13

358 26 0
                                    

ဖုတ်ဝင်တဲ့..ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုပါခင်ဗျ လွန်ခဲ့သော၈နှစျလောကျကပါ ကျွန်တော့်(အမေ)ဘက်က အမေ့မောင် ကျွန်တော်ဦးလေး(အတူး)ဆုံးတုန်းက အကြောင်းပါ
ဖြစ်ပုံကဒီလိုပါခင်ဗျ ကျွန်တော်ဦးလေး(အတူး)က အရှေ့ဒဂုံဘက်မှာနေတာ သူကအရက်အရမ်းကြိုက်ပြီးတားမရစီးမရပေါ့ဗျာ နောက်ဆုံးအရက်ဒဏ်တွေပိပြီးလူကလုံးပါးပါးလာတော့တာပဲ အာ့ဦးလေး(အတူး)နဲ့အတူနေတာ (အမေ့)ညီမတျောက်လဲရှိတယ် သူတို့မောင်နှမနှစ်ယောက်ထဲတစ်အိမ်ထဲနေကြတာ ဦးလေးကအစားမစားပဲအရက်ဒဏ်ပိလာတော့အခြေနေအတော်ဆိုးလာတယ် (အမေ့)ညီမကျွန်တော်ဒေါ်လေးကလဲအလုပ်တဖက်နဲ့ဆိုတော့သေချာမကြည့်နိင်ဘူးဒီလိုနဲ့တစ်ရက် ကျွန်တော့်ဦးလေး(အတူး) အသဲအသနျုဖစျလို့ ကျွန်တော့်အမေဆီ ကျွန်တျော့အဒျေါဖုန်းလှမ်းဆက်လာတယ် အခြေနေမကောင်းဘူးလာခဲ့ပါဆိုတော့ အမေကအစ်မအကြီးဆုံးဖြစ်တဲ့(ကြီးကြီး) ကိုပါလှမ်းခေါ်ပြီး အမေ .ကြီးကြီး နဲ့ကျွန်တော်ပါ သုံးယောက်လိုက်သွားခဲ့တယ် ဟိုရောက်တော့ အခြေနေကသိပ်မကောင်းဘူး ရဲ့ရဲ့ပဲရှိတော့တယ် အာ့နဲ့ ကြှနျတျောတို့တှဲပွီး ဆိုက်ကားငှားပြီးအတင်းပွေ့တင်ကတော့တာ နီးစပ်ရာဆေးခန်းပို့ဖို့ ဆေးခန်းကလဲသိပ်မဝေးတော့နီးရာဆိုက်ကားအမြန်ပြေးငှားရတာ ဆိုက်ကားပေါ်တင်ပြီးအနောက်ကတစ်ယောက်ဖက်ဘေးကတစ်ယောက်ကူပြီးတွဲလိုက်ရင်းလမ်းတဝက်ရောက်တော့ ဦးလေး(အတူး)ကဇတ်ကြိုးကျသွားတာ အကုန်လုံးလန့်ပြီး အမေက.. အတူးရေအတူး သတိထားအုန်းလေဆိုပြီးလှုပ်တာပေါ့ဘယ်လိုမှနှိုးမရ အာ့လိုနဲ့ဆေးခန်းရောက်လာတော့ဆရာဝန်ကစမ်းသပ်ပြီးအခြေနေမကောင်းတော့ကြောင်း နှင့် လူနာရှင်တွေကိုရွေးချယ်ခိုင်းတယ် အိမ်မှာပဲထားမလား ဆေးရုံပဲပို့မလားပေါ့
သေချာတာတော့ဆေးရုံတောင်မရောက်နိင်တဲ့သဘောဖြစ်နေတော့ (အမေ)နဲ့ ကြီးကြီးတို့ကလဲငိုပြီးစိတ်မကောင်းစွာနဲ့အိမ်ပဲပန်ခေါ်လာကြတာပေါ့အာ့ချိန်ဖုန်းတွေဆက်ထားလို့ တချို့အမျိုးတွေလဲရောက်လာကြပြီ အိမ်ရောက်တော့မှဆေးကြောသန့်စင်ပြီးအဝတ်တေလဲပေးပြီးဆရာဝန်ညွှန်ထားတဲ့အတိုင်းဆေးသွင်းဘာသွင်းလုပ်ပြီး
