါင်းထဲ အပုတ်နံဆိုးဆိုးဝါးဝါးကြီးတစ်ခုဝင်လာတယ်
"အု...
ပြို့တက်လာလို့ အိန်ချချင်တာကို မနည်းထိန်းလိုက်ရတယ်
ဒီတစ်ခါလဲ အုလို့ပဲ အသံထွက်သွားပေမယ့် တော်တော်ကျယ်သွားတယ်
လူလဲနည်းနည်းလှုပ်သွားတယ်...
အဲ့နောက်ပါးပြင်ကိုကိုင်တွယ်ပွတ်သပ်နေတဲ့..သူ့ရဲ့လက်တွေ ရပ်တန့်သွားတယ်
"ရိပ်မိသွားတာများလား...
5 မိနစ်လောက်ကြာတဲ့အထိ အသံလဲမကြား အထိအတွေ့လဲ မရတော့ဘူး
"သူ မရှိတော့တာများလား
ဖြစ်ချင်ရာဖြစ်ဆိုပြီး အရဲစွန့်ပြီး မျက်လုံးနှစ်ဖက်ကို အသာလေး ဖွင့်ကြည့်လိုက်တယ်
" အား.....အား...!!!!!
မျက်နှာတည့်တည့်မှာ သူမျက်နှာကြီး ကပ်ပြီး အနီးကပ်ကြီး မျက်လုံးကြီး ပြူးပြီး စိုက်ကြည့်နေတာ....
" ဖေ*ိုးမ မခြောက်နဲ့..*ီးပဲ
ဒီတစ်ခါတော့ အသေလန့်သွားလို့ဒေါသပါထွက်ပြီး ဆဲချလိုက်တယ်
ပြီးတာနဲ့..တန်းပြေးတော့တာပဲ ဝရန်တာကို..
သူကတော့ ကုတင်ပေါ်မှာထိုင်ရက်သား
အဲ့ညတော့ တစ်ညလုံး တိုက်အောက်မှာပဲ ဂိမ်းထိုင်ဆော့နေလိုက်တယ်
လှေကားမှာတောင်မနေရဲတော့တဲ့ အခြေအနေ
" သောက်သရဲမ...မျက်နှာကြီး ကပ်ပြီး
စိုက်ကြည့်နေတာ မနမ်းမိယုံတမယ်ပဲ
မသာမ...ငါ့ကိုလဲ ခွထားသေး
ဒီလိုနဲ့ မနက်ရောက်တော့မှ အိမ်ပေါ် ပြန်တက်ရဲတယ်
ဒါတောင် ဒူးတွေတုန်နေတုန်း
"ငါတော့ ဒီအိမ်ဝယ်မိတာ မှားပြီ
အိမ်လေးက ဈေးနဲ့မလိုက်အောင်တန်တယ်ဆိုပြီး ကြည့်နေတာ လတ်စသတ်တော့ ဟိုဘိုးတော် ဂျင်းထည့်သွားတာပဲ
တောက်
--------------------------------------------
ညနေ 3နာရီ
-------------
"ဒီနေ့ တော့ ဘာအသံမှမကြားသေးဘူးပဲ
ညမှ စမလားမသိဘူး မယ်မင်းကြီးမက
အဲ့လိုနဲ့ လုပ်စရာရှိတာလုပ်ပြီး အဲ့ကိစ္စကိုမေ့မေ့ပျောက်ပျောက်ပဲ
ညရောက်တော့လဲ 9နာရီလောက်အထိအသံမကြားရသေးဘူး
"မခြောက်တော့ဘူး ထင်တယ် ကောင်းတယ် ဟဲဟဲ မနေ့ကဆဲပေးလိုက်တာ မှန်သွားတယ်
ကိုယ့်ဟာကိုယ်ဂုဏ်တွေယူပြီးဘဝင်တွေမြင့်နေမိတယ်
--------------------------------------------
12နာရီ
-----------
" ကဲ အိပ်တော့မယ် သရဲမလဲ မရှိတော့ဘူး အေးဆေး အိပ်လို့ရတော့မယ် လို့ တွေးပြီး အိပ်ခန်းထဲ ခပ်သွက်သွက်ဝင်သွားလိုက်တယ်
ကုတင်ကိုကြည့်ရင်တော့ နည်းနည်းကြောက်စိတ်ဖြစ်မိပေမယ့် အရဲစွန့်ပြီး တက်လိုက်တယ်..
"ဖက်
ကုတင်ပေါ်ခြေထောက်တစ်ချောင်းပဲ လှမ်းပြီးပြီးချင်းမှာပဲ မထင်မှတ်ပဲ နောက်ခြေထောက်တစ်ဖက်ကို လက်အေးအေးကြီးနဲ့ လှမ်းကိုင်တာ ခံလိုက်ရတယ်...
" အမလေး အား...
အားကုန်သုံးပြီး အိပ်ခန်းအပြင်ကို တစ်ချိုးထဲ ပြေးဖို့အလှည့်မှာပဲ မလှမ်းမကမ်းက ထိုင်ခုံနဲ့ ခလုတ်တိုက်ပြီး..မှောက်ရက်ကျသွားတယ်
အဲ့အချိန်မှာ...မျက်စိက အလိုလို ဘေးမှာရှိတဲ့ ကုတင်အောက်ကို.အကြည့်ရောက်သွားပြီး မြင်လိုက်ရတာက....
ကုတင်...အောက်ကနေ လက်ကြီးကို ဆန့်ထုတ်ထားပြီး...အဝတ်အစားမပါတဲ့ ပိန်လှီလှီ မိန်းမတစ်ယောက်...
ပြီးတော့..လက်တစ်ဖက်က ကုတင်ထဲကနေ ဆန့်ထုတ်ထားတယ်...
လှမ်းခေါ်တဲ့ပုံစံမျိုးထက် သူ့ကိုခေါ်ပါဆိုတဲ့ပုံမျိုး..
ကျနော်သူ့ကိုကြည့်နေတာလဲ မြင်သွားရော...
" အဟင့် ဟင်...ရွှတ် ရွှတ် ဟင်း...
အဟင့်
"အမလေး အသားကုန်ကိုငိုတော့တာပဲ
ဒီတစ်ခါငိုတာအကျယ်ဆုံးပဲ..ဆန့်ထုတ်ထားတဲ့လက်ကြီးကလဲ ပိုအားပါလာတယ်အကြောတွေပါထောင်လို့ တစ်ကိုယ်လုံးလဲ လှုပ်ရမ်းလာတယ်
" အမလေး..အမေ !!!
