12

388 25 0
                                    


Accက အမျိုးတွေသိသွားရင်အားနာလို့ပါ
မကောင်းဆိုးဝါးမွေးတာလား ဘာလားသိတဲ့သူဆို ဝင်ဖြေသွားပေးနော်
ကျွန်မအဒေါ်ရဲ့ယောကျ်ားဘတ်က အမျိုးတွေအကြောင်းပါ သူတိူ့နေတဲ့မြို့အနေအထားနဲ့ဆို ချမ်းသာပါတယ် စားသောက်ဆိုင် ကုန်စုံဆိုင် ဆိုင်တွေအများကြီးပိုင်ပါတယ် ဒီလောက်ချမ်းသာတာ အလှူလုပ်တာ တခါမှ မမြင်ဖူးပါဘူး သူတို့အိမ်မှာ လူဆုံးသွားတာကို(အဒေါ့်ယောကျ်ားရဲ့ညီ)သရဏဂုံမတင် ဘုန်းကြီးမပင့်ပါဘူး နောက်တစ်ခုက သူတို့အိမ်ရဲ့အပေါ်ထပ်မှာလူမနေပါဘူးဘုရားစင်တစ်ခုပဲရှိပါတယ် ဘုရားစင်ကိုသော့ခတ်ထားပီး ဘုရားကို အနောက်လှည့်ပီးအဝတ်နဲ့အုပ်ထားတာပါ အပေါ်ထပ်ကို အဒေါ်ယောက္ခထီးကလွှဲပီး ဘယ်သူမှမတက်ကြပါဘူး အပေါ်ထပ်ကိုပါ သော့ခတ်ထားတာပါ ပီးရင်အိမ်နောက်က အပင်ကြီးတစ်ပင်နဲ့ဝါးပင်ကို အဒေါ့်ယောက္ခထီးက
အမြဲထမင်းကျွေးပါတယ် တခါတလေ အသားပစ်တာတွေ့ပါတယ် နတ်စင်လည်းမရှိပဲ မနက်တိုင်း ထမင်းသွားချပီး ဘုရားရှိခိုးသလိုလို စကားပြောသလိုလိုတွေ့ပါတယ် အဒေါ်ခြောက်ခံရတဲ့ပုံစံအရင်ပြောပြမယ်နော်
အဒေါ်တို့လက်ထပ်ခါစက အဲ့အိမ်မှာနေတာပါ တအိမ်လုံးမှာ အဒေါ်ကိုပဲခြောက်တာပါ မိနိးမတစ်ယောက် ညညဆို အဝေးကနေ မကျေနပ်တဲ့အကြည့်နဲ့ကြည့်ပါတယ် နောက်တော့ တဖြည်းဖြည်းနဲ့ ခြင်ထောင်နားကနေ မျက်တောင့်နီနဲ့ကြည့်ပါတယ်
ခြေဖဝါးလာကိုင်တာတွေ နေ့လည်ဘတ်တောင် အပုတ်နံ့ပေးတာတွေ နေ့လည်အပေါ်ထပ်မှာ လူမရှိပဲ ခြေသံတွေပေးပါတယ် တဖြည်းဖြည်းကြမ်းလာပီး နေ့လည်ဘတ်တောင်အဒေါ်အိပ်နေတဲ့အချိန်မှာ အပေါ်ကနေ မျက်နှာနီးနီးလာကြည့်တော့ မေ့လဲတဲ့အချိန်တောင်ရှိဖူးတယ်အဲ့ချိန်မှာ သူ့ယောက္ခထီးက ရေမန်းတိုက်ပါတယ် ရေမန်းတိုက်ပီးနောက်ပိုင်း သိပ်မခြောက်တော့ပါဘူး အမဝမ်းကွဲ(အဒေါ့်သမီး)လည်း အဲ့အိမ်မှာ သွားလည်တဲ့အချိန်သူ့အမေနဲ့တပုံစံထဲခြောက်ခံရပါတယ် သူကပိုဆိုးပါတယ် အိမ်သာတံခါးလာခေါက်တယ် ခြေရင်းက