စိတ်မကောင်းစွာကြည့်နေရုံမှတပါးဘာမှမရှိတော့တဲ့အတွက် အမေတို့ကြီးကြီးတို့အဒေါ်တို့ရောမျက်ရည်တွေနဲ့ပေါ့😟 ဒီလိုနဲ့ညဘက်ရောက်တော့ အမေ့ရဲ့မောင် ဦးလေး(အတူး)ရဲ့အထက်က ဦးဝင်း လဲရောက်လာတယ်..အခေနေပြောပြတော့ဦးဝင်းလဲစိတ်မကောင်းစွာပဲသူ့ညီကိုထိုင်ကြည့်ရင်း သူလဲတတ်သလောက်သိသလောက်စမ်းသပ်ရင်း သူ့အစ်မတွေဖြစ်တဲ့ (အမေ)နဲ့ကြီးကြီးကိုခေါ်ပြတယ် အစ်မတို့ဒီမှာကြည့် ဆိုပြီးမျက်လုံးသူငယ်အိမ်ကိုဓာတ်မီးနဲ့ထိုးပြတယ်သူငယ်အိမ်ကမလှုပ်တော့ဘူးတွေ့လားလို့ပြောဆိုနေရင်းနဲ့ပဲ အာ့အချိန်မှာပက်လက်အနေထားဖြစ်နေတဲ့ ဦးလေး(အတူး)က အားးမျက်စိစူးတယ်ဆိုပြီးထပြောတယ်
ဦးဝင်းလဲရုတ်တရက်ဆိုတော့ ဓာတ်မီးပါလွတ်ကျတယ်လန့်ပြီးတော့ ဟာ""အကုန်လုံးလဲ အံအားသင့်ကုန်ကြတာပေါ့ရုတ်တရက်ကြီးဆိုတော့ သတိပြန်ရလာပြီဆိုတော့လဲဝမ်းလဲသာကုန်ကြတာပေါ့ဗျာ အမေနဲ့ ကြီးကြီးက အတူး သက်သာလား ဘယ်လိုနေလဲ စိတ်ပူပြီးမေးခွန်းတွေထုတ်တော့တာပဲ လူနာကတော့ ခေါင်းညိတ်ခေါင်းခါလနဲ့ ဖြေးညှင်းစွာပဲပြောနိင်တဲ့အနေအထားပဲရှိတယ် ဒီလိုနဲ့အကုန်လုံးကသတိရလာပြီဆိုတော့သေချာပြုစုပေးကြတာပေါ့ ဦးဝင်းကလဲ အစ်မတို့ အခုသူတို့မောင်နှစ်မနှစ်ယောက်ထဲနဲ့တော့ဒီအိမ်မှာမဖြစ်ဘူး သွားရေးလာရေးလူနာပြုစုဖို့ခက်မယ် ကျွန်တော်အိမ်မှာပဲ အတူးကိုထားပြီး ကုတာပိုကောင်းမယ်ဆိုတော့ မောင်နှမ ငါးယောက်လုံးသဘောတူပြီးနောက်ရက် ဦးဝင်းအိမ်မှာပဲ ဆက်ကုပေးဖို့ခေါ်သွားကြတယ် ဦးဝင်းအိမ်ကျတော့သူ့သားတွေ ကျွန်တော့်ရဲ့ညီအကိုဝမ်းကွဲတွေလဲရှိတော့တစ်ယောက်တစ်လှည့် ကူလုပ်ပေးလို့လဲရတော့အဆင်ပြေတယ်.......ဒီလိုနဲ့ ညီအကိုတွေဝိုင်းပြုစုပေးပြီး၃ရက်လောက်ကြာတဲ့ချိန်ပေါ့ လူနာကလဲအကောင်းကြီးလဲမဟုတ် အဆိုးလဲမဟုတ် ိအိပ်ယာထဲမှာပဲလဲနေတာပေါ့ မထနိင်တော့အိပိယာထဲပဲ ကျင်ကြီးကျင်ငယ်စွံဖို့လုပ်ပေးရင်းတဖြေးဖြေးအနံကပြင်းလာတယ်ဗျ လုပ်ပေးတဲ့
ကျွန်တော်တို့ညီအကိုတွေလဲ mask နှစ်ထပ်သုံးထပ်တောင်မခံနိင်ကြဘူး ဒက်တောတွေလဲဖျန်းတာပဲခဏပဲ ...ကြာလာတော့အနံလဲရင်သွားတာပေါ့ အာ့လိုနဲ့တနေ့သတိထားမိတဲ့အချက်က ညဘက်ဆို ဦးလေး(အတူး) ရဲ့မျက်လုံးသူငယ်အိမ်ကပုံမှန်မဟုတ်ပဲ သာမန်ထက်ကြီးပြီးမဲနက်နေတာကိုသတိထားမိတယ် တွေ့တဲ့ညီကလဲအသေချာပြောပြလာတော့ကျွန်တော်တို့လဲသေချာကြည့်တော့ ဟုတ်တယ်ဗျ မဲနက်ပြီးသူငယ်အိမ်ကြီးကကြီးနေတာ အာ့လိုသူကိုစိုက်ကြည့်နေလို ဦးလေး(အတူး)ကပြနိကြည့်တာနဲ့စုံရင် ဘယ်လိုမှဆက်မကြည့်နိင်လောက်အောင်စူးရှနေတာဗျ အကြည့်ကိုလွှဲပစ်ရတယ် ယှဉ်ပြီးတော့ကိုမကြည့်နိင်ဘူး.... သေချာအောင်ကျွန်တော်တျု့ညီအကိုတွေနောက်နေ့သတိထားကြည့်တယ် မနက်ဆိုမျက်လုံးက ပုံမှန်ပဲ လေသံကပျော့တော့တော့နဲ့ပဲ
ညဆို မျက်လုံးသူငယ်အိမ်ကမဲနက်ပြီးကြီးလားတယ်အကြည့်တွေစူးရှလာတယ်.. လေသံကလဲသာမန်လူတွေလိုပြောနိင်တယ် အိပ်ယာထဲကတော့မထဘူးလဲနေလျက်ပဲ ဒီလိုနဲ့ပဲ အမှတ်တမဲ့ထားလိုက်ပြီး ဦးဝင်းကိုတော့အကြိုးအကြောင်းပြောပြထားလိုက်တယ်သူလဲစောင့်ကြည့်အုန်းမယ်တဲ့...သတိနဲ့နေကြလို့ပဲတူတွေသားတွေကိုမှာတယ်..
နောက်ရက်ဖြစ်လာတာတွေကပိုသိသာလာတယ် သူ့ကိုဝိုင်းပြုစုပေးနေတဲ့ထဲက ကျွန်တော်အစ်ကိုဝမိးကွဲတျောက်ကို ဦးလေး(အတူး)ကမင်းတို့လဲငါ့ပြုစုပေးနေကတာပင်ပန်းနေမှာပေါ့ကျန်းမာရေးလဲဂရုစိုက်အုန်းဆိုပြီး ပေးစမ်းမင်းလက်ကျန်းမာရေးကောင်းမကောင်းငါသွေးခုန်နှုန်းစမ်းပေးမယ်ဆိုပြီးစမ်းပေးနေတာဗျ..လူမမာက😣😣 ကျနော်တို့လဲကြောင်ကြည့်နေမိတာပေါ့ အာ့အချိန် ဦးဝင်းကအလုပ်ကပြန်လာပြီးအိမ်ထဲအရောက် သူ့ညီအတူး လုပ်နေတာကိုမြင်တော့ ဟိတ်ကောင်အတူးဘာလုပ်နေတာလဲမေးတော့..ကိုကြီးကျနော်တူတွေနေမကောင်းမှာဆိုလို့ သွေးခုန်နှုန်းစမ်းပေးနေတာဆိုပြီးပြန်ပြောတယ်. ဦးဝင်းကလဲမင်းတောင်နေမကောင်းပဲ အိပ်ယာထဲလဲနေတာ သူများကိုမင်းကဘာပြန်ကုနေတာလဲ ကို့ဘာသာနေကောင်းအောင်နေစမ်းဆိုပြီး ဟန့်လိုက်တော့မှ လက်ကလေးဗိုက်ပေါ်တင်ပြီးပြန်မှေးနေတယ် ဦးဝင်းလဲကျနော်တို့ကိုအရိပ်အကဲပြပြီး နောက်ဖေးကိုဦးဝင်းကလိုက်လာခိုင်းတယ်..နောက်ဖေးရောက်တော့ကျနော်တို့ကို မင်းတို့သတိထားနေ အရမ်းကပ်ပြီးသူလုပ်ခိုင်းတိုင်သိပ်မလုပ်ကြနဲ့လို့မှာတယ်
ဦးဝင်းကလဲသူ့ညီဖြစ်နေတာကတကြောင်းမရေမရာဖြစ်နေတာကတကြောင်းဆိုတော့ ယူဆရခက်နေတုန်းပဲဖြစ်မယ်လို့ပဲကျနော်စိတ်ထဲကတွေးလိုက်မိတယ် အမေနဲ့ကြီးကြီးကိုပြောတော့လဲ.. "ပေါက်ပေါက်ရှာရှာတွေဟယ်နင်တို့ဦးလေးနော်ပေါက်ကရတွေမပြောနဲ့ဆိုပြီးပဲ မာန် တယျ အာ့လိုနဲ့ ကြနော်အိမ်နှစ်ရက်လောက်ပြန်နားအုန်းမယ်လို့ပြောပြီးကန်ြတဲ့ညီအကိုတွေနဲ့လူချင်းခဏချိန်းပြီးအရှေ့ဒဂုံကနေ ကမာရွတ် ကိုပြန်လာတယ်....အိမ်ရောက်တော့အဖေကမေးတယ် မင်းဦးလေးအခြေအနေဘယ်လိုရှိလဲတဲ့
ကျန်းမာရေးအခြေအနေ အကြိုးကြောင်းတော့ပြောပြလိုက်တယ် ကျန်တာတော့သိပ်မပြောတော့ဘူးပြောလဲမထူးဘူး အမေ့လိုပဲ ပြောမှာပဲဆိုပြီးနေလိုက်တယ်.. အာ့အချိန် အဖေ့ရဲ့ညီ (လေးလေးချစ်) အောက်ထပ်ကတက်လာတယ်
ကျနော်တို့တိုက်ခန်းနဲ့ အဖေ့ညီ လေးလေးချစ် အခန်းက အပေါ်ထပ်အောက်ထပ် တွေဆိုတော့ကျနော်ပြန်လာတာမြင်တော့သတင်းမေးရင်းတက်လာတယ်... (လေးလေးချစ်)အကြောင်းခဏပြောပါရစေသူကဘုရားတရားသမားဗျ ဘာသာရေးအရမ်းလုပ်တာ မဟိဒ္ဓိဂိုဏ်းကပါ
သူကျင့်စဉ်ကလဲ အတော်ခရီးရောက်နေပြီလို့တော့ ပြောပြဖူးတယ်....{စာရှည်မှာဆိုးလို့လိုရင်းပဲသွားတော့မယ်ခင်ဗျ}
လေးလေးချစ်က" ငါ့တူ မင်းဦးလေး အတူး အခြေနေဘာထူးလဲ " ကျနော်လဲဒီးအတိုင်းပဲသိပ်မကောင်းဘူးအိပ်ယာထဲမှာပဲ လို့ပဲလိုရင်းပဲပြောပြလိုက်တယ်.. "(လေးလေး)ချစ်က ငါ့တူ ရေမိုးချိုးပြီးငါ့အခန်းခဏဆင်းလာခဲ့ပြောစရာရှိလို့ပြောပြီးပြန်ဆင်းသွားတယ်.. ကျနော်လဲ ရေချိုးပြီးအောက်ထပ်အခန်းထဲလိုက်သွားတော့ (လေးလေး)ချစ်က "ငါ့တူ
မင်းတို့ဦးလေး(အတူး)အသဲသနျုဖစျလို့ လိုက်သွားတဲ့နေ့ညက လေးလေး ဘုရားရှိးတရားထိုင်ပုတီးစိပိပြီးအိပ်တော့ အိမိမက်ထဲမှာ လေးလေးကိုဝတ်ဖြူစင်ကြယ်နဲ့ အဘတျောက်ကလာပြောတယ်" ငါ့သားထထ မင်းပညာစမ်းရမယ့်ချိန်ရောက်ပြီ ဟိုကောင်က (အတူး)မဟုတ်ဘူးအဲဒါဖုတ်ဆိုပြီး ပြောပြီးပျောက်သွားတယ်" ငါ့တူလေးလေး လဲမင်းအဖေတော့ပြောပြီးပြီ မင်းအမေ ငါ့မရီးပဲပြောဖို့ကျန်တယ် လေးလေးတိုက်ရိုက်ပြောတာထက်စာရင် ငါ့တူမင်းပြောလိုက်ပါ မင်းအမေကလဲသူ့မောင်ဆိုတော့ စိတ်ထဲတမျိုးထင်မှာစိုးလို့ တိုက်ရိုက်မပြောတာ ပြီးတော့ လေးလေး တို့ အထက်လမ်းဂိုဏ်းဆရာတွေက လူနာရှင်ကလိုလိုလာလား လာအပ်ပြီဆိုမှလုပ်ပိုင်ခွင့်ရှိတာ စည်းကျော်ဘောင်ကျော်ပြီးသိပေမယ့်လုပ်လို့မရဘူး ငါ့တူ လေးလေးပြောချင်တာအဲ့ဒါပဲ..... "