အမေ့ကို မုန်းတဲ့ ကျနော်တောင် အမေကိုတပြီး အခန်းအပြင်ကို တစ်ချိုးထည်း ပြေးတော့တာပဲ
"ဟူးဟဲ ဟောဟဲ
ရင်တွေရော ဒူးတွေရော တစ်ကိုယ်လုံးရော တုန်ချီနေပြီး ရေသောက်တာ ရေပါတီးသွားတယ်...
အဲ့ဒီနောက် 10 မိနစ်လောက် ငြိမ်ငြိမ်ထိုင်ပြီး..စိတ်ငြိမ်အောင်ကြိုးစားတယ်
သူ့ငိုသံကတော့ မရပ်သွားသေးဘူး
အချိန်တော်တော်ကြာမှ သူ့ငိုကြွေးသံ ပျောက်ကွယ်သွားတယ်
လူ့စိတ်ဆိုတာလဲ ခက်သားဗျ
အသံတိတ်သွားတော့ သူရှိသေးလား ဆိုပြီး သွားကြည့်ချင်လာပြန်ရော
အဲ့ဒါ အိပ်ခန်းအပေါက်ဝကနေ ခေါင်လေးပြူပြီး ကြည့်ကြည့်လိုက်တော့...
"ဟာ...
ပါးစပ်ကပါ.. အော်လိုက်မိတယ်
မအော်နိုင်ရိုးလား
ကုတင်ပေါ်တက်ပြီး..ငူငူကြီးထိုင်နေတယ်
အဝတ်အစားလဲ တစ်ခုမှကို မပါဘူး
ပြီးတော့လဲ ကျနော်အိပ်တဲ့နေရာမှာ ထိုင်နေတာ
"အဟင့် ဟင်း..အူး...ဟင့်
ကျနော့်ကိုမြင်တာနဲ့ ရုတ်တရက် ကိုငိုချတော့တာပဲ
ရုတ်တရက် မို့ ထပ်လန့်သွားပေမဲ့
ပြေးတော့မပြေးမိဘူးဗျ
အခန်းဝမှာပဲ ရပ်ပြီး သူ့ကိုရပ်ကြည့်နေလိုက်မိတယ်
ကုတင်ပေါ်မှာပဲထိုင်ရက်သား ငိုငိုပြီး
သူ့လက်ကိုကျနော့်ဘက်ကို ကမ်းပေးနေတဲ့ ပုံက တဂယ်ကြောက်စရာပေမဲ့
ကျနော် အရှေ့ကို နည်းနည်းတိုးလိုက်တယ်
သူကတော့ ကုတင်နားတစ်ဝိုက်ကနေ မရွှေ့သေးဘူး..
စမ်းကြည့်ချင်တဲ့စိတ်နဲ့ သတ္တိမွေးပြီး..ကုတင်နဲ့ တော်တော်နီးနီးကပ်ကပ်ထိ တိုးသွားလိုက်တယ်...
သူတစ်စက်မှ မရွှေ့လာဘူး အဲ့ကုတင်နားမှာပဲ အပေါ်တက်လိုက်အောက်ဆင်းလိုက် လက်ကမ်းပေးလိုက်ငိုလိုက်နဲ့ ဗြောင်းဆန်နေတယ်..
အဲ့မှာပဲ ကျနော်တစ်ခုသဘောပေါက်သွားတာက..သူအဲ့ကုတင်နား ကနေ တစ်ခြားနေရာသွားလို့ မရဘူး ရွှေ့လို့မရဘူးဆိုတာပဲ
ကျနော် သဘောကျပြီး ဝမ်းသာတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်...
" နင်ဒီနားကနေ ရွှေ့လို့မရဘူးမလား
သူကဘာမှပြန်မပြောပဲကြောင်ကြည့်နေတယ်
"အဲ့တော့ ဘာဖြစ်လဲ ဒီအခန်းထဲငါဘယ်တော့မှ ဝင်မလာယုံပဲပေါ့
သူရုတ်တရက် တိတ်ဆိတ်သွားတယ်
"ငါအပြင်မှာပဲ အိပ်မယ် ဒီအိမ်မှာပဲ ငါဆက်နေမယ် ဒါငါ့အိမ်..ဒီအခန်းထဲတော့ ဘယ်တော့မှ ဝင်မလာဘူး ကုတင်တစ်လုံးတော့ထပ်ဝယ်ရမှာပေါ့ ဟားဟား
နင့်ဘာသာနင် ဒီအခန်းထဲလုပ်ချင်သာလုပ်တော့ တာ့တာ
အောင်နိုင်သူတစ်ယောက်လို..ကျနော်သူ့ကိုပြုံးပြရင်း အခန်းကိုကျောခိုင်းပြီး ထွက်လာခဲ့တယ်..ပြီးတာနဲ့ အခန်းတစ်ခါးကို သော့ခတ်လိုက်တယ်
--------------------------------------------
အဲ့နောက်ပိုင်းတော့ အရာအားလုံးအဆင်ပြေသွားတယ်..ကျနော့်က ကျနော့်နေရာ ကျနော်နေတယ် အခန်းထဲလုံးဝမဝင်ဘူး
သူကတော့ အဲ့အခန်းထဲမှာ ညဘက်တွေငိုတုန်း တစ်ခါတစ်လေ နေ့ဘက်လဲ ငိုတယ် တစ်ချို့ရက်တွေဆို အသေအော်ငိုတယ် အဲ့အခါကျ သီချင်းအကျယ်ကြီး ဖွင့်လိုက်တယ်
ဒီလိုနဲ့ နေလာတာ တစ်ပတ်လောက်ရှိဘီ
ကျနော့် သူ့ကိုရှိတယ်တောင်မထင်တော့ဘူး သူရဲ့ငိုသံက ကျနော့်ရဲ့ အိပ်ယာဝင်တေးသီချင်းလေးလိုတောင်ဖြစ်လာဘီ
တစ်ခါတစ်လေ သူ့ကိုအခန်းအပြင်ကနေ လှမ်းစတယ် လှမ်းဆဲတယ် သူကျနော့်ငိုဘာမှမလုပ်နိုင်ဘူးလေ ဟဲဟဲ
အရာအားလုံး အေးဆေးပဲ
--------------------------------------------
[1 Year Later] {1နှစ်အကြာ}
------------------------------------------
"ဟူး မောလိုက်တာ..အခုမှပဲ နားရတော့တယ်
အခုဆို ကျနော်မှာ ပိုကောင်းတဲ့အလုပ်လဲရှိနေဘီ လစာလဲ အရင်ထက်ပိုရနေဘီ
အလုပ်ကပြန်ပြန်ရောက်ရောက်ချင်း
ဘီယာအေးလေး တစ်ဘူးသောက်ပြီး အမောဖြေလိုက်တယ်
" သြော် ငါလဲ တော်တော်တောင်ဘီယာစွဲနေဘီပဲ ဖြတ်မှ
"ဟင်...
