144

198 9 0
                                    

လူ တစ် ယောက် ရဲ့ သေ ခံ နည်း အ စွဲ တွေ ဆို တာ အင် မ တန်
ကြောက်ဖို့ကောင်းပါတယ် ကျန်ခဲ့တဲ့အတိတ်ကာလမှာ ကုသိုလ်တွေပြုခဲ့
ပင်မယ့် သေခံနည်းစဲစဲ လက်ရှိပစ္စုပန်ကို ရင်ဆိုင်လာရချိန်မှာ အစွဲတွေကပဲ
လူကို မကောင်းတဲ့ဘုံဘ၀တွေကို ဆွဲခေါ်သွားခဲ့တယ်

အဖြစ်အပျက်ကတော့ ကြာပါပြီ ကျွန်တော်ငယ်စဉ်ကလေးဘ၀
ငါးတန်းခြောက်တန်းလောက်ကပါ

ကျွန်တော်တို့ အိမ်ပုံစံကို အရင်ပြောပြပါမယ်
အိမ်က နှစ်ထပ်ပါ အိမ်က၀င်၀င်ရင်း တံခါးရှိပါတယ် တံခါးပြီးမှ
ဆင်၀င်အောက်လိုပုံစံမျိုးနဲ့ အရင်၀င်လာရပါတယ် ပြီးတော၀င်လာတဲ့
လမ်းကကျောက်စရစ်ခဲတွေခင်းထားတာပါ လူ၀င်လာရင် ခြေနင်းသံကြားရပါတယ်  အလယ်လောက်ရောက်မှ အပေါ်တတ်တဲ့လှေကားရှိပါတယ်
အိမ်ရှေ့ကလူ၀င်လာရင် အပေါ်ထပ်ကလှမ်းမြင်ရပါတယ်
အပေါ်ထပ်မှာ အဒေါ်တို့မိသားစုနေပြီး ‌ဆင်၀င်အောက်ကလမ်းတိုင်း ၀င်လာရင် အခန်းဖွဲ့ထားပါတယ်  အဲ့မှာ ကျွန်တော်တို့မိသားစုနေပါတယ်

ဆုံးသွားတဲ့အဖိုးတို့မိသားစုက မင်္ဂလာဒုံမှာနေတာပါ
ကျွန်တော်တို့က တောင်**** မှာနေတာပါ
အဲ့ဒီနေ့က ကျွန်တော်ဖျားနေခဲ့တာပါ
မနက်ပိုင်းတုန်းကတော့ အမေ့ရှိကို အဖွား(အမေ့ရဲ့အမေ) က ဖုန်းဆက်ပါတယ် အဖိုးနေမကောင်းဘူးလို့ပဲပြောပါတယ် အဲ့တာနဲ့အမေလည်း
ရိုးရိုးဖျားတာပါဆိုပြီး မသွားတော့ပဲနေလိုက်ပါတယ် ဟိုမှာက
အမေ့ရဲ့အစ်မတို့ မိသားစုလည်းရှိတော့ ပြုစုမယ့်သူရှိ‌တယ်ဆိုပြီး
အေးဆေးနေလိုက်တာပါ ညနေ(၃နာရီခွဲ၄နာရီ) လောက်ကျတော့ ဖုန်း
၀င်လာပါတယ် အဖိုးသိပ်အခြေအနေမကောင်းဘူးပေ့ါ လာခဲ့ရင်
ကောင်းမယ်ဆိုပြီး အမေ့အစ်မက ဖုန်းဆက်တာနဲ့ အမေရယ်
အဖေရယ် အစ်ကိုအကြီးဆုံးနဲ့ အရင်လိုက်သွားပါတယ်
ကျွန်တော်ကိုကျ နေမကောင်းလို့ဆိုပြီး အစ်ကိုငယ်နဲ့
အဒေါ်တွေမိသားစုနဲ့ထားခဲ့လိုက်ပါတယ်

ဇာတ်လမ်းကစပါပြီ ညနေ၅နာရီခွဲ ၆နာရီ‌လောက်ကျ အမေက
အဒေါ်ရှိဖုန်းဆက်ပါတယ် အဖိုးဆုံးသွားပြီဖြစ်တဲ့အကြောင်း
မနက်ကျရင် အစ်ကိုငယ်နဲ့ကျွန်တော်ကိုလာခေါ်မယ်ပေ့ါ
အဲ့တာတွေပြောပြီး ဖုန်းချသွားပါတယ်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now