111

184 6 0
                                    

အမြဲဝင်ဖတ်ပေမယ့် တခါမှ မရေးဖူးတဲ့သူပါ

ဟိုရက်က ဒဂုံ -1 အကြောင်းဖတ်လိုက်ရလို့ ကိုယ် 7 တန်းတုန်းက ကြုံခဲ့ရတာလေး သွားသတိရမိလို့

7 တန်းဆိုတော့ မနက်ပိုင်း 7-12 တက်ရတာ အဲ့နေ့က ကျောင်းမှာ ပေတံကျန်ခဲ့လို့ စောစောလာပြီး ရှာတာ
ပေတံက ဦးလေးလုပ်ပေးထားတဲ့ သစ်သားတလက်မခွဲထုရှိပြီး အကျယ်က တလက်မ အပေါ်က ဖော်မိုက်ကာပြား ကပ်ပေးထားတဲ့ ရိုးရိုးပေတံပါ

ဆရာမက အတန်းထဲကလူတွေကို ဗျင်းချင်ရင် ကိုယ့်ဆီက အဲ့ပေတံ တောင်းနေကြ
အဲ့နေ့က ဆရာမပြန်ပေးလား မပေးလား ခုံထဲပဲကျန်ခဲ့လားပြန်ရှာချင်တာနဲ့ စောစောလာလိုက်တာ

ညနေပိုင်းဆို အဲ့အတန်းက KG တွေတက်တာ ပေတံက လေးပြီး ရိုက်လိုက်ရင် တအားနာတာမို့ ကလေးတွေယူဆော့မိမှာလဲ စိတ်ပူတာပါတယ်

ကျောင်းရောက်တော့ ဘယ်သူမှမရောက်သေးဘူး
အထပ်တိုင်း တယောက်မှမရှိဘူး
ကိုယ့်အခန်းရှေ့ရောက်တော့ တံခါးဖွင့်ပြီး ဝင်ဝင်ချင်း ဆရာမစားပွဲက အံဆွဲကို သွားဖွင့်ကြည့်ပြီး အရင်စစ်လိုက်တယ် တခါတလေ မနက်ပိုင်းအတန်းက ပစ္စည်းကျန် စာအုပ်ကျန်ရင် အံဆွဲထဲ ထည့်သိမ်းထားပေးတတ်လို့

မနက် 6ခွဲလောက်ဆိုတော့ အလင်းက အခန်းထဲထိရောက်နေပြီ တံခါးမကြီးလဲ အဆုံးထိဖွင့်ထားတော့ မြင်နေရတယ်

အံဆွဲထဲစစ်ပြီး မရှိတော့ ကိုယ်ထိုင်တဲ့ခုံဆီအသွား ခုံတန်းတွေကြားမှာ ရိပ်ခနဲတခုတွေ့လိုက်လို့ ကြောင်တ‌ကောင် ထင်တာနဲ့ ထိုင်ချပြီး ခုံတွေကြားထဲ ကြည့်လိုက်ချိန်

ကြွပ်ကြွပ်အိတ်အမဲရောင်လိုပဲ ရွေ့နေတာ ကြမ်းပြင်နဲ့မထိဘူး သူရွေ့နေတဲ့ဘက်က အခန်းနံရံနဲ့ ခုံတွေကြားမှာ လျှောက်လမ်းထားပေးတဲ့ အခန်းရဲ့ဟိုဘက်ထိပ်ဘက်ခြမ်းကို

ဖျတ်ခနဲမြင်လိုက်ရပေမယ့် ပုံသဏ္ဍန်အတိအကျမရှိတဲ့ မီးခိုးလို အလုံးလဲမဟုတ် ကြွပ်ကြွပ်အိတ်အမဲနဲ့ခပ်ဆင် ပြီးတော့ ဟိုဘက်ဒီဘက်ဖောက်မြင်နေရတဲ့ အငွေ့လိုပုံ

ချက်ချင်း အဲ့ လျှောက်လမ်းထိပ်ကို ပြေးကြည့်တာ သူပြန်ထွက်လာမယ် တွေ့ရမယ်ထင်‌ပေမယ့် ဘာမှရှိမနေဘူး