" ဘီယာသောက်နေတုန်း..တန်းလန်း
ဟိုအခန်းထဲကသရဲမရဲ့ အရင်က မကြားဖူးတဲ့ အသံတစ်ခုကို မထင်မှတ်ပဲ ရုတ်တရတ် ကြားလိုက်ရတယ်
"ဘာ  သူ...သူ _____ နေတာလား
ဘီယာသောက်နေတုန်းတန်းလန်း ဟိုအခန်းထဲက သရဲမရဲ့ အရင်က မကြားဖူးတဲ့အသံတစ်ခုကိုမထင်မှတ်ပဲရုတ်တရက်ကြားလိုက်ရတယ်
" ဘာ သူ...သူ သီချင်းညီးနေတာလား
သီချင်းညီးတယ်ဆိုတာထက် တီးလုံးသံစဉ်တစ်ခုကို.ညီးနေတယ်ဆို ပိုမှန်မယ်..
တစ်နှစ်လုံးနီးပါး..သူ့ကိုကြောက်ဖို့နေနေသာသာ ရှိတယ်တောင်မထင်ခဲ့တဲ့ ကျနော်...မကြားဖူးတဲ့ အသံ အသစ်အဆန်းကြောင့်..ကြက်သီးတွေကျောထဲထိဆိမ့်တက်သွားတယ်
"ဟာ ငါဘာလို့ကြောက်နေတာလဲ
သူအဲ့ကုတင်နားကနေတောင် ရွှေ့မရတာ
ငါ့ကိုဘာလုပ်နိုင်မှာမို့လဲ
ခြောက်ခြားစပြုနေတဲ့ကိုယ့်စိတ်ကိုပြန်ထိန်းထားပေမယ့်...ထိန်းချုပ်လေ ပိုခြောက်ခြားလေဖြစ်လာတယ်
"တူ..တူးတူ..တားတာ..တား..အွန်း....
လာလာလာ...တူ..တူး.....တူ.....
ချိုသာလှတဲ့ တီးလုံးသံစဉ်လေး တစ်ခုကို
အသံချိုချိုလေးနဲ့ တိုးတိုးလေး ညီးနေတာဟာ..အဲ့လောက်သွေးပျက်စရာကောင်းမယ်လို့မထင်ခဲ့ပါ
၁နာရီကျော်နီးပါးကြာတဲ့အထိ တီးလုံးသံက မရပ်သွားပါ....
စိတ်ထဲမှာလဲ အခန်းထဲကို ဝင်ကြည့်ချင်စိတ်တွေတဖြည်းဖြည်း စတင်ပေါ်ပေါက်လာခဲ့တယ် အဲ့သံစဉ်ချိုချိုလေးက ကျနော့်ကိုဆွဲဆောင်နေသလိုလို ဖိတ်ခေါ်နေသလိုလို
ထိုင်နေရာမှ ထလိုက်ပြီး..ကျနော်ရဲ့ ခြေလှမ်းတွေကို ထိုအခန်းဘက်သို့ ပြင်လိုက်တယ်..
မကြာခင်မှာပဲ ကိုယ်တိုင်တောင် မသိလိုက်ပဲ အခန်းဝ ရောက်သွားတယ်...
တံခါးမှာ ခတ်ထားတဲ့ သော့ကို ဖွင့်လိုက်တယ်...ထို့နောက် အခန်းတစ်ခါးကိုလဲ ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်တယ်..
"ကျွီ....
ပြီးတော့ ကျနော်တွေ့လိုက်ရတာက..
ကုတင်ပေါ်မှာကျောပေးပြီး ထိုင်နေတဲ့ သူမ.....သံစဉ်လေးကို ချိုသာစွာ သီဆိုနေတယ်..
သူမရဲ့ဆံပင်ရှည်လေးက သူမ နောက်ကျောတစ်ခုလုံးကိုဖုံးအုပ်ထားတယ်...
ကျနော်တဖြည်းဖြည်းနဲ့ အနားကိုတိုးသွားနေမိတယ် ဒါထောင်ချောက်မှန်းကျနော် သိပေမယ့် ထိုသံစဉ်သံကို မလွန်ဆန်နိုင်တော့ဘူး
မကြာခင်မှာပဲ သူအနောက်ကိုရောက်သွားတယ်...ကျောပေးထားလို့ မျက်နှာကို မမြင်ရပေမယ့်..သူ့အနံ့လေးကမွှေးလှတယ်
"ဟေး...
ကျနော်အသံပေးလိုက်ပေမယ့် သူ့ဘက်ကတော့ မတုန့်ပြန်ပဲ သံစဉ်လေးပဲ ဆက်သီဆိုနေတယ်
"ဟေး..ငါမင်းကို ကူညီပေးချင်တယ်..
" ခစ်ခစ်ခစ်
သူမကရုတ်တရက် တခစ်ခစ်ထရယ်တယ် ပြီးတော့ သံစဉ်ကိုပဲ ဆက်ညီးနေတယ်
"တူးတာ..တားတား..အွန်း..တာ့တားတာ
ကျနော်စိတ်မရှည်တော့ပဲ..သူမကို ပုခုံးက ကိုင်ပြီး..ဒီဘက်ဆွဲလှည့်လိုက်တယ်..
"ဟာ...
လက်ထဲမှာ..ကိုင်ထားတဲ့ တံခါးသော့လေးပါ လွှတ်ကျတဲ့ အထိ ကျနော် အံသြ သွားရတယ်
ဖြူစွတ်စင်ကြည်နေတဲ့ အသားအရေ...
မင်းသမီးတစ်ပါးလို ချောမောလှပလွန်းတဲ့ မျက်နှာ....နက်မှောင်ရှည်လျားလွန်းတဲ့ ဆံပင်....တို့နဲ့ သူမရဲ့ အလှတရားက ကျနော့်ရင်ကို လုှပ်ခတ်သွားစေတယ်
အရင်က တွေ့ခဲ့သလို ပိန်ပိန်လှီလှီ ရုပ်ဆိုးဆိုး မိန်းမမဟုတ်ပဲ အခုကျ နတ်သမီးလေးလိုလှပနေတဲ့ သူမကို ကျနော်နားမလည်နိုင်ဖြစ်နေတယ်
ကျနော် အချိန်တန်ကြာသည်ထိ ကြောင်ကြည့်နေမိတယ်..
