162

176 8 0
                                    

ငထက်နဲ့ ကျွန်တော်နဲ့ မတွေ့တာ တော်တော်ကြာပီး သူတို့လင်မယားတောင် သားလေး တစ်ယောက် ရနေပီ . လိုင်းပေါ်မှာ စကားပြောကြရင်းနဲ့ သူ့အိမ်လာလည်ဖို့ ခေါ်ပြန်ရော (သူတို့လင်မယား‌ နေတဲ့အိမ်ပါ အရင်က ဟိုအိမ်ကြီးမဟုတ်ပါဘူး) အဲ့ဒါနဲ့ ကျွန်တော် ရောက်သွားတယ်ပေါ့ဗျာ လဘက်ရည်ဆိုင်ထိုင်မယ်ဆိုပီး အပြင်မှာ စကားပြောကြရင်း သူက သူ့အဖေ ရဲ့ တိုင်းရင်းဆေးလုပ်ငန်းကို ဆက်လုပ်နေတာဗျ (ဂမုန်းတစ်ထောင် တံဆိပ်နဲ့ လက်ရှိ ကျွန်တော့သူငယ်ချင်းဆက် Run နေတုန်းပါ ) ကျွန်တော့ကို အားရင် အိမ်မှာ ရွှီရှောင် သူနဲ့ အတူတူ လာလုပ်မလား‌တဲ့ Daily သဘောမျိုးလည်းပေးမယ် ထမင်းလည်းကျွေးမယ်‌ဆိုတော့ ကိုယ်လည်း ဘော်ချစ်ခင်ကြီးဆိုတော့ သွားလုပ်ပါလေရော ..
ပြသနာက လကုန်ရက် ညနေ ၂နာရီလောက်ထဲက ဘီယာဆိုင်မှာ ထိုင်သောက်မိရာက စတာ..
ကျွန်တော်က ၈တန်းထဲက ပုဂ္ဂိုလ်စောင့်တွေရှိတာ သိတာနဲ့  အဓိဌာန်တွေနဲ့ ပုတီးစိပ်ရတာ အခုထိပဲ
အဲ့ဒါကို ဘော်ဒါ၃ယောက်ဆုံတော့ မေ့ပီး ဘီယာ တွေ သောက်မိရော မှတ်မှတ်ရရ ည ၉ခွဲ အိမ်ပြန်ရောက်တယ်
အဲ့ညက အဓိဌာန် ၈၁ရက် ၀င်ထားတာ ၇၆ ရက်မြောက်ည အတိအကျကိုမှတ်မိတာ .. အိမ်ပြန်ရောက်တော့ အဖေသိမှာစိူးလို့ ရောက်တာနဲ့ ရေတန်းချိုး  လူကတော့ တော်တော် မူးနေတာ အဖေ့ရှေ့မှာ ဟန်မပျက်ပဲ အိမ်ထဲ၀င်သွားတာ ခဏနေရင် ငါ ပုတီးစိပ်ရဦးမယ်ဆိုပီး အသိဝင်လာတာ သောက်ထားမှန်းကိုသတိမရတော့ဘူး
အိပ်ရာထဲ ခဏလေးမှေးလိုက်တာ မနက် မိုးလင်းသွားတယ် (အဓိဌာန်က ပျက်သွားပီပေါ့ဗျာ ) မိုးလင်းလင်းချင်းသိလိုက်တယ် ငါတော့သွားပီ အဓိဌာန်ပျက်သွားပီ‌ဆိုပီး
နောက်နေ့ ငထက်အိမ်မှာ အလုပ်လုပ်ဖို့သွားရော
သူ့အလုပ်က ဗမာဆေး မှုန့်တွေနဲ့ ကိုယ်တိုင်ဖော်ပီး ကျွန်တော် က ဖန်ပုလင်းသေးသေးလေးတွေထဲ ထည့်ပီး အဖုံးကို ဖိပီး ပိတ်ပေးရတာ နောက်ထပ် ဘော်ဒါတယောက်လည်းပါလာတော့ အတူတူ ဝိုင်းလုပ်ကြတာပေါ့
အဲ့မှာ ကျွန်တော့စိတ်ထဲ အရမ်းတိတ်ဆိတ်သလို ခံစားရပီး ပတ်၀န်းကျင်က တမျိုးကြီး ဖြစ်‌လာတာ ဘေးက သူငယ်ချင်းတွေ စကားပြောနေကြတာကို ကျွန်တော် မကြားရတော့တဲ့ထိ  စိတ်ထဲ တခုခုတော့ ဖြစ်တော့မယ်ထင်တယ်လို့ တွေးတုန်း အဖုံးပိတ်ရမဲ့ ဖန်ပုလင်းကို ပိတ်တာ ပုလင်းက ကွဲပီး လက်ခလယ်ကို ဟက်တက်ကြီး ပိုင်းချ မိရော
သွေးတွေဆိုတာ ဆက်တိုက် ထွက်တာ အဲ့တော့မှာ ငထက်နဲ့ နောက်တကောင်က လန့်ဖြန့်ပီး ဆေးထည့်မယ်ဆိုပီး အလုပ်လုပ်တဲ့ အခန်းထဲက ထွက်လာတာ အဲ့ထိ အသိရှိသေးတယ် .. နောက်ဖေးကရေတိုင်ကီမှာ လက်ကသွေးတွေကို ဆေးနေရင်း ကျွန်တော့ Body ကို နောက်ကတယောက်ယောက် ဆွဲနေသလို ခံစားရတာ အချိန်က နေ့ခင်း ၁နာရီလောက်ပဲ .. ကျွန်တော်ကြည့်တော့ ဘယ်သူမှမရှိဘူး ငထက်က သားကြီးအဆင်ပြေလားတဲ့
ဒီလောက်ကတော့ အဆ သားကြီးဆိုပီးပြောနေရင်း ကျွန်တော် အိမ်ရှေ့ကိုသွားမယ်အလုပ်မှာ ကျွန်တော် အသိစိတ်လွတ်သွားတာ ဘယ်လိုဖြစ်တာလဲဆို
သူတို့ လင်မယား အိပ်တဲ့ အိပ်ခန်း၀မှာ နောက်ပြန်ကြီး ပစ်လဲ ကျသွားတာတဲ့( CCTV ထဲက ယူပီး ကျွန်တော့ကို ခုထိ လိုက်စတုန်း) အဲ့မှာ ကျွန်တော့ကို ဝိုင်းပွေ့ပီး အိမ်ရှေ့ကို ခေါ်သွားတာ ကျွန်တော် အသိနည်းနည်း၀င်တဲ့အချိန်မှာ ဘုရားစင်ရှေ့က ကြမ်းကို တအုန်းအုန်းနဲ့ ထိုးနေတာ မျက်စိကလည်း မြင်နေရတယ် အသံတွေလည်းကြားနေရတယ် ဒါမဲ့ အဲ့လို ထိုးနေတာကို ရပ်လို့မရဘူး
ကျွန်တော့ပုံစံက ဘီလူးထိုင်ကြီးထိုင်ပီး မာန်ဖီသလို အသံကြီးထွက်နေတာတဲ့ ပီးတော့ လက်ဟန်ခြေဟန်နဲ့ ငါ ကိုက်ဆွဲဖဲ့မှာဆိုတဲ့ ပုံစံမျိုး ကျွန်တော်လုပ်ပြနေတာ ဘယ်လိုမှလည်း ထိန်းလို့မရဘူး .. အဲ့အိမ်က ဦးလေးကြီးတယောက်က တက် . နေတာ ‌ဆိုပီး လက်သီး‌ဆုပ်နေတာကိုအတင်းဖြည်နေတာ ကျွန်တော်မြင်နေရတာနော် ကျွန်တော်ကိုယ်တိုင်လည်း ထိန်းလို့မရဘူး သူလည်း အဲ့လက်ကို ဆွဲ ဖြည်တာမရဘူး ငထက် ယောက္ကထီး က ဘုရားစင်ပေါ်က ပရိတ်ရေတွေ နဲ့ ကျွန်တော့ကို ဝိုင်းပက်တာလည်း မရဘူး အသံတွေကြားနေရတော့ သိနေတာ
ကျွန်တော့ဘော်ဒါနောက်တကောင်က ကျွန်တောရဲ့ကျောကုန်းကို ဒူးနဲ့ထောက်ပီး ဖိထားတာ အဲ့ဒါလည်း ကျွန်တော့ကို ထိန်းလို့မရဘူး

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now