အဲ့အချိန်ထိ သရဲခြောက်ခံရမှန်းလဲမသိသေးဘူး
စိတ်ထဲ ဘယ်က ကြွပ်ကြွပ်အိတ်က အခန်းထဲရွေ့နေတာလဲပေါ့

သူငယ်ချင်းအတန်းခေါင်းဆောင်ရောက်လာတာနဲ့ သူ့ကိုပြောပြီး ပြန်လိုက်ရှာကြတော့လဲ မတွေ့နဲ့
အဲ့ချိန်ထိ သရဲခြောက်ခံရမှန်းလဲမသိ ထူးဆန်းတယ်ပေါ့ ဒီကြွပ်ကြွပ်အိတ်ကဘယ်ရောက်သွားတာလဲပဲတွေးနေတာ

နောက်မှ အိမ်မှာပြန်ပြောပြရင်း တစိမ့်စိမ့်တွေးရင်း သိလာတာ
ဘယ်တော့မှ တယောက်ထဲအစောကြီးမသွားတော့ဘူး

ကိုယ့်ညီမကျ 6တန်းတုန်းက သူ့အတန်းထဲက သူငယ်ချင်းကောင်မလေးတွေ ကြုံရတာ

အဲ့‌ကောင်မလေးက ပြောရရင် တော်တော်လှ ချစ်စရာလေး Queen ပေါ့လေ အတန်းကြီးတွေထိတောင် သူ့ကိုသိကြတယ် ပဲလေးလဲ နည်းနည်းများတယ်ပေါ့
ကျောင်းဆင်းခါနီးရင် အ‌ပျိုပေါက်လေးတွေမို့ အိမ်သာသွား မှန်ကြည့် လက်ဆေးလုပ်တတ်ကြတယ်
အဲ့နေ့က နောက်ဆုံးအချိန်ညနေ 4နာရီကျော်လောက်ရှိမယ်ထင်တယ် 

အိမ်သာထဲကို အဲ့ဒီအချိန် နေရောင်ထိုးတတ်တယ် နှစ်ယောက်သား ဘေစင်မှာလက်ဆေးနေရင်း မှန်ကြည့်စကားပြောနေတုန်း  အစွန်ဆုံးပိတ်ထားတဲ့ အိမ်သာတံခါးနည်းနည်းဟနေတဲ့ နေရာကနေ သူတို့ကို လှမ်းကြည့်နေတာ မျက်နှာက မျက်လုံးဘာညာမပါတဲ့ မျက်နှာပြောင်နဲ့တဲ့
အစက နေရောင်ကလဲထိုးနေတော့ ဇဝေဇဝါနဲ့ ဘေးကတယောက်က စကားပြောနေရင်း တိတ်သွားပြီး မှန်ထဲကတဆင့် အဲ့အခန်းကိုကြည့်နေလို့ နင်မြင်လားလို့ မေးတော့မှ
နှစ်ယောက်လုံး သရဲခြောက်မှန်းသိကြတာ

နှစ်ယောက်သားအခန်းထဲရောက်တဲ့အထိ ခြေလက်တွေအေးစက်ပြီး ဘာမှမပြောနိုင် မျက်ရည်တွေကျလာလို့ ဝိုင်းမေးမှ ငိုချပြီး‌အသံထွက်နိုင်တော့တယ်တဲ့

ဆရာကြီးရုံးခန်းထဲမှာ ဆရာမတချို့အခြောက်ခံရတာတွေ ကိုယ့်ညီမ သင်္ကြန်အကအဖွဲ့ပါတော့ ကျောင်းမှာဆရာမတွေနဲ့ ညအိပ်ကြတုန်း အခြောက်ခံရတာတွေ
အများကြီးပါပဲ

သန့်ရှင်းရေးတွေပြောပြတာ 9-10 တန်းအဆောင်တွေဆို ညနေဘက်ကျောင်းဆင်းပြီးချိန် တံမြက်စည်းလှည်း အခန်းတံခါးတွေလိုက်ပိတ်ရင် သူ့တို့အခန်းပေါက်ဝပဲရှိသေး ပြတင်းပေါက်တွေ ပြန်ပြန်ပွင့်လာလို့ သွားပြန်ပိတ်ရတာ ခဏခဏပဲတဲ့

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now