195

179 8 1
                                    

........................
အချိန်က ၂၀၀၆ ၂၀၀၇ ခုနှစ် လောက်ပေါ့ ။ အဲ့အချိန်က ရန်ကုန်မြို့မှာ ကလေးကစားကွင်း များများစားစားမရှိသေးဘဲ နာမည်ကြီး ကစားကွင်းတွေဆိုလို့ ရှုခင်းသာ မြကျွန်းသာ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ထဲက ကစားကွင်း ကန်တော်ကြီး Fantasy World နဲ့  ............ ကစားကွင်းတို့လောက်သာ ရှိပါတယ် ။ အဲ့ထဲကမှ ......ပန်းခြံထဲက ........... ကစားကွင်း ကတော့ အဲ့အချိန်ကအတော်နာမည်ကြီးခဲ့ပါတယ် ။ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတစ်ခုနဲ့လဲနီးတာကြောင့် စနေ တနဂ်နွေနဲ့ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေဆို အတော်စည်စည်ကားကားရှိခဲ့ပါတယ် ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပထမဆုံးလို့ဆိုရမယ့် သရဲအိမ်နဲ့သရဲ ရထားကစားနည်းကိုကလဲ အဲ့ကစားကွင်းမှာ စတင် ထည့်သွင်းနိုင်ခဲတာကိုး ။ ဒီလိုလူစည်ကားတဲ့ ကစားကွင်းဟာ ၂၀၀၆ ခုနှစ် နှစ်ကုန်ခါနီး အစိုးရရုံးပိတ်ရက်တစ်ရက်မှာတော့ ထို မြန်မာပြည်ရဲ့ ပထမဆုံးလို့ ဆိုနိုင်တဲ့  သရဲရထားကစားတဲ့နေရာကနေ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ပါတယ် ။ အဆိုပါမီးလောင်မှုဟာ ကစားကွင်းတဝက်လုံးနီးနီးပျက်စီးခဲ့ပြီး သရဲအိမ်နဲ့ သရဲရထား ထဲရောက်ရှိနေတဲ့ ကလေး နဲ့ လူကြီး ၅ ယောက်အထိ အသက်ဆုံးရှုံးတာ ဖြစ်ခဲ့ပါတယ် ။ ဒါဟာ မြန်မာပြည်ရဲ့ ပထမဆုံး ကစားကွင်းမတော်တဆမှုလို့လဲဆိုနိုင်ပါတယ် ။

အဆိုပါမတော်တဆမှုရဲ့ မူလအစမှာတော့ ရန်ကုန်စည်ပင်သာယာရေးကော်မတီဟာ ကစားကွင်းပိုင်ရှင်ကို တရားစွဲဆိုဖို့နဲ့ ကစားကွင်းကို ပိတ်သိမ်းဖို့စီစဥ်ခဲ့ပါတယ် ။ အဲ့ခေတ်ကသတင်းစာ ဂျာနယ် တွေရဲ့ ထိပ်တန်းသတင်းပေါ့ ။ ဒါပေ့သိ မည်သို့မည်ပုံကြောင့်ရယ်မသိ အဆိုပါအမှု ကလဲ မေ့ပျောက်ခံလိုက်ရပြီး နှစ်နှစ်အကြာ နာဂစ်မုန်တိုင်းအပြီးမှာတော့ မီးလောင်ပျက်စီးခဲ့တဲ့ အဆိုပါကစားကွင်းဟာ TV တွေ FM radio တွေမှာ ပြန်လည် ဖွင့်လစ်ကြောင်း ကြေငြာခဲ့ပါတယ် ။ စစဖွင့်ချင်းတော့ ကစားကွင်းဟာလူမစည်ခဲ့ပေမယ့် ထိုခေတ်က နာမည်ကြီးအဆိုတော်တစ်ဦးရဲ့ မွေးနေ့ပွဲနဲ့ show ပွဲကို အဆိုပါကစားကွင်းမှာ Free လုပ်ပေးရာကစပြီး အဆိုပါကစားကွင်းဟာ ပြန်လည်စည်ကားခဲ့ပါတယ် ။ပြန်လည်စည်ကားလာတာနဲ့အတူ အဆိုပါကစားကွင်းရဲ့ သရဲအိမ်နဲ့ သရဲရထားမှာ တကယ်သရဲခြောက်တယ်။ အပုပ်နံ့ရတယ် ။ ဖြူဖြူအရိပ် တွေမြင်ရတယ် အမှောင်ထဲကနေ ကလေးလက်လေးတွေနဲ့ ပုခုံးကို လာကိုင်တာခံရတယ် ဆိုတဲ့ သတင်းတွေဟာလဲ တဖြည်းဖြည်း နာမည်ကြီးလာခဲ့ပါတယ် ။ ထိုခေတ်က မြန်မာပြည်ကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတစ်ယောက်က အဆိုပါ ကစားကွင်း သရဲရထားထဲ ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံမှာ ကစားကွင်းကစီစဥ်ထားသော အရုပ်မဟုတ်တဲ့ ကလေး ၃ ယောက် ရဲ့ ပုံရိပ်တချို့ပါလာတဲ့ ဓာတ်ပုံကို ဂျာနယ်တစ်ခုကစတင် ဖော်ပြခဲ့ရာကနေစပြီး အဆိုပါ ကစားကွင်းရဲ့ သရဲရထားဟာ တကယ်သရဲခြောက်တယ် မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ကလေးတွေဟာ အစိမ်းသေ သေခဲ့တာမို့ မကျွတ်လွတ်သေးဘူးဆိုတဲ့ သတင်းတွေဟာ အဲ့ခေတ်ကာလက ရန်ကုန်မြို့နေသူတွေအကြား ပြောစရာတစ်ခုဖြစ်လာခဲ့ပါတယ် ။ နောက်ပိုင်း သရဲရထားစီးသူတွေကို ဝင်ပူးတာ ငိုသံတွေ ကြားရတာတွေ အထိ ဖြစ်လာပြီးတဲ့နောက်မှာတော့ အဆိုပါကစားကွင်းကို နောက်တစ်ကြိမ် ထပ်မံပိတ်သိမ်းခဲ့ပါတယ် ။ သေဆုံးခဲ့တဲ့သူများမှာ ဘာသာခြားများဖြစ်သည့်အတွက် အဆိုပါ အဖြစ်အပျက်တွေကို ထိုခေတ်က ရန်ကုန်ကနာမည်ကြီးအထက်လမ်းဆရာတစ်ယောက်ရဲ့အစီအရင်နဲ့ စီမံ ဆောင်ရွက်ခဲ့တယ်လို့ ကြားသိရပြီး အဆိုပါကစားကွင်းကိုလဲ နှစ်တော်တော်ကြာတဲ့အထိ ပိတ်ထားခဲ့ရပါတယ် ။ အဆိုပါကစားကွင်းမှာ sequrity လုပ်ခဲ့ဖူးသူတစ်ဦးရဲဲ့ပြောကြားချက်အရတော့ ည သန်းခေါင်ယံအချိန် ၁၁ နာရီခွဲပြီးတဲ့အချိန်တိုင်း အဆိုပါသရဲရထားနဲ့ သရဲအိမ်ဘက်မှ ကုတ်ခြစ်တဲ့အသံတွေ ညည်းတဲ့အသံတွေ ငိုတဲ့အသံတွေ ကြားရတယ်လို့ ဆိုပါတယ် ။

အဆိုပါကစားကွင်းကို ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ရန်ကုန်မြို့ပြ ပန်းခြံနဲ့ကစားကွင်းစီမံချက်တွေအရ ပြန်လည်ဖွင့်လစ်ခဲ့ပြီး စဖွင့်ဖွင့်ချင်း သရဲအိမ်ကို .......နေရာအဖြစ်ပြောင်းလဲခဲ့ကာ သရဲရထားကိုတော့ ယခင် မတော်တဆ ဖြစ်ပွားခဲ့တဲ့ ပြေးလမ်းနေရာကို ချန်လှပ်ခဲဲ့ပြီး ပြေးလမ်း တိုခဲ့တယ်လို့တော့ ကြားသိရပါတယ် ။ အချိန်တစ်ခုကြာခဲ့ပြီဖြစ်တာကြောင့် ကျွတ်လွတ်သွားတာလား အဆိုပါအထက်လမ်းဆရာရဲ့အစီအရင်တွေကြောင့်ပဲလား မသိပေမယ့် ယခုနောက်ပိုင်းနှစ်များမှာတော့ အဆိုပါကစားကွင်းဟာ ပုံမှန်ပြန်လည်စည်းကားနေပြီး ဘာသတင်းမှတော့ထပ်မံမကြားရတော့ပါဘူး ။ ဒါပေ့သိ ထူးခြားချက်တစ်ခုက ယခုလို လက်ကိုင်ဖုန်းတွေပေါများလာပြီးတဲ့နောက်ပိုင်းမှာတော့ အဆိုပါကစားကွင်းရဲ့ တခြားနေရာတွေမှာ ဘာမှကန့်သတ်ထားတာမရှိပေမယ့် အဆိုပါသရဲရထားစီးနေရင်း ဓာတ်ပုံမရိုက်ဖို့ကိုတော့ ကန့်သတ်ထားခဲ့ပါတယ် ။ ကြား စကားတစ်ခုကတော့ အဆိုပါ သရဲရထားပတ်လမ်းအတွင်း ထားရှိထားတဲ့သရဲရုပ်တုများကြားမှာ ကလေး ၃ ယောက်ကဲ့သို့ ထုထားတဲ့ရုပ်တု ၃ ခုရှိကြောင်းနဲ့ အဆိုပါရုပ်တု ၃ ခုနံရံအနောက်က နေရာဟာ ယခင် မီးလောင်မှုမတော်တဆဖြစ်ခဲ့တဲ့ နေရာလို့လဲ သိရပါတယ် ။ တနည်း အဆိုပါ ကလေးတွေ သေဆုံးခဲ့တဲ့နေရာပေါ့ ။ တချို့သူတွေကတော့အဆိုပါ နေရာရောက်ရင် ငိုသံတချို့ကြားရကြောင်းလဲ ပြောကြပါတယ် ။ အကယ်၍ အဆိုပါကစားကွင်းကိုရောက်ခဲ့လို့ သရဲရထားစီးဖြစ်ခဲ့ရင်တော့ အထက်ပါ ကြား စကားတွေဟာ ဟုတ်လား မဟုတ်လား မိမိဘာသာပဲ သတိထားကြည့် နားထောင်ကြည့် ကြပေါ့လေ.....

(အထက်ပါအကြောင်းအရာများသည် မိမိသိရှိသမျှ အချက်အလက်များကို just sharing မျှသာ ဖြစ်ပါတယ် ။ တခြား မည်သည့်ရည်ရွယ်ချက်မျှ မပါဝင်ပါ။)

#NLH_IR

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now