သူမကလဲ မျက်လုံးမှိတ်တုတ်မှိတ်တုတ်နဲ့ ကျနော့်ကို မော့ကြည့်နေတယ်
"မင်း...က ဘယ်သူလဲ.....
"ရှင်ဘာလာလုပ်တာလဲ ဒီအခန်းထဲ
"ဟင်
"သွားလေ အပြင်မှာသွားနေလေ ရှင်လုပ်ကျအတိုင်း..ကျွန်မလဲ ကျွန်မလုပ်နေကျအတိုင်း ဆက်ငိုနေမယ်..
ရှင်ပြောခဲ့တဲ့ စကားလိုပေါ့..မင်းနေရာမင်းနေ ငါ့နေရာငါနေမယ်ဆိုသလိုပေါ့
ထိုစကားကြောင့် ကျနော် ပြောစရာစကားမရှိပဲ ဆွံအသွားခဲ့တယ်
ကျနော့်လုပ်ရပ်မှားခဲ့ဘီလား
"ဟို ငါနင့်ကိုကူညီချင်လို့ပါ
"ဟားဟားဟား
ရုတ်တရက်သူမအကျယ်ကြီးထအော်ရယ်တယ်
"ဘာကြောင့်ချက်ချင်းကြီး ကူညီချင်သွားတာလဲ..ဟားဟား
"ငါ...ငါ..
"ဘာလဲ ဒီအလှတရားကြောင့်လား..
"မ မဟုတ်.....
"ဒီလိုဆိုရင်ရော ရှင်ကူညီချင်သေးလား
"ဟမ်
ချက်ချင်းဆိုသလို..အရှေ့ကလှပတဲ့ မိန်းမပျိုလေး ပျောက်ကွယ်သွားပြီး ပိန်လှီလှီ ရုပ်ဆိုးဆိုးမိန်းမကြီး ပေါ်လာတယ်
မျက်နှာကလဲ စောနကလိုမဟုတ်တော့ပဲ
မျက်လုံးတစ်ဖက်ကျွတ်ထွက်နေတယ်
နှင်းဆီဖူးနှုတ်ခမ်းလေးကလဲ အခု ပြည်တွေတည်နေတယ်..ဆံပင်ကလဲ ကြမ်းထော်ပြီး ရှုပ်ပွနေတယ်
ရုတ်တရက် မို့ကျနော် တစ်ကိုယ်လုံးတုန်သွားတယ် ဒါပေမယ့် ကျနော် ကြောက်စိတ်ကြီးကြီးမားမားတော့မဖြစ်တော့ဘူး
"ငါနင့်ကိုမကြောက်တော့ပါဘူးဟာ"ဘာဖြစ်လို့လဲ ကြောက်စိတ်ထက်  ထန်တဲ့စိတ်က ပိုများသွားလို့လား နှာဘူးကောင်
"ဟင် နင်ဘာတွေပြော....
"နင်ဒီအခန်းထဲက ထွက်သွားလိုက်တော့နော် ငါမသတ်ချင်ဘူး!!!!
"နင့်ဟာနင်တောင် ကုတင်နားကလှုပ်လို့ရလို့လား..
"ဘာ..
"ငါနင့်ကိုကူညီဖို့ကြိုးစားနေတာ
စိတ်အေးအေးထားပါဦး!!!!!!!
ကျနော် စိတ်တိုပြီး အော်ထည့်လိုက်တယ်
သူခဏတော့ တိတ်သွားတယ်..ပြီးတော့
"အဟင့် ဟင့်...အီးဟီး ဟင့်
"ဟာ ..
"အဟင့် ဟင့်!!
သူခေါင်ငုံ့ပြီးကျယ်လောင်စွာငိုကြွေးနေတယ်
"ဟို ဟို..ငါအော်တာမဟုတ်ပါဘူး
မငိုပါနဲ့...ဟာ...နော် နော်
"အဟင့်...
သူကတော့ဆက်ငိုနေတုန်း..ကျနော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်
ဖြစ်ချင်ကာဖြစ်ဆိုပြီး သူဘေးမှာထိုင်ချလိုက်တယ်...
"မငိုပါနဲ့ ငါအော်လိုက်မိတာ တောင်းပန်ပါတယ်...နော်နော်....
"ဟင့်
ငိုသံတော့ တဖြည်းဖြည်းတိုးလာတယ်
"ငါနောက်မအော်တော့ပါဘူး...နော်
မငိုနဲ့
အဲ့ကျမှ သူငိုသံလေး ရပ်သွားတယ်...
ကျနော့်အဖြစ်က စိတ်ကောက်ပြီးငိုနေတဲ့ ချစ်သူကို ချော့နေသလိုပုံပေါက်နေတာကိုတွေးမိပြီး...ပြုံးလိုက်မိတယ်
"နင် နင့်နာမည်ဘယ်လိုခေါ်လဲ
"သံစဉ်ချို
"နာမည်နဲ့လိုက်အေင်အသံချိုတာပဲနော် ဟီး
" ငါ့နာမည်ကတော့...
"မပြောနဲ့ မသိချင်ဘူး ငါမေးမိလို့လာဖြေနေတာလား
"ဟောဗျာ...မိတ်ဆက်တဲ့ဟာကို
"မမိတ်ဆတ်နဲ့ ကိုယ့်နေရာကိုပြန်တော့
သွား သွား...
"အေးပါ..ဒါနဲ့..ငါ ဒီအခန်းထဲ လာလို့ရတယ်မလား
"ဘာလုပ်မို့လဲ လာပြီး
"ငါလုပ်စရာရှိလို့ပါ..နင်နဲ့တွေ့ဖို့လာတယ်များထင်နေလား
"တောက်
"အမလေး စတာပါဟဲ့ မယ်မင်းကြီးမရဲ့
စိတ်မဆိုးပါနဲ့..ဒုက္ခပါပဲ
"သွားတော့ ငါနင့်ကိုမမြင်ချင်ဘူး
"အေး အေးပါ..
