102

199 10 0
                                    

ခုနလေးတင်ဖြစ်သွားတာပါ ကျွန်တော် ဆက်အိပ်လို့မရတော့ပါဘူး ၊ အချိန်က မနက် ငါးနာရီ ဆယ့်ငါးမိနစ်လောက်မှာပါ ၊ ကျွန်တော်အိပ်ပျော်တုန်းကစိတ်ထဲမှာ ‌အခန်းတံခါးကိုလာခေါက်သံသေချာကြားတာပါ အဲ့တာနဲ့တောက်လျှောက်ကို ခေါက်နေလို့  " ဂျက်မထိုးထားဘူး ၀င်လာခဲ့လို့ " ကျွန်တော့်အကိုလာတာထင်ပြီး ပြောလိုက်မိပါတယ် ၊ စိတ်ထဲမှာပြောတာလား ပါးစပ်ကပါထုတ်ပြောမိလိုက်လားတော့မသိပါဘူး ၊ အဲ့ချိန်မှာ ကျွန်တော်‌အိပ်နေတဲ့မွေ့ယာပေါ် ဘုတ်ဘုတ်ဘုတ်ဆို ခြေသံတွေစမြည်လာတော့ ကျွန်တော်မျက်လုံး အနည်းငယ်ပွင့်သွားပါပြီ အမဲရောင်အရိပ်ကိုတွေ့ပါတယ် မွေ့ယာက ဘုတ်ဘုတ်ဘုတ်ကနေ လှုပ်တဲ့အထိပါရောက်လာပါတယ် ကျွန်တော်လဲ ဆက်လှဲမနေပဲ ထထိုင်လိုက်ပြီး မီးပါဖွင့်လိုက်တော့ ဘာမှ မရှိနေတော့ပါဘူး ၊ တကယ်ကိုဖြစ်သွားတာပါ ၊ တံခါးခေါက်တုန်းက ၀င်ခဲ့လိုပြောမိတုန်းက အိပ်ပျော်နေတော့ အသိစိတ်မရှိပေမယ့် အဲ့ဘုတ်ဘုတ်ဘုတ်မှာကျနော််နှိုးသွားပါပြီ ၊ အရိပ်မဲကလဲအိပ်မက်မဟုတ်ပါဘူး ၊ မွေ့ယာလှုပ်တာလဲအိပ်မက်မဟုတ်ပါဘူး ၊ ပရိတ်ရေသောက်ပြီးဖြန်းထားတယ် ၊ ပြန်တော့မအိပ်ရဲတော့ဘူး :"))

၀င်လာခဲ့လို့ ပြောမိတာနဲ့ ချက်ချင်းကို ဖြစ်တာပါ ကြားထဲအချိန်တောင်မခြားပါဘူး ၊ ခွင့်ပြုမိလိုက်သလိုများဖြစ်တာလားဘာလားမသိတော့ပါဘူး ၊ အိမ်မှာကလဲ ကျွန်တော်ရယ် အကိုအလတ်ရယ်ပဲရှိတာပါ။ တစ်ယောက်တန်းခန်းစီအိပ်တာမို့ ကျွန်တော်ခုအခန်းမှာက ကျွန်တော်တစ်ယောက်ထဲပါ ။ ( * မအိပ်ခင်သရဲကားလဲမကြည့်ထားပါဘူး ၊ Dr.stone manga ပဲဖတ်ပြီးအိပ်တာပါ ၊ သိပ္ပံ manga မလို့သရဲအကြောင်းတစ်ခုတောင်မပါပါဘူး )

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now