73

211 13 0
                                    

'မောင်ညို’

သူ့နာမည်က မောင်ညိုတဲ့ ။ 2018 ခုနှစ်က ကိုယ်ဆယ်တန်းဖြေပြီးတော့ ကိုယ့်အဒေါ်တာဝန်ကျရာတိုက်နယ်ဆေးရုံရှိတဲ့ ရွာကိုအလည်လိုက်သွား တုန်းက ဆုံခဲ့ရတဲ့ ကောင်လေးပေါ့ ။ ကျောင်းလည်းပိတ် အဒေါ်ကလည်း အပျိုကြီးဆိုတော့အဖော်ရအောင် ကိုယ်ရယ် မေမေရယ် ကိုကိုရယ် သုံးယောက်သားအလည်လိုက်နေကြတာ ။
အဲ့ရွာကလေးကိုရောက်ဖို့ရန်ကုန်ကဆိုရင် 2နာရီခွဲနီးပါးလောက်မောင်းရတယ် ။ ကိုကို က ရွာဘက်ဆိုတော့ သိပ်မလိုက်ချင်ရှာပေမယ့် မေမေနဲ့ ညီမ က အဲ့မှာ အနေကြာမှာဆိုတော့ လိုက်လာရှာတယ်

အဲ့ရွာကလေးကိုရောက်တော့ ပထမဦးဆုံး ကျောင်းထိုင်ဘုန်းကြီးဆီကို သွားလျှောက်ရတယ် ။ ဧည့်သည်ရောက်ပြီး ဒီမှာ သုံးလလောက်နေမယ်ပေါ့လေ။ မေမေနဲ့ ကိုယ့်တီတီလေး က ကျောင်းထိုင်နဲ့စကားကောင်းနေကြတော့ ကိုယ်ကလည်း ပျင်းလာတာနဲ့ ကျောင်းဝန်းထဲ လျှောက်ပတ်နေတဲ့ ကိုကို့နောက်ကို လိုက်သွားတယ် ။

ကိုယ့်ကိုမြင်တော့ အဲ့ကောင်လေးက ပြေးလာပြီးနှုတ်ဆက်ရှာတယ် ။ သိပ်ဖော်ရွေတဲ့ကောင်လေးပဲ မျက်လုံးလေးတွေက လှတယ် ။ အပြာရောင်လေး ။ပြီးတော့ သူ့အသားရေလေးကနူးညံ့ပြီး အညိုဆင်လေး ။ သူက ပြုံးပြရှာတယ် သူစိတ်လှုပ်ရှားကြောင်း အမြှီးလေးကိုတရမ်းရမ်းနဲ့ဖော်ပြရှာတယ် ။
ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကောင်လေးဟာ သနားစရာ အတိ ။ နံရိုးတွေပေါ်တဲ့အထိ ပိန်လှီးနေတဲ့အပြင် လက်တစ်ဖက်ဟာလည်း အတိပြတ်လို့နေတယ်

'သူက မောင်ညိုလေ ။ ငယ်ငယ်က ရွာထဲ ဆိုင်ကယ်ကြိတ်ခံထားရတာ တဲ့ ။ အဲ့တာ အရိုးကြေသွားလို့ဦးဇင်းက ရန်ကုန်တက်ပြီး ခြေထောက်(လက်)ဖြတ်ပေးထားတာ ။ ပြီးတော့ အဲ့ကောင်လေးက ခွေးကြီးတွေရှိတော့ ထမင်းသိပ်မစားရဘူး။ သနားစရာလေးနော်  လူလည်းအရမ်းကြောက်တတ်တာတဲ့

'ကိုကို့ ကို ဘယ်သူပြောလဲ’

'ဟိုနားက ကိုရင် တွေပြောပြတာ ‘

ရေစက်တွေဟာ ပါလာကြသလိုပါပဲ ။ မောင်ညို့ကို စတွေ့တဲ့နေ့ကတည်း က ထမင်းစားရင်လည်း သူ့ကိုပဲ မြင် ရေသောက်လည်း သူ့ကိုပဲမြင် ။ စိတ်ထဲမှာ သူ ထမင်းကောင်းကောင်းမစားရလောက်ဘူးဆိုတဲ့ သနားစိတ်နဲ့ ခွေးကြီးတွေအနိုင်ကျင့်တာ ခံနေရတဲ့ နံရိုးအပြိုင်းပြိုင်းနဲ့ မသန်မစွမ်းခွေးကလေး

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now