79

205 8 0
                                    

စိမ်းညှပ် ညီအစ်မ ဘုရား လုံးဝ လုံးဝ အပြောအဆို
သူတို့ မကြိုက်တာ အမှားမခံတဲ့ ဘုရားဆိုရင် ပိုမှန်တယ်

မနက်ကနေ့ ညနေတောင် နေမင်းဝင်သွားပြီး မှောင်မှ
နားခဲ့ရတဲ့ ပုဂံ လုပ်အားပေးနေ့ရက်များစွာထဲက တစ်ရက်
ကျွန်တော်တို့ အဖွဲ့ရယ် ကိုဝေတို့ အဖွဲ့က ကိုဝေလက်ထောက်
ကိုဖြိုးနဲ့ အနား ယူနေတဲ့ ကျွန်တော်တို့ရဲ့ ဌာနချုပ်
ရတနာဘုံစံတောရကျောင်းတိုက်ရဲ့ မိမိတို့ရဲ့
နေထိုင်အိပ်ဆက်တဲ့ အဆောင် အရှေ့မှာ စကားလေးတွေ
လက်ဆုံ ပြောနေရင် အချိန်မတော် အချိန်တော်မှ
ပြဿနာ ပေးတဲ့ ဗိုက်စာတဲ့ ဒုက္ခတစ်ခုကြောင်း
ကိုဖြိုးရဲ့ တောထဲမောင်းလို့ ကောင်းတဲ့ ဂျစ်ကားလေးနဲ့
ထမင်း ဖြစ်ဖြစ် တစ်ခုခုဖြစ်ဖြစ် သွားစားကြမယ်ပေါ့
ကားလေးထုတ်ပြီး ကိုဖြိုးက မောင်းတယ်
ကျွန်တော်တို့က ထိုင်လိုက်တယ်ဗျ ဖြစ်ချင်တော့
ကိုဖြိုးက တောလမ်းတွေက ဖြတ်မောင်းချင်တာ
ကားလမ်းပေါ်က မမောင်းချင်ဘူးဖြစ်နေတော့
ညီအစ်ကိုတို့ တောလမ်းထဲက မောင်းရင် လိုက်ရဲလာတဲ့
ဟာ ချလိုက်လေပေါ့ ကြာသလား ပေါ့ ဘာညာပေါ့
အဲ့လိုနဲ့ ကျွန်တော်တို့ ရဲ့ ဌာနချုပ်
ရတနာ ဘုံစံတောရကျောင်းထဲကနေ စထွက်တယ်
ကျောင်းက ကြယ်တော့ အတော်အရှေ့ရောက်အောင်ထွက်ရ
အရှေ့ ကျောင်းပေါက်ရောက်တော့ ကားလမ်းကို
ဖြတ်တက်ပြီတောလမ်းထဲ ဝင်ဖို့ ကိုဖြိုးက ပြင်လေရော်
ကျွန်တော်တို့ ရတနာဘုံစံတောရကျောင်းနဲ့
စိမ်းညှပ်ညီအစ်မ ဘုရားက မြတ်စောင်းထိုးပေါ့
ကားလမ်းရဲ့ ဘယ်ဘက် ညာဘက်ပေါ့
တော့လမ်းဆိုတာက ဘုရားတွေရဲ့ အတွင်းလမ်း
အဲ့တောလမ်းတွေထဲက ဖြတ်မောင်းရင်
ညအမှောင်မှာ အတော် သတိကောင်းလို့ဗျ
တော်ရုံသူတွေ နယ်ခံတွေတောင် မသွားရဲမမောင်းရဲဘူး
ဒီလိုနဲ့ တောလမ်းထဲကို စတင်ဝင်ရောက်ပြီး
ကားကို မောင်းလေပြီပေါ့ အဲ့မှာ ပြဿနာ ဇာတ်လမ်းက
စလာ စလာ စလာပြီဗျ ဘယ်လို စလဲ ဆိုတော့
ဟို အရင်က ဇာတ်ကားတွေထဲကလိုပဲဗျ
တိမ်ခိုလို အဖြူ အငွေ့သက်လေးတွေက ပြေးနေသလို
ကောင်းကင်ရန်ကလဲ လမင်းကြီးက ပြည့်လို့
အရမ်းအရမ်းကို လှပနေမှုကြီးဗျ အွန်း ကျွန်တော်က
