165

173 7 0
                                    

ဘုန်းကြီး၀တ်တုန်းက ကြုံခဲ့ရတဲ့ အကြောင်းဗျ
မောက်လုံး မိန်းမကြီးကိစ္စနဲ့ ဘုန်းကြီး၀တ်တုန်းကအဖြစ်အပျက်လေးအရင်ပြောပြမယ်ဗျ

ကျွန် တော် ဘုန်းကြီး၀တ်ပီး တစ်ညတော့ ရန်ကုန်က ဘုန်းကြီး ကျောင်းမှာပဲ ကျိန်းရတယ်ဗျ အဲ့ဘုန်းကြီးကျောင်းက အရင်တုန်းက ကြမ်းပိုးတအားကိုက်တာ နောက်မှ တစ်ကျောင်းလုံး ပိုးသတ်
ဆေးဖြန်းပီး တော်တော်လုပ်ယူလိုက်ရတယ်
ဇာတ်လမ်းက နောက် နေ့ ဆရာတော်ကြီးနဲ့အတူတူ အင်းတကော်က ဘုရားမှာရှိတဲ့ ကျောင်းလေးကို လိုက်လာရတာကနေစတာဗျ (အဲ့ကကျောင်းလေးရဲ့ဘေးမှာ ဘုရားလေးတစ်ဆူလည်းတည်ထားတယ်ဗျ အဲ့ဘုရားတည်တုန်းက ယက္ခ တွေပါ ကြွလာသေးတယ်)

အဲ့လိုနဲ့ ဆရာတော်ကြီးလည်း နား ကျွန်တော်လည်း ရောပီး ကျိန်းတာပေါ့ဗျာ အမေတို့က နောက်ရက်ကျ ပြန်သွားကြရော သင်္ကြန်ပီးမှ လာခေါ်မယ်ဆိုပီး ရန်ကုန်ပြန်သွားကြတာ ကျွန်တော်ရယ် ဆရာတော်ကြီးရယ် ဦးဇင်းကြီးတစ်ပါးရယ် ကိုရင်လေးတစ်ပါးရယ် ၄ပါးထဲကျန်ခဲ့ကြတာပေါ့ဗျာ နောက်နေ့ နေ့လည် ဆွမ်းစားပီးတော့ ဆရာတော်ကြီးက ခေါ်ပီးပြောတာ
"မင်း မှတ်ပီလားကွ ဟမ်.. မင်းက သူများကိစ္စမှာ သွားပီး ဝင်ပါတာကိုး..မင်းက ဘာပညာအခံမှ မရှိပဲ သွားရှုပ်တော့ မင်းပဲ ဒုက္ခရောက်တာပဲမလား အခုလည်း မင်း သိပ်ကို ကံကောင်းလို့ကွ ငါ့ကို အကုန်လာပြောပြီးပြီ ဖင်မနိုင်ရင် ပဲကြီးဟင်းမစားနဲ့ကွ အကုန်မျိုးကန်းကုန်မယ် " ဆရာတော်ကြီးက ပလိန်းကြီး ကျွန်တော့ကို ပြောတာ ကျွန်တော်လည်း နည်းနည်း ရှိန်သွားတယ် ဘာလို့ဆိုကျွန်တော်ဘာမှလည်း မပြောပြထားပဲနဲ့ အကုန်သိနေတော့ စိတ်ထဲကနေ အမေပြောပြထားတာပဲဖြစ်မှာပါလေ လို့ပဲ တွေးလိုက်တယ် ညဘက် ၇ နာရီလောက်မှာ ကျွန်တော်လည်း ကျောင်းထဲမှာပဲ Online သုံးနေတာ ဆရာတော်ကြိးက အပြင်ဘက်တံခါးဝကနေ မမြင်ရတဲ့ တစ်စုံံတစ်ယောက်နဲ့ စကားပြောနေတာဗျ ကျွန်တော်နဲ့ သိပ်မဝေးပေမဲ့ သူတို့စကားပြောသံကို လုံးဝမကြားရတာနော် ထူးဆန်းတာက စတာ...
ခဏနေတော့ ဆရာတော်ကြီးပြန်ဝင်လာတယ် ကျွန်တော်ကြည့်နေတာမြင်တော့ ပြုံးပြပီး

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now