24

352 22 0
                                    

ဦးလေးတစ်ယောက်ရဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန်လေးကို ပြန်လည်မျှဝေပေးတာပါ

*******************************

ကျွန်တော့် နာမည် “သောင်းထွန်း”
ခင်မင်သူအများစုက “ဗန်ဒိန်း” လို့ ခေါ်တယ် ..
ကျွန်တော်က ