50

240 13 0
                                    

အမွှာ နှင့် စိတ်ချင်း ဆက်သွယ်မှု

ဘာဘာကြီး နှင့် ဆု ၃ ဆု ​ရေးတဲ့သူပါရှင်

ကျွန်မ အသက် ၂၇ ​လောက်​ပေါ့ ပြည်ပ မှာ အလုပ်သွားလုပ်ပါတယ် အလုပ်ချိန်က မနက် ​နေ့လည် ည ဆိုင်း ၃ ဆိုင်း အလှည့်ကျ ဆင်းရပါတယ်
တစ်ရက်ပဲ နားရက် ရပါတယ်

တစ်​နေ့ အရမ်း အိပ်​မောကျ​နေတုန်း လူ တစ်ကိုယ်လုံး ပူ​လောင်လာတာပါ ဆက်အိပ်လို့ မရ​အောင်ကို ပူ​နေတာ မသိရင် မီး အပူ ဟပ် သလိုမျိုး​ပေါ့ အချိန်ကြည့်လိုက်​တော့ မနက် ၃ နာရီခွဲ

ဒါနဲ့ ဆက် မအိပ်နိုင်ဘဲ ရန်ကုန်က အမွှာ အစ်မဆီ တိုက်ရိုက် ဖုန်း call ​ခေါ်လိုက်တယ်

ကျွန်မ ပူ​လောင်ရတဲ့ အ​ကြောင်းရင်း သိရပါပြီ

သူမ က ကျွန်မ ဓါတ်ပုံကြည့်ပြီး အားရပါးရ ငို​​ကြွေး​နေတာ သူ့ အလုပ်က ပြသနာ လူမှု​ရေး ပြသနာ​တွေ ​ပြော ​ပြော ပြပြီး ငို​နေတာ အဲ့ဒါ​ကြောင့်မို့ ကျွန်မ တိုက်ရိုက် ပူ​လောင်ပြီး သိလိုက်ရတာ

တစ်ခါတစ်ရံ ထူးဆန်းသား​နော် အမွှာ​တွေ အရမ်း စိတ်ချင်းဆက်တယ်

​နောင်တစ်ခါက မှတ်မှတ်ရရ  ၂၀၁၄-၁၅ ​လောက်က ထင်ပါရဲ့

သူမက ငါ ​သေချင်ပြီ မ​နေချင်​တော့ဘူး စိတ်ဆင်းရဲစရာ​တွေ အပြည့်ပဲ ​ပြောပါ​လေ​ရော

သူ ပူ​​လောင်ရ​တော့ ကျွန်မ မ​အေးချမ်း​တော့ဘူး

တစ်ရက် ကျွန်မ အိပ်မက် မက်ပါ​လေ​ရော အိပ်မက်ထဲ ကျွန်မ ပင်လယ်ထဲ ဆင်းသွားတာ (အပြင်မှာ လုံးဝ ​ရေမကူးတတ်ပါဘူး ​ရေဆို အရမ်း​ကြောက်ပါတယ် မျက်နှာသစ်တာ​တောင် မျက်လုံးဖွင့် သစ်သူပါ)

​ရေ​အောက် ကမ္ဘာထဲ ​ရောက်သွားတာ ထူးခြားတာက ကျွန်မက လူ မဟုတ်​တော့ဘူး နဂါး ဖြစ်​နေတာ

နဂါးတိုင်းပြည်သွားပြီး ​သောင်းကျန်း​နေတာ အကုန်လုံးကို စိတ်ဆိုးဆိုးနဲ့ စိတ်တိုင်းကျ ဖျက်ဆီး​နေတာ (မသိရင် ဝူခုန်း နဂါးတိုင်းပြည်သွားပြီး ​သောင်းကျန်း​နေသလိုမျိုး မျက်လုံးထဲ မြင်​အောင် ​ပြောပြတာပါ​နော် )

ကျွန်မကို ဘယ်သူမှ မတားရဲကြဘူး ကျွန်မက စိတ်တိုင်းကျ ​​သောင်းကျန်း​နေတာ

​နင်တို့ ငါတို့ကို လူပြည် လွှတ်ပြီး ဘာလုပ်တာလဲ
ဘာလို့ ဒီ​လောက် စိတ်ဆင်းရဲစရာ ဒုက္ခ ကြုံရတာလဲ ဘာညာ
အပီအပြင် ​ပြောဆို​နေတာ

​တော်​တော်​လေး ကြာ​တော့ မိန်းမ တစ်​ယောက် ကျွန်မ ​တွေ့တယ်
သူ့ကို ကျွန်မက အစ်မ​တော်လို့ ​ခေါ်တယ်

ကျွန်မ အရမ်းအံ့သြမင်သက်မိတာက သူမ ​တော်​တော် ကျက်သ​ရေရှိတယ် လှပတယ် အရမ်း​ချောတယ် တစ်ကိုယ်လုံး အစိမ်း​ရောင် ဝတ်ထားတယ်

သူမကို ကျွန်မ ​ကြောက်တယ် ငိုပြီး ​ပြော​နေတာ ကျွန်မ အစ်မ အမွှာကို ဒုက္ခ​တွေက ကယ်ပါ အရမ်း စိတ်ဆင်းရဲ​အောင် မလုပ်ဖို့ သူမ မ​နေချင်​တော့ဘူး ​သေမယ်ဆိုရင် ကျွန်မ လည်း လိုက်​သေမယ် ဘာညာ​ပေါ့

သူမက ​ပြုံးပြပြီး နှစ်သိမ့်​ပေးတယ် ​စောင့်​ရှောက်ပါ့မယ် ကူညီမယ် တဲ့

ကျွန်မ လူပြည် ပြန်လာတယ်

အိပ်မက်ကလည်း နိုး​ရော ကျွန်မ ​ခြေ​ထောက်က ​ရေ​တွေ စို​နေတယ်

​ဘောင်းဘီ အဖျားပိုင်းက ​ရေစို​နေလို့ ​​ခြေဖဝါးမှာ သဲ​တောင် ရှိ​သေး

အိပ်ရာ ဝင်ရင် သန့်ရှင်း​ရေး လုပ်ပြီးမှ ဝင်သူပါ

​သေချာတာ​တော့ ​ရေ​မွှေးနံ့လို အနံ့ သင်းသင်း​လေး ကျန်​နေတယ် စိတ်လည်း ​ကျေနပ်သွားတယ်

(နဂါးပြည် ​​ရောက်တဲ့ အ​ကြောင်း​လေးပါ ​ရေး​ပေးလိုက်ပါတယ်ရှင်

စိတ်ကူးယဥ် မဟုတ်ရပါ

တကယ်ဖြစ်ခဲ့တာပါ )
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now