ဒီတစ်ခါတော့ အခန်းတစ်ခါးကို ဖွင့်ရက်လေးပဲ ထားခဲ့လိုက်မိတယ်
ကျနော်ရဲ့ ရင်ထဲမှာလဲ ဘာမှန်းမသိတဲ့တစ်စုံတစ်ခုကိုခံစားနေရတယ်..သေချာတာတော့ ကျနော် အဲ့အခန်းထဲ မကြာခဏ သွားမိတော့မယ်ဆိုတာပဲ--------------------------------------------
အဲ့ညကစပြီးတော့..
ကျနော်တို့တော်တော်ရင်းနှီးလာခဲ့တယ်
သူ့အခန်းထဲကို အမြဲသွားတယ် စကားတွေပြောကြတယ်..
သူငိုတဲ့ညတွေဆို..ကျနော်က အခန်းထဲဝင်ပြီး အငိုတိတ်အောင်ချော့ရတယ်
ဘာကြောင့်မှန်းမသိ သူငိုတာ မကြည့်ရက်တော့ဘူး
တစ်ခါတစ်လေကျ သူ့ကိုလွမ်းတယ်
သရဲဆိုတော့ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာလေ တစ်ခါတစ်လေကျ ရုပ်ဆိုးဆိုးနဲ့ တစ်ခါတစ်လေကျ နတ်သမီးလေးလို ပေါ်ပေါ်လာတာ
အခုဆို..Tv တောင် အဲ့အခန်းထဲပြောင်းထားပြီး သူနဲ့ပဲ တူတူကြည့်ဖြစ်တော့တယ်
ဒီနေ့လဲ သူမပေါ်လာသေးဘူး မနက်ထဲက.ညတောင် ရောက်နေဘီ
သူ့အလာကို ကုတင်လေးပေါ်မှာ ထိုင်စောင့်နေမိတယ်
"ကြာလိုက်တာ..သံစဉ်ရယ်
"ဝုန်း
"အမလေး လန့်လိုက်တာ
"ဟားဟား လန့်သွားလား စလိုက်တာ
"စောင့်နေတာကြာဘီ လာလာ..
ကာတွန်းကားဝယ်လာတယ်
"အေးနင်စောင့်နေတာငါမြင်တယ်
"ဟင် အာ့ဆို..နင်ကဘာလို့မခေါ်တာလဲ
"ငါခေါ်လို့်မှမရတာ ခေါ်လဲနင်မကြားဘူးလေ နင့်ဘေးမှာပဲ ထိုင်နေတာ နင်မှမမြင်ရတာ
"အဲ့ဒါဘာလို့လဲ
"ငါလဲမသိဘူး ငါကဝိညာန်ဆိုတော့ ပေါ်ချင်တဲ့ အချိန်ပေါ် ပျောက်ချင်တဲ့အချိန်သူ့ဟာသူပျောက်နေတာ
"သြော်အဲ့လိုလား
"အေး
"ဒါနဲ့ ထပ်မေးရဦးမယ်
"မေးလေ
အခုကျနော်အရမ်းသိချင်တဲ့အရာကို..
မေးလိုက်တော့မယ်
"နင်က ဘာလို့ တစ်ခါတစ်လေ လှ
တစ်ခါတစ်လေကျ ရုပ်ဆိုး အဲ့လေ မှားလို့
တစ်ခါတစ်လေကျ ပိန်ကပ်ကပ်ဖြစ်သွားတာလဲ
"ငါပျော်တဲ့အချိန်ကျရင်..ငါပုံမှန်ပဲ
ငါဝမ်းနည်းဒေါသဖြစ်လာရင် သေတုန်းက ပုံဖြစ်သွားရော
"သြော်... ဟင်..နင်သေတုန်းကပုံ? ဟုတ်လား..? နင်ဘယ်လိုသေခဲ့တာလဲ ဟင်
သူမ မျက်နှာတော့နည်းနည်းပျက်သွားတယ်
"ငါ့ကိုပြောပြနိုင်မလား..
"ငါအဲ့အကြောင်းတွေမပြောချင်ဘူး
"လုပ်ပါဟာ..ငါသိချင်လို့ပါ
နော် နော်
ချော့မေးလိုက်တော့ ထုံးစံအတိုင်း..
သူမ ခဏတိတ်ဆိတ်သွားတယ်..
ပြီးတော့..
"လွန်ခဲ့တဲ့ 6နှစ်လောက်ကပေါ့..--------------------------------------------
ငါ အရမ်းချစ်ရတဲ့ ကောင်လေးတစ်ယောက်ရှိတယ်
မိဘတွေက သဘောမတူလို့ ငါတို့ခိုးပြေးခဲ့ကြပြီး သူ့မိဘအိမ်မှာပဲ နေခဲ့ကြတယ်..
ငါ့မိဘတွေလဲ အမြွေဖတ်လိုက်ကြတယ် ငါ့ကို
သူ့မှာ စိတ်မမှန်တဲ့ အသက် 17နှစ်အရွှယ် ညီရယ်.. သူ့အဖေရယ် ရှိတယ်...သူ့အမေကတော့ ဆုံးပါးသွားဘီ...
သူကတော့ မနက်အလုပ်သွား
ညမှပြန်ရောက်တယ်
သူ့အဖေကလဲအိမ်ပွဲစားဆိုတော့ တစ်ခါတစ်လေမှ အိမ်မှာရှိတယ်
စစရောက်ရောက်ချင်း တစ်ပတ်လောက်ကအဆင်ပြေပေမယ့်...
တစ်ရက်ကျတော့ သူရဲ့ စိတ်မမှန်တဲ့ညီက ငါ့ကို ထိတာ ကိုင်တာတွေလုပ်လာတယ်..မတော်တဆကနေ တမင်တကာ ကိုယ်တွယ်ပွတ်သပ်တာတွေ လုပ်လာတယ်
ငါလဲ သူ့အဖေနဲ့ ပြန်တိုင်ပေမယ့် အဲ့အဘိုးကြီးကပါ ငါ့ကို စိတ်မမှန်တဲ့ သူ့သားကို စွပ်စွဲပါတယ်ဆိုပြီး ပါးချတယ် ရိုက်နှက်တယ်..
