163

202 9 0
                                    

Note***-တချို့‌အောက်ကစာတွေ့မဖျတ်တာက စာရေးသူပိုင်ရှင်တွေ့ကိုအားနာလို့ပါ ***

အိမ်နောက်ဖေး အပင်က သရဲကြီး နဲ့ရွှေရင်ကျော်

ကျွန်တော်နေတဲ့နေရာက ခြံဝင်းလို တန်းလျားပုံစံကြီးဗျ. အောက်ထပ်မှာနေတာ လမ်းထိပ်က ကြည့်ရင်တော့ ခြံဝန်းကြီးလို့တော့ မထင်ရဘူးပေါ့ဗျာ.. အရင်ကတော့ ကွင်းပြင်အလွတ်ကြီး နောက်မှ အိမ်တွေဆောက်လာကြတာ..
ဘာဘူကြီးတစ်ယောက်ပိုင်တယ်လို့တော့ပြောတာပဲ..
လမ်းထိပ်မှာမူလတန်းကျောင်းလေးလည်းရှိတယ် ကျောင်းလေးရဲ့ အနောက်ပေါက်တည့်တည့်က ကျွန်တော်တို့နေတဲ့ အခန်းဗျ.. စဝယ်လိုက်တုန်းက စုတ်ပြတ်သတ်နေတာ အဲ့ဒါကို အဖေက ကြွေပြားတွေပြန်ကပ် Aircon တွေ တပ်နဲ့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ရွိုင်းလိုက်တော့ နေလို့တော်တော် အဆင်ပြေသွားတယ်ဗျ..

ဒါနဲ့ ကျွန်တော်ပြောတဲ့အပင်ကြီးက ကျောင်းရဲ့ အနောက်ပေါက်တည့်တည့် မှာ ပေါက်နေတာ..
ကျွန်တော့အိမ်နောက်ဖေးနဲ့လည်းတန်းနေတာပဲ
ဗန်ဒါပင်လား ဘာပင်လားတော့မသိဘူး တော်တော်တော့ကြီးတယ်. အိမ်အနောက်ဖေးဆိုတော့ အမှိုက်တွေ ဘာတွေနဲ့ဆိုတော့ အဲ့အနောက်ဖက်ကို သွားလို့တော့မရဘူးပေါ့ဗျာ

ဒီလိုနဲ့
တစ်ရက် အမေနဲ့အဖေက ညနေစောင်းလောက်တည်းက မြောက်ဒဂုံက အသိအိမ်ကို သွားပီး ပြန်လာတော့ ည ၁၂ ကျော်လောက်ရှိပီဗျ

အဖေနဲ့ အမေက ယောဂီရောင်တွေဝတ်သွားကြတာ ဂိုဏ်းစာအုပ်တွေရော ပုတီးတွေရော ယူသွားကြတာ အဘ ပင့်လို့သွားကြတာ ထင်တယ်ဗျ

ပြန်လာပီး လမ်းထိပ်ကနေလည်း ဝင်လာရော.. အမေက အမှတ်မထင် အဲ့အနောက်ဖက်က အပင်ကြီးဘက်ကို မျက်စိရောက်သွားတာ..အပင်ပေါ်ကနေ မဲမဲအကောင်ကြီး ဇောက်ထိုးကြီးဆင်းပီးလာနေတာဗျာ... အမေက သရဲမကြောက်တတ်တော့ သူမြင်လည်း ဆက်လျှောက်လာတာ.အဖေက ဘေးမှာပါနေပေမဲ့ အဖေ့ကိုတော့ သူမပြောပဲ မသိချင်ယောင်ဆောင်ပီး အိမ်ကိုပြန်လာတာပဲ
(အဲ့အကြောင်းက အမေပြန်ပြောပြလို့သိတာ )

ကျွန်တော့အမေက သရဲမကြောက်တတ်ဖူးဗျ
ကျွန်တော်ဆို အဲ့လို ေဇာက်ထိုးကြီးဆင်းလာမှာ သေအောင်ကြောက်တာ 😫

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now