ကား အနောက်ဆုံးမှာဆိုတော့ ကြောတော့စချမ်းနေပြီး
အဲ့ အချိန်မှာ မျက်စိကို အရုံစိုက် ဘေးပက်လည် အကုန်ကြည့်
စတွေ့လိုက်ရပြီဗျ ဖက်ကနဲ ဖျက်ပြေးတာ အဖြူရောင်ကြီး
ဟာ ဘာလဲဟ တော်တော်ဖြူတာပဲပေါ့ဆိုပြီး
မျက်လုံးက အဲ့အနောက်ကို လိုက်ကြည့်မိတော့
ယုန်လေး တစ်ကောင် အဖြူရောင်လေးပါဗျ
တော်ပါးသေးတယ် ယုန်လေးဆိုတော့ စိတ်ကို
ကြောက်စိတ်တွေဖယ် စိုးရိမ်စိတ်တွေဖယ်နေရင်း
မဆုံးသေးဘူး စိမ်းညှပ်ညီအစ်မ ဘုရားနှစ်ဆူရဲ့
ကြား တောင်ဘက်မှာ တိမ်ခိုတွေ အရမ်းလွင့်ပြီး
ထူထူထက်ထက် စတွေ့လိုက်ရတာပဲဗျ
ဟာ ဘုရားရေ ဘာပြုတော့မှာလဲပေါ့ မျက်စိလေးကို
တစ်ဆုံး ဝေ့ကြည့်လိုက်မိတယ် အရေးထဲဆို
အဲ့မျက်လုံးက မထိန်းနိုင်ဘူး ကြည့်လိုက်တော့
အစိမ်းရောင် အစိမ်းရောင် အစိမ်းရောင်တွေ
ပြင်ဆင်ထားတဲ့ ပုခက် ကြိုး နစ်ချောင်း မိုးအပေါ်ထက်မှာ
အရမ်းကို ချောလှပတဲ့ မိန်းကလေး နှစ်ယောက်
အစိမ်းရောင် ရှေးဝတ်စုံမျိုးကြီးနဲ့ တစ်ယောက်က
ပုခက်ပေါ်ထိုင်နေလျှက် တစ်ယောက်က လွဲပေးနေတယ်ဗျ
အဲ့မြင်ကွင်းလဲ ကျွန်တော် မြင်တွေ့လိုက်ရရော်
နှုက်ခမ်းတွေက အော်နေတာ အသံ မထွက်ဘူး
မရမက ကြိုးစားအော်မှ ဟျောင့်တွေ အနောက်လှည့်ကြည့်
တွေ့ရင် မြင်ရင် ခုန်မဆင်းနဲ့ အမြန်မောင်းခိုင်းတော့
ကိုဖြိုးကို မောင်း ဆရာ မောင်းတော့ ဗျပဲ ပြောချင်နေတာ
အဲ့အချိန်မှာ ဟိုကောင်တွေ လဲ မြင်ရော်
ဟာ အဲ့ တာ အဲ့တာ အစိမ်း အစိမ်း ဟျောင့်တွေ
မြင်ရင် မြင်တယ်မှတ် ထုတ်မပြောနဲ့ ဒိုးတော့ဟေ့
ကိုကြီးဖြိုးရယ်ဆိုတဲ့ အသံက စည်းဝါးညီချက်ဗျ

ကဲ အားလုံး မိမိတို့ တွေ့ရှိခဲ့ ရရှိခဲ့ရတဲ့
လက်တွေ့ အဖစ်အပျက်လေးတွေကို
တက်သလောက် မှတ်သလောက်
လေးနဲ့ ရေးသားပြီး ပိုစ့်လေးတင်ပေးပြီး
ပြန်လည်မျှဝေပေးတာမို့ သက်ပုံ မသက်လေးတွေ
အမှန် ခဲ့လို့ အမှားများပါခဲ့ရင် ဖြည့်စွပ်ဖက်ပေးပါဗျ
ဒုတိယ အကြိမ် ပုဂံဒေသရဲ့ အတွေ့အကြုံလေးတွေကို
ပြန်မျှပေးတာမို့ စာရေးဆရာလိုတော့ ကြွယ်အောင်
မရေးတက်ပါဘူးဗျ အားလုံးကျေးဇူးပါနော်

#သန်းနောင်စိုင်း#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now