61

253 15 0
                                    

ဖုတ်ဝင်တယ်ဆိုတာ တခါမှမကြုံဖူးဘူး ကိုယ့်အဖိုးနဲ့ကျမှပဲ ကြုံဖူးတော့တယ်။ အဖိုးက ကင်ဆာဖြစ်တာပေါ့ အိပ်ယာထဲလဲ တာလည်းတော်တော်ကြာပြီ အစားလည်းသိပ်မဝင် ဆန်ပြုတ်တောင်သိပ်မသောက်ဘူး အိမ်မှာပဲ ဆရာဝန်ပင့်ပြီး ဆေးထိုးဆေးသောက်ပေါ့။ ပြောရရင် ဆေးအရှိန်တွေရယ် ဘုရားတရားလုပ်တဲ့အရှိန်တွေနဲ့ပဲ အသက်ရှင်တယ်ဆိုပါတော့

ဘယ်လိုကနေဘယ်လိုဝင်လဲတော့မသိဘူး ဆရာဝန်က သိပ်မခံတော့ဘူးလို့ပဲပြောတာ ဆေးလဲသိပ်မသွင်းချင်ဘူးသူက အိမ်မှာပဲနေချင်တာ ။နောက်ပိုင်းကျ အဖွားပြောပြတာ သူကအနားမှာ လူတစ်ယောက်ယောက်ရှိနေမှ ငြိမ်တာတဲ့ ရှိနေတာကလဲ သူ့ကိုနှိပ်ပေးနေရပြီး အသားကိုထိပြီး တခုခုလုပ်နေမှတဲ့။ သူ့အနားမှာဆိုလူပျက်တယ်ကိုမရှိဘူး မရှိရင်လဲ သူကအော်နေတာ အဲ့တော့အမြဲတစ်ယောက်ယောက်ကစောင့်ပေးရတာ။ ကြာလာတော့ သူဘေးနားအမြဲနေရတဲ့လူတွေကပိန်လာကျရော။ မနက်ဘက်ဆို တနေကုန်အိပ်နေပြီး ညဘက်ဆိုမအိပ်ဘူးတဲ့။ အဖွားကတော့ မစောင့်ပေးဘူး သူတို့ကမတည့်အတူနေ ငယ်ငယ်ထဲက 🥲။  ဒါပေမယ့်အဖွားကသရဲတအားကြောက်တတ်တာ အဖိုးဆုံးတုန်းကဆို သေးတောင်အိမ်သာသွားမပေါက်ဘူး ခြင်ထောင်ထဲ သေးအိုးထည့်ပြီးပေါက်တာ တဗြန်းဗြန်းနဲ့ ကိုယ့်ကိုလဲသူနဲ့အတူခေါ်သိပ်တာ🥲

ပြန်စရရင် နောက်ပိုင်းကျတော့ ဖုတ်ဝင်လားမဝင်လားသိရအောင် ဘာအရွက်ဆိုလား သူ့အိပ်ယာအောက် ထားတော့ သူမခံနိုင်ဘူးတဲ့။ အဲ့မှာ ကိုယ်တွေကကလေးဆိုတော့ တခြားအိမ်မှာသွားထားပြီး ဆရာနဲ့ ကြည့်တာ အဲ့အစားမဝင် အိပ်ယာထဲပဲလဲနေတဲ့လူက ယောကျာ်းကြီး သုံးလေးယောက်ဝိုင်းချုပ်တာတောင် မနိုင်ဘူးတဲ့ ဆရာနဲ့လဲလုပ်မရတော့ နောက်ဆုံးကျ ဘုန်းကြီးပင့်ပြီးပဲ တရားနာဖို့ စီစဉ်လိုက်ကျရော။

အဖိုးကလေ သူကျန်းမာတုန်းက ဘုရားတရားသိပ်လုပ်တာ သီလသမာဓိကလဲ သိပ်ကောင်း။ ဟိုးအရင်ကအရက်ဘာညာသောက်ပေမယ့် ဘုရားတရားတော့မပျက်ဘူး အရက်တော့ဖျက် တာနှစ်ဆယ်ချီလောက်ကြာပြီ ။
နောက်နေ့ နေ့ခင်းကျတော့ ကိုယ်ကရေချိုးတော့မယ့်အချိန် အနားမှာဘယ်သူမှမရှိတော့ ကိုယ့်ကိုခေါ်တာ ကိုယ့်နာမည်တောင်သူကမမှတ်မိတော့ဘူး ဪအသက်ကြီးပြီဆိုတော့မေ့ပြီပေါ့။ ကိုယ့်အမေနာမည်နဲ့ ____သမီး___လာဦးဆိုပြီး အဲ့လိုခေါ်တာ။ ကိုယ်သွားတော့နှိပ်ခိုင်းရော။ အဲ့တာနဲ့ နာရီဝက်လောက်နှိပ်ပေးပြီး သမီးရေသွားချိုးတော့မယ် ညကျမှထပ်နှိပ်ပေးမယ်နော်လို့ပြောပြီးထွက်ခဲ့လိုက်တယ်။ မကြာဘူး သူက အော်ပြီး ကိုယ့်အမေကိုခေါ်ပြန်ရော ___လာဦးဆိုပြီး(နာမည်တပ်ခေါ်တာ) အမေကအနားလဲသွားရော ငါမရတော့ဘူး ဆိုတဲ့ပုံစံနဲ့ ငြိမ်ကျသွားတာတဲ့ အဲ့တာနဲ့အမေကလဲ အိမ်ကလူတွေခေါ်ပြီး အနားမှာ ထိုင်ကြည့်နေကြတာ တရားလေးဖွင့်ပေးထားပြီး။ နောက်တော့ပြန်ကောင်းသွားရော မူယာမာယာနော်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now