176

193 5 0
                                    

Edit: ကျွန်တော်ပြောတဲ့အကြောင်းတွေကို ယုံပါလို့လည်း အတင်းမတိုက်တွန်းပါဘူး အပျင်းပြေသဘောမျိုးသာဖတ်လိုက်ပါဗျ လူတိုင်းက ဖြစ်တည်မှုချင်းမတူနိုင်တာမို့ ကိုယ်တိုင်ကြုံမှ ယုံကြပါလို့ နော်

ကျွန်တော် ဒူးယားအင်းမှာ လူစားလဲ ခံရလိုက်ရမလို ဖြစ်ပြီး နောက်နေ့ ဘုန်းကြီး၀တ်ခဲ့တုန်းက ကြုံခဲ့ရတဲ့ ထူးဆန်းတာတွေ ပြောပြမယ်

အချိန်က 2021 ထဲမှာပဲ ကျွန်တော် နဲ့ Dede နဲ့ နှစ်ယောက် ဇလွန်မြို့က ဘုန်းကြီးကျောင်းလေးမှာ နှစ်ယောက်အတူတူ ဘုန်းကြီး၀တ်လိုက်ကြတယ် ကျောင်းလေးက အရမ်းသာယာတာ ကျောင်း၀င်းထဲမှာ မဉ္ဇူသက အပင်ကြီး တစ်ပင်လည်းရှိတယ် အပင်က ဘယ်လောက်တောင်မှ ကြီးသလဲ ဆိုရင် လူ 5ယောက်ဖက်စာမက တဲ့အထိ အပင်ကြီးက သက်တမ်းတော်တော်ကြာနေပုံရတယ် အဲ့ နားမှာ သိုက်တွေလည်းရှိကြောင်း မကြာသေးခင်ကမှ သိုက်လာတူးကြ‌သေးကြောင်းကို ရောက်မှ စပ်စုရင်း သိခဲ့ရတာ  ကျောင်းထဲကိုရောက်ဖို့ မုဒ်၀ကနေ နည်းနည်းတော့ လမ်းလျှောက်ရတယ် ၀င်၀င်ချင်း ဘေးဘက်မှာ ပိုက်ကျော်ခြင်းခတ်တဲ့ကွင်းလေး လည်းရှိတယ် ထန်းပင်တွေရော အစုံပဲ

ကျွန်တော်တို့ နှစ်ယောက်လည်း အတူတူ သိမ်တက်ပြီး ဦးဇင်းဖြစ်သွားတော့ ဆရာတော်ကြီးက ကျွန်တော်တို့ နေဖို့ နှစ်ထပ်‌တိုက် ကျောင်းလေးပေါ်မှာ နေရာစီစဉ်ပေးတယ် ကျွန်တော်တို့နဲ့အတူ တစ်ခြား ဦးဇင်း 2ပါးလောက်လည်း ပါသေးတယ်ဗျ
."သားလေးရာ မင်းမြို့လေးက အရမ်းမိုက်တယ် လုံး၀တိတ်ဆိတ်ပြီး သာယာနေတာပဲ ငါတို့ လူပြန်ထွက်ရင် ‌ဒီကိုလာပြီး Chill ရမှာ လုံး ၀ရှယ်ကြီး မုန့်သောက်ပြီး မိုးရွာတာလေး ထိုင်ကြည့်ရရင်တော်တော်မိုက်မှာကွာ " လို့ ကျွန်တော်ပြောတော့ Deee ကလည်း ထောက်ခံတယ်
"ဒီမှာက အေးဆေးပဲ ဦးဇင်းရ စိတ်ပါသလောက် ၀တ်လို့ရတယ် ဘာမှကို ပူစရာမရှိတာ ဆွမ်းကအစ အကုန် အဆင်သင့်ပဲ အပြင်မှာနေရင် အခြေအနေက သိပ်ကောင်းတာမဟုတ်ဘူး ဒီမြိုမှာက ဒလံများတယ် လူစိမ်းတစ်ယောက် ရောက်နေရင် ရွာဆိုတော့ လူစိမ်းမှန်းတန်းသိနေတာ ဒီမှာပဲ အေးဆေး ခဏ ဥနေကြတာပေါ့ " ဆိုတော့ ကျွန်တော်ကလည်း အဲ့လို အေးချမ်းတဲ့ နေရာလေး ဆို သိပ်သဘောကျတော့ မနောကိုခွေ့နေတော့တာပေါ့

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now