ကျနော်လဲနားထောင်ရင်းကျက်သီးတွေပါထသွားတာခေါင်းနပန်းတေလဲကြီးသွားတယ်
မကြီးပဲနေမလားဗျာတချိန်လုံးအနားကပ်ပြုစုနေတာလေ😫 ..အဲဒါနဲ့လေးလေးကဆက်ပြောတယ် "ငါ့တူ ပြန်သွားရင်ပုံမပျက်ပဲ မသိဘာသာပဲနေပါ ဘာမှမဖြစ်ဘူးမကြောက်နဲ့ ဖုတ်ဆိုတဲ့အမျိုးကမာယာသိပ်များတာ သူတို့ဝင်နေမှန်းသိတဲ့သူရှေ့ကျရင်ဘာအရိပ်ယောင်မှမပြဘူး မသိတဲ့သူကိုပဲသူတို့ကပ်မှီပြီးသွေးစုပ်စားသောက်တာ ခုတောင် လေးလေးကငါ့တူကိုပြောနေတာသူတို့မှာလဲအဆက်အချိတ်ရှိပြီးသားပဲ အာ့ကြောင့် မင်းသိထားရင် မင်းအဲ ဖုတ် ရှေ့ပြန်ရောက်ရင်သူတို့ကဘာမှအရိပ်ယောင်ပြမှာမဟုတ်ဘူး မသိတ်ဲသူပဲကိုမာယာများပြီးထပ်လုပ်နေအုန်းမှာ.. အဲတော့မင်းအမေနဲ့ကြီးကြီးက အခုလူနာရှင်ရဲ့အကြီးတွေဖြစ်နေကြလို့ မိသားစုတွေတိုင်ပင်ပြီးမှ လေးလေးဆီလာအပ်ပါ လာအပ်ရင်လဲဘာမှမလိုဘူး အမွှေးတိုင်နဲ့ဖယောင်းတိုင်ပဲလိုတာပါဆိုတာပါပြောလိုက်အုန်း လူနာကိုလက်နဲ့တောင်မထိပဲ အဝေးကထုတ်ပေးမယ်ပြောလိုက် ငါ့တူ.....
ကျနော်လဲ သိချင်ဇောနဲ့ လေးလေးခုဝင်နေတာဘာဖုတ်လဲ မေးလိုက်တော့သွေးစုပ်ဖုတ်လို့ပဲပြောတယ် ကျန်တာဘာမှထပ်မပြောတော့ဘူးဗျ
အာ့နဲ့ကျနော်လဲ ဒဂုံ ပြန်သွားတော့အကြိုးကြောင်းပြောပြပြီးမိသားစုတွေခေါ် ခေါင်းချင်ဆိုင်ပြီးဝိုင်းပြောတာပေါ့ အမေနဲ့ကြီးကြီးကို သူတို့ညီမနှစ်ယောက်ကလဲ တော်တော်နဲ့လက်မခံဘူးဗျာ အာ့နဲ့ ဦးဝင်းက အစ်မတို့ကလဲဗျာ ဟိုကထုတ်ပေးမယ့်သူကတောင် အစ်မတို့မောင်ကို လက်နဲ့တောင်မထိဘူးပြောနေတာ ဘာတွေမယုံတာလဲ တကယ်မဟုတ်ရင်ဘာမှမဖြစ်ဘူးလေဗျာ အတူးလဲ ကျနော့်ညီပါပဲဆိုပြီး ဝင်ပြောတော့မှ လက်ခံသွားပြီး နောက်နေ့ သွားအပ်လိုက်တာ
အပ်ပြီးတော့ လေးလေးချစ်ကပြောတယ် ဒီညအဘဆရာတွေနဲ့ခွင့်တောင်းပြီးလုပ်လိုက်မယ်တဲ့
တကယ်ဖုတ်မှန်ရင်၃ ရက်တွင်းထွက်သွားလိမ့်မယ်ဆိုပြီးပြောတယ် ....
မကြာပါဘူးဗျာ မနေ့ကထုတ်လိုက်တာ နောက်နေ့မနက်မိုးတောင်မလင်းဘူး ဦးလေး(အတူး) ဆုံးတာပဲ....စာကအရမ်းရှည်သွားလို့မရေးတက်ပဲအစီအစဉ်မကျရင် သည်းခံပေးကြပါ..
နော် နောက်ရက်မှပဲ detail ကြုံခဲ့ရတာလေးတွေချရေးပေးပါ့မယ်😌
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now