နင့်ယောက်ကျားကို ဒီကိစ္စတွေ ပြန်ပြောပြရင် အသေသတ်မယ် ငါတို့မိသားစုကို သွေးမခွဲနဲ့ ခွေးမဆိုပြီး ဆဲဆို ခြိမ်းခြောက်တယ်
ငါလဲ ကြောက်ကြောက်နဲ့ ပြန်မပြောခဲ့ဘူး
သူတို့လုပ်သမျှငြိမ်ခံနေရတယ်
အဲ့စိတ်မမှန်တဲ့ ကောင်ကလဲ..တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာတယ်
တင်ပါးကို အနောက်ကိုခိုးရိုက်တာတို့
နှုတ်ခမ်းကိုနမ်းပြီး ထွက်ပြေးတာတို့
အနောက်လာဖက်ပြီး ရင်သားကိုလာညစ်တာတွေထိ လုပ်လာတယ်
အဲ့လိုနဲ့ တစ်ညကျ
ငါ့ယောက်ကျားကလဲ ပြန်မလာသေးဘူး
ငါက နောက်ဖေးမှာ..ပန်းကန်ဆေးနေတာ..အဲ့အချိန် အနောက်ကနေ တင်ပါးကို ရိုက်ပြီး ပြေးသွားတာကို ခံလိုက်ရတော့ ဒေါသထွက်ပြီး ဘေးက ရှိတဲ့ဓားနဲ့..
ထိုးချလိုက်တာ သူ့လက်မောင်းထဲစိုက်သွားတယ်
အဲ့အချိန်မှာ..ငါ့ယောက်ကျားကလဲ အိမ်ပြန်ရောက်လို့ နောက်ဖေခန်းထဲဝင်လာတဲ့ အချိန် သူ့ညီလက်မောင်းထဲကို ဓားနဲ့စိုက်နေတဲ့..ငါ့ကို မြင်သွားပြီးတော့..
သူအရမ်းလန့်သွားတယ် သူ့ညီကလဲ အော်ငိုနေတယ်
အဲ့မှာ သူ့အဖေက ဝင်လာပြီးတော့
"တွေ့လား မင့်ညီကို နှိပ်စက်နေတာ
အဲ့ဒါနေ့တိုင်းပဲကွ..
မင့်ကိုပြန်ပြောရင်..ငါ့ကိုသတ်ပစ်မယ်ဆိုပြီးလဲ ခြိမ်းခြောက်တယ်..
ကလေးကိုနေ့တိုင်းနှိပ်စက်တယ်
ဟိုနေ့ကလဲ ရေသန့်လာပို့တဲ့ကောင်နဲ့ အိပ်ခန်းထဲဝင်သွားတာ ငါတွေ့တယ် ဆိုပြီး
မဟုတ်က ဟုတ်က တွေ ငိုယိုပြီး လိမ်ပြောတယ်
အဲ့မှာ ငါ့ယောက်ကျား က ဒေါသအရမ်းထွက်သွားပြီး ခွေးမ လာစမ်း ဆိုပြီး
ငါ့ကို ဆံပင် အရင်းကနေဆောင့်ဆွဲပြီး
ဒီအိပ်ခန်းထဲ တရွှတ်တိုက်ခေါ်လာခဲ့တယ်
ပြီးတော့..ကုတင်ပေါ် ပစ်တင်ပြီး..
ငါ့အပေါ်ခွပြီး..ပါးတွေနားတွေ အဆက်မပြတ်ရိုက်တယ်..လက်သီးနဲ့ထိုးတယ်
လည်ပင်းညှစ်တယ်..မျက်နှာကို တံထွေးနဲ့ ထွေးတယ် ငါ့သွားတွေလဲ သူ့လက်သီးကြောင့်.. ကျိုးထွက်ကုန်တယ်
ပြီးတော့ သူ့ညီကိုခေါ်ပြီး ဒီကောင်မကို
မုဒိန်းကျင့်စမ်းဆိုပြီး..သူအဖေနဲ့ သူနဲ့..ကငါ့ကိုဝိုင်းချုပ်ထားတယ်
အဲ့လောက်ယွနေတဲ့ကောင်မ..မှတ်ဘီလားဆိုပြီး.. တစ်ယောက်တစ်လှည့်ဆီ သုံးယောက်လုံးငါ့ကို အဆတ်မပြတ်အစုံ မုဒိန်းကျင့်ကြတယ်...
ငါသေလုမြောပါးခံစားလိုက်ရတယ်
ပြီးတော့ ငါ့ကို ကုတင်ပေါ်မှာကြိုးတုတ်ပြီး..အပြင်ကနေ အခန်းသော့ခတ်သွားတယ်
နောက်နေ့လဲ အဲ့လိုပဲ သုံးယောက်သား ငါ့ကို ဝိုင်းထိုးတယ်..ဝိုင်းမုဒိန်းကျင့်ကြတယ်..အက်ဆစ်ကို spray ဘူး အလွတ်ထဲထည့်ပြီး..မျက်နှာနဲ့ဆံပင်ကိုဖြန်းတယိ အဝတ်အစားတွေလဲပေးမဝတ်ဘူး အမြဲကိုယ်လုံးတီးနဲ့ပဲထားတယ်....
ရေဆာလို့တောင်းပန်ပြီးရေတိုက်ပါတောင်းရင် သူတို့သေးတွေတိုက်တယ်..
မသောက်ဘူးငြင်းရင်လဲ မျက်နှာပေါ်ပန်းချတယ် အမြဲကြိုးတုပ်ထားတယ်
တစ်ခါက အော်ဖို့ကြိုးစားလို့ဆိုပြီး..
ပါးစပ်ဟခိုင်းပြီး အက်ဆစ်တွေဖြန်းထည့်တယ်..သွားတွေရိုက်ချိုးတယ်
အစာလဲ ခွေးစာကျွေးသလိုကျွေးတယ်
တဖြည်းဖြည်းနဲ့ ငါ့ယောက်ကျားကိုယ်တိုင်က ငါ့ကိုနှိစက်ရတာပျော်လာတယ်
သူ့မိန်းမလို့ကိုမမြင်တော့ဘူး
တစ်နေ့သူ့ငါ့ကို ရိုက်နှက်နေတဲ့ အချိန်
ငါ့သူ့လက်ကိုကိုက်ပြီး ထွက်ပြေးဖို့ကြိုးစားတုန်း သူ့အဖေကဖမ်းမိသွားတယ်
ငါ့ယောက်ကျားက အရမ်းစိတ်ဆိုးသွားပြီး
ဘေးမှာရှိတဲ့ ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်တယ်..