ပြတောင်းပေါက်ကို လာဖွင့်တယ် တညလုံးအပေါ်ထပ်နဲ့အောက်ထပ်ကိုလှေကားကနေ ဆင်းနေတဲ့အသံတွေ အဆက်မပြတ်ကြားရတာပါ ထူးဆန်းတာက ဘုရားရှိခိုးတဲ့နေ့မှအခြောက်ခံရတာပါ သူတိူ့ကို ခြောက်တဲ့သူကလည်း တခြားမဟုတ်ပါဘူး အဒေါ့်ယောက္ခမပါ ဆုံးသွားတာ နှစ်ပေါင်း ၃၅နှစ်ရှိပါပီ ဆုံးတုန်းကလည်း အမျှမဝေ သဏရဂုံမတင်ပါဘူး အဘိုးက(အဒေါ့်ယောက္ခထီး)
သူ့မိန်းမကို သူအပေါ်ထပ်မှာ ပြန်မွေးထားတယ်လို့ထင်ပါတယ် ပီးရင် အိမ်နောက်က အပင်ကြီးမှာလည်း သရဲနှစ်ကောင်မွေးပီး စီးပွါးတက်အောင်လုပ်တယ်လို့လည်း ထင်ပါတယ် (အဒေါ်က အဲ့အိမ်မှာ ၃/၄နှစ်နေခဲ့တာပါ တအားကြမ်းတယ်ပဲပြောပြပါတယ် ကျွန်မတို့ကြောက်မှာဆိုးလို့ နှစ်ကောင်ရှိတယ်ပဲ ပြောခဲ့တာပါ)
ပီးရင် အဘိုးက အပေါ်မှာပြောခဲ့တဲ့ ဆုံးသွားတဲ့ သူ့သားကိုပါ အခုဆို ပြန်မွေးထားပါတယ် အဲ့အိမ်မှာ အခုဆိုစုစုပေါင်း 4ကောင်ပါ အိမ်ကလူတွေကို မခြောက်ပေမဲ့
မိန်းကလေးတွေသွားရင် ခြောက်ပါတယ်
တအိမ်သားလုံး (ကိုယ့်အရွယ်၂၂/၂၃/၁၇/၁၈နှစ်တွေပါမကျန်) ဘုရား တရားလုံးဝမလုပ်တာဘူး
သံဃာတောင် ဆွမ်းမလောင်းဘူး
လှူရင်တောင် ဘုရားမှာမလှူဘူး ဖိုးဖိုးလို့ခေါ်တဲ့ နတ်ကတော်လိုလို အောက်လမ်းလိုလို အဲ့ဖိုးဖိုးမှာ သွားလှူပါတယ် လှူတိုင်း ရေတစ်ခွက်တိုက်ပီး လိုရာဆုတောင်းပါတယ်
အဲ့အိမ်က အရင်ကအဲ့လိုမဟုတ်ပါဘူး ဦးလေးတောင်(အဒေါ့်ယောကျ်ား) ရှင်ပြုကိုယ်ရင်ဝတ်ဖူးပါတယ် ဒါတွေအားလုံးက အဒေါ့်ယောက္ခမဆုံးသွားတဲ့အချိန်က စတာတဲ့ အဘွားဆုံးပီး နည်းနည်းကြာတဲ့အချိန်ကစပီး ပိုက်ဆံတာအားရှိလာတယ်လို့ ပြောပါတယ်
က်ိုယ်သိချင်တာကလေ ဆုံးပီးတဲ့သူကို အဲ့လိုပြန်မွေးရင်ကောရလား ဘာလို့ဘုရားမရှိခိူးကြတာလဲ အဘိုးအရွယ်ဆို ဘုရားတရားနဲ့နေရမဲ့အရွယ်ပါ
(ဖတ်တဲ့သူတော့မသိဘူး ကိုယ်တော့ ပြန်တွေးရင်ကြက်သီးထတယ် )
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now