106

229 13 0
                                    

ကုန်သွယ်ရေးစင်တာအကြောင်းလေးလူတွေတော်တော်သိချင်နေလို့တင်ပေးလိုက်တာပါ🙏

မင်္ဂလာတောင်ညွှန့်က သရဲခြောက်တဲ့ ကုန်တိုက်အဟောင်းကြီးအကြောင်း အပြည့်အစုံ
အချိန်က ၂၀၀၅ မေလ ၇ ရက်။ လွန်ခဲ့သည့် ၁၃ နှစ်ခန့်က ဖြစ် သည်။ မိုးက ခပ်ဖွဲဖွဲကျနေ၏။ ရာ သီဥတုက အုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာန (Yangon Trade Centre)ထဲမှာတော့ လူများ တိုးဝှေ့စည်ကားနေသည်။ ထိုင်းနိုင်ငံမှ အလှကုန် မိတ်ကပ်၊ ရှန်ပူ စသည်ဖြင့် လာရောင်းချသည့် ကုန်စည်ပြပွဲ ပြုလုပ်နေသည်မို့ စိတ်ဝင်တစား လာရောက်သူများပြားသည်။ ထို့ အပြင် ညနေ ၃ နာရီခန့်တွင် နာမည်ကျော် အဆိုတော်များ၏ စတိတ်ရှိုးအစီအစဉ် ရှိသေး သည်။ စနေနေ့ ရုံးပိတ်ရက်ဖြစ်၍ ဝယ်လိုသူများရော လည်လိုသူ များပါ ကုန်တိုက်ထဲတွင် ရောက် ရှိနေကြ၏။

ညနေ ၃ နာရီမထိုးမီ မိနစ် ပိုင်းအလိုတွင်တော့ ‘ဖုန်း’ ခနဲ အသံကျယ်ကြီးနှင့်အတူ ကုန် သွယ်ရေးအဆောက်အအုံကြီး၏ သုံးလွှာအထပ်သည် ပေါက်ကွဲ ထွက်သွားတော့သည်။ မှန်စတွေ လွင့်စဉ်ပျံသွားသလို ဖုန်လုံးကြီး များ အလိပ်လိုက်ထွက်လာသည်။ ကုန်တိုက်ထဲမှ ကမ္ဘာပျက်သလို အော်ဟစ်သံတွေကို အပြင်မှပင် ကြားနေရသည်။ ထွက်ပြေးလာ သူတွေ တိုးဝှေ့ပြေးကြသည်။ လူ အများစုမှာ ဒဏ်ရာဒဏ်ချက် များနှင့်။ အချို့လည်း ပိတ်မိနေ ကြသည်။ မီးလောင်ခံရသည်။ ပေါက်ကွဲမှုကြောင့် မှန်ကွဲစတွေ၊ ကွန်ကရစ်စတွေက အချိန်အ တော်ကြာ အောက်သို့လွင့်ကျနေ သည်။

ပေါက်ကွဲသွားသည့် သုံး လွှာအထပ်မှ လူတစ်ယောက်လွင့် ထွက်ပြီး ပြုတ်ကျလာသည်ကို ကုန်တိုက်အောက်မှ ထမင်းဆိုင် ရှင် ကိုအေးထွန်း တွေ့လိုက်ရ သည်။ ထိုသူမှာ ကြာကြာအသက် မရှည်လိုက်ပါ။ ‘‘အဆောက်အအုံက မှန်နဲ့ ကာထားတော့ လွင့်ထွက်လာတဲ့ မှန်စတွေဆိုတာ မြင်မကောင်း အောင် ပြန့်ကျဲနေတာ’’ ဟု ဦးအေးထွန်းကပြောသည်။

လွန်ခဲ့သည့် ၁၃ နှစ်က မင်္ဂ လာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ ဗုံးပေါက်ကွဲသည့်ဖြစ်ရပ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တောင်လုံးပြန်ရပ်ကွက်တွင် နေ ထိုင်သူများက ပြန်လည်ပြောပြနေသည်။ တောင်လုံးပြန်ရပ်ကွက်သည် ထိုကုန်သွယ်ရေး အဆောက်အအုံနှင့် မျက်နှာချင်း ဆိုင်ရပ်ကွက်ဖြစ်သည်။ ရပ်ကွက်နေ ပြည်သူများထဲတွင် ပေါက်ကွဲမှုဖြစ်စဉ် အစအဆုံးကို မြင်တွေ့ခဲ့၊ ကြုံတွေ့ခဲ့သူများစွာရှိခဲ့သည်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now