178

161 4 0
                                    

နေရာလဲတယ်ဆိုတာ တကယ်လား
ကြားဖူးတာတော့ အသိတယောက်ရဲ့ကောင်လေး ****မြို့မှာ ဘုန်းကြီးကျောင်းတည်းရင်း ညဘက် ထမင်းထွက်စားတာ
ဆိုင်ကယ်က၂စီး တူတူစထွက်တော့ပုံမှန် နောက်ကျ ညီကိုဝမ်းကွဲတွေစီးကြတဲ့ဆိုင်ကယ်က မောင်းတာတအားမြန်တော့ နောက်ကဆိုင်ကယ်က အရှိန်လျော့ဦးပြောတာ နားမထောင်ဘဲ မကြားသလိုဘဲ ဆက်မောင်းသွားတာ မျက်ခြေပြတ်ကျန်ခဲ့တယ်
ထမင်းဆိုင်ရောက်ရင် တွေ့မှာပါဆိုပီး ဆက်သွားတော့ လမ်းအကွေ့နေရာမှာ(အဲ့နေရာက ဖြစ်နေကျတဲ့) accident ဖြစ်တာတွေ့ရော ကြည့်လိုက်တော့ ဟိုညီကို၂ယောက်
ဦးထုပ်မပါတော့ တယောက်က မနက်ဆုံး နောက်တယောက်ကလဲ ရက်နည်းနည်းကြာတော့ ဆုံး ထပ်သိရတာက သူတ်ု့ပြီးတော့ နောက်၂ယောက်လဲ အဲ့နေရာမှာပဲထပ်ဖြစ်ကြတယ် သူတို့ကတော့ ပွဲချင်းပြီးပဲတဲ့
ဖြစ်တဲ့နေရာက အကွေ့ အနားမှာ ကုက္ကိုလ်ပင်ဆိုလား အပင်ကြီးတပင်ရှိတယ်တဲ့
လမ်းအနေအထားကြောင့် တည်ဆောက်မှုမမှန်လို့ အရှိန်မထိန်းနိုင်ဘဲ ဖြစ်နေကြတာလား?
တကယ်ပဲ လူစားလဲတာလား
ဖြစ်ပီးမနက်ဆုံးတဲ့ကလေးက မကြာခင် နိုင်ငံခြားအလုပ်သွားခါနီးကို ဖြစ်သွားတာ

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now