ငါ့မျက်လုံးထဲ ကတ်ကြေးဝင်သွာယတာကိုခံစားနေရတယ် ငါအသက်ငင်နေတုန်း ငါ့ကို လူမဆန်စွာ မုဒိန်းကျင့်ကြတယ်
ငါအသက်ထွက်သွားတော့လဲ ငါ့အလောင်းကို ထိုးကြိတ်နေကြတုန်း
အားလုံးပြီးတော့ သူတိူ့ ငါ့အလောင်းကိုတစ်နေရာမှ သွားစွန့်ပစ်လိုက်ကြတယ်
အစိမ်းသေဖြစ်တဲ့ငါကမကျွတ်ပဲ ဒီတိုက်မှာ သရဲလာဖြစ်တယ်
ပြီးတော့ ငါနည်းအမျိူးမျိုးနဲ့ ကြိုးစားပြီး
ငါ့ယောက်ကျားနဲ့ သူ့ညီကိုပြန်သတ်ပြီး လက်စားချေလိုက်တယ်
သူ့အဖေကကျ အဆောင်တွေနဂိုထဲက ဆောင်ထားသူမို့ငါထိမရဘူး
အဲ့ကျ သူ့အဖေက အရမ်းစိတ်ဆိုးသွားပြီး
သူကိုးကွယ်တဲ့အောက်လမ်းဆရာကိုခေါ်လာပြီး ငါ့ကိုဒီအခန်းထဲက ဒီနေရာကနေ ရွှေ့မရအောင် ချုပ်ထားလိုက်တယ်
အဲ့နေရာက အခုနင်ကုတင်ထားထားတဲ့နေရာပေါ့
အဲ့လိုနဲ့ 5နှစ်လုံးလုံးဒီအခန်းထဲမှာပဲ
ငိုနေခဲ့ရတယ် လှုပ်မရ ရွှေ့မရနဲ့ အချုပ်အနှောင်ခံခဲ့ရတယ်
ပြီးတော့ အဘိုးကြီးလဲ ငါငိုယိုနေတဲ့ဒဏ်မခံနိုင်တာနဲ့ ဒီအိမ်ကို နင့်ကိုဈေးပေါပေါနဲ့ ရောင်းလိုက်တာပဲ
ဇတ်လမ်းကဒါပဲ
--------------------------------------------
သူ့အသံတွေတုန်ယင်လာတယ်
ကျနော်ဘေးကိုကြည့်လိုက်တော့..
နတ်သမီးလေးလိုလှပနေရာကနေရုပ်ဆိုးဆိုးပိန်လှီလှီကြီး ပြန်ဖြစ်သွားဘီ
"ငါ..စိတ်မကောင်း...
"ဖြန်း
စကားမဆုံးခင်မှာပဲကျနော့်..ပါးကိုသူရိုက်လိုက်တယ်..ကျနော်သူ့ကိုနားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေမိတယ်
ပြီးတော့ သူစငိုတယ် ပြီးတော့သူဆက်ပြောတယ်
"အဟင့် ဟင့်...ငါ့မှာ နင်ရောက်လာတော့..မျှော်လင့်ချက်လေးရှိလာတယ်
ငါရှိနေမှန်းနင်သိအောင် အသံလေးတွေပေးတယ် ငိုပြတယ်..နင်သတိမထားမိတော့.ငါဝမ်းနည်းပြီး နင်အိပ်နေတုန်းငါခေါင်းအုံးလေးပေါ်တက်ပြီးငိုမိတယ် ပြီးတော့နင်နိုးလာလို့ ငါနင့်မျက်နှာလေးကိုစိုက်ကြည့်နေခဲ့တာ နင်အော်ပြီးထွက်ပြေးတယ်
နောက်နေ့ကျလဲ.ငါနင့်ခြေထောက်လေးကို လှမ်းကိုင်ပြီး..အကူအညီတောင်းတယ်..အဟင့်ဟင့် နင်..ကြောက်ပြီး..အခန်းထဲကထွက်ပြေးတယ်....ပြီးတော့ အခန်းထဲဘယ်တော့မှ မလာတော့ဘူး.
ပြီးတော့ငါ့ကို အပြင်ကလှမ်းလှမ်းဆဲတယ် ငါနာကျင်လို့ ငိုရင် နင်လှောင်ရယ်တယ်...တစ်နှစ်ကျော်နီးပါး..ငါဒီအခန်း ဒီကုတင်အောက်မှာပဲ..နေခဲ့ရတယ်
နင်လဲသူတို့နဲ့ တူတူပဲ အဟင့် အဟင့်
သူ့စကားလဲဆုံးရော..ကျနော်မျက်ရည်တွေဝဲပြီးစီးကျလာတယ်
ပြီးတော့ သူ့ကိုဖက်လိုက်မိတယ်
"အဟင့် ငါတောင်းပန်ပါတယ် ငါမသိခဲ့လို့ပါ..ငါမရည်ရွှယ်ပါဘူး အဟင့်
"ငါနင့်ကိုဘယ်တော့မှ မခြောက်ခဲ့ဘူး အဟင့်..လက်ကမ်းပေးတယ်ဆိုတာ..
ငါ့ကိုကယ်ခိုင်းတာ..ငိုတာကလဲ ငါ့ဘာသာငါ နာကျင်လို့ငိုတာ အရူးကောင်ရဲ့ အဟင့်
"အေးပါ..အခုကစပြီးမငိုနဲ့တော့နော်
ငါနင့်ကိုကူညီပေးမယ်..နော် နော်
သူကျနော့်ကို မျက်ရည်ဝဲတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ထဖက်လိုက်တယ်
ကျနော်လဲ သူ့ကိုပြန်ဖက်ထားရင်းငိုနေမိတယ်
--------------------------------------------
နောက်နေ့ကျ ကျနော် အောက်လမ်းဆရာတစ်ယောက်ခေါ်ပြီး သူ့ကိုလွတ်မြောက်အောင်လုပ်ပေးလိုက်တယ် ပိုက်ဆံတော့တော်တော်ပေးလိုက်ရတယ်
သူတော်တော်ပျော်နေရှာတယ်..
6နှစ်ကျော်ကြာပြီးမှအခန်းထောင့်လေးကနေ ရွှေ့ခွင့်ရတဲ့ ကောင်မလေး....
အဲ့နောက်ပိုင်းကျနော်တို့ ဆက်ဆံရေးက ပိုခိုင်မာလာခဲ့တယ်
သူလဲ ပျော်နေလို့ရုပ်ဆိုးဆိုးပုံမပြောင်းသွားတော့ပဲ
အမြဲလှနေတယ်
ကျနော် အလုပ်ကပြန်လာတဲ့အချိန်ဆို လှေကားမှာ စောင့်နေတတ်တယ် ဘာအခွေဝယ်လာလဲမေးတယ်..ပြီးရင်လက်မောင်းလေးကိုဖက်ထားပြီးချွဲတယ်
ကျနော်ဘောပွဲကြည့်တဲ့ညဆို..သူစိတ်ကောက်တယ် သူ့ကကာတွန်းပဲကြည့်ချင်တာလေ ကလေးလေးကျနေတာပဲ
ညကျရင်လဲ အစပိုင်းက ခွဲအိပ်ပေမယ့်
နောက်ပိုင်းတော့ တူတူဖက်အိပ်ဖြစ်တယ်
တဖြည်းဖြည်းနဲ့..ကျနော်တို့ ချစ်မှန်းမသိ ချစ်လာခဲ့ကြတယ်
တစ်နေ့ကျတော့ ကျတော်စိတ်မကောင်းဖြစ်ပြီး သူ့ကိုမေးလိုက်တယ်
"သံစဉ် မကျွတ်ချင်ဘူးလား
"ဟင့်အင်း ဟိုအဘိုးကြီးသေမှ
"ဟင် သူသေဘီဘေ
"လာမလိမ်နဲ့ သံစဉ်ကို
"ဟာ တဂယ်ပြောတာ
ကိုယ်နဲ့ အိမ်စာချုပ်ချုပ်ပြီးအပြန်မှာပဲ
ကားတိုက်သေတာ..
အဲ့တုန်းက သံစဉ်ကိုကြောက်နေတာရယ်
သံစဉ်အကြောင်းလဲဘာမှမသိတာနဲ့ မပြောပြဖြစ်ခဲ့ဘူး
"သူ့လုပ်တဲ့ကံသူပြန်ခံရတာပေါ့သံစဉ်ကမဲ့ပြုံးလေးပြုံးပြီးပြောတယ်
"ကဲပြော ကျွတ်လွတ်ချင်လား
"အင်း ဒါ...ဒါပေမယ့် သံစဉ် ကိုယ်နဲ့ မခွဲနိုင်....
"ဟာ သံစဉ်ရယ် သေပြီးတာတောင် အစွဲထားတုန်းပဲလား
တဂယ်တော့ကျနော်လဲ သူနဲ့မခွဲနိုင်ပါဘူး
နောက်ဆုံးတော့ သူ့ကို ချော့မော့ပြီးမနည်းဖြောင်ဖြခဲ့ပြီး သူသဘောတူခဲ့တယ်
--------------------------------------------
(အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်
သာဓု သာဓု သာဓု)3
အဲ့နေ့ ဘုန်ကြီးတွေ ဆရာတော်တွေလဲ ပြန်သွားပြီး နောက်ပိုင်း ကျနော်..အကြီးအကျယ်ဆောက်တည်ရာမရငိုခဲ့တယ်..
"သူကတော့ ကျွတ်လွတ်သွားဘီ ငါကတော့ ကျန်ခဲ့တာပေါ့...
--------------------------------------------
1ပတ်အကြာ
----------------
အလုပ်ကနေ အိမ်ကို အသက်မပါတဲ့ ခြေလှမ်းတွေနဲ့ ပြန်လာခဲ့တယ်..
လှေကားပေါ်ကိုတက်လာတော့လဲ မျက်ရည်ဝဲမိတယ်
"အရင်လို စောင့်ပြီးကြိုမဲ့ သူ မရှိတော့ဘူးပဲ ဟူး......
သက်ပြင်းရှည်ကြီးချပြီး အိမ်ပေါ်ကိုတက်လာခဲ့တယ်
သူမရှိတော့ အိမ်လေးကခြောက်ကပ်နေတာပဲ...
အိမ်တံခါးကိုဖွင့်ပြီး အဝင်မှာ...ပစ္စည်းတစ်ခု ပြုတ်ကျတာကြားလိုက်ရတယ်
"ဟင် ဘာသံလဲ သံစဉ်လား
အချိန်တော်တော်ကြာထိ ကျနော်သူ့ကို လိုက်ရှာနေမိတယ် အိမ်ထဲ
"သြော် သူက ကျွတ်လွတ်သွားဘီပဲ..
ငါ့လဲ အလွမ်းလွန်ပြီး ကြားချင်ရာတွေကြားနေရဘီ
ထမင်းစားတဲ့ချိန်လဲ ဘေးကနေ လှမ်းစနောက်မဲ့ သူ့ကို လွမ်းမိပြန်ရော
tv ကလာတဲ့ ဘောပွဲလဲ စိတ်ကောက်မယ့်သူ မရှိတော့ ကြည့်ရတာ အသက်မပါတော့ဘူး
သူကြိုက်တဲ့ ကာတွန်းခွေတွေလဲ..အခုဆိုဖုန်တက်နေဘီ
ဆိုဖာပေါ်မှာပဲ ကြည့်လက်စtv ကိုပိတ်လိုက်ပြီး မျက်ရည်တွေစီးကျနေတဲ့ မျက်လုံးကိုမှိတ်ပြီး ခဏမှေးလိုက်တယ်
မကြာခင်မှာ မှေးနေတုန်း..ရင်ဘတ်ပေါ်ကို တစ်စုံတစ်ရာ.က မှီထသလို ခံသားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
"ဟင် သံစဉ်
"ဟီး
"ဘယ်..ဘယ်လို..
"အင်း အစက တစ်လလောက်ထိပုန်းနေမလို့ပဲ ငိုနေတာမကြည့်ရက်တော့လို့
"ဘာလို့ပုန်းနေတာလဲ
"ဆူမှာစိုးလို့ပေါ့
"အဲ့နေ့က သာဓုမခေါ်လိုက်ဘူးမလား.
"အွန်း ခစ်ခစ်
"ဟာ ဘာလို့အဲ့လိုလုပ်ရတာလဲကွာ
"ကိုနဲ့မခွဲနိုင်လို့
"ဟာ..အခုမကျွတ်မလွတ်ဘဝနဲ့ပဲ ဆက်နေမလို့လား သံစဉ်ရယ်
"အချစ်က လူတွေကို ရူးသွပ်စေတယ်တဲ့
သံစဉ်မကျွတ်တော့လဲ ဘာဖြစ်လဲကိုနဲ့ပဲ တူတူနေချင်တယ်..ကိုနဲ့ဆို အရမ်းပျော်တယ်..
အဲ့စကားအဆုံးမှာတော့..ကျနော် ပြောစရာစကားတွေပျောက်ဆုံသွားခဲ့တယ်..
အဲ့ဒီနောက် ကျနော်
သူ့ပါးလေးကို ကိုင်ပြီးတော့
သူ့ရဲ့နုှတ်ခမ်းလေးကို မြတ်နိုးစွာ..နမ်းလိုက်မိတယ်...
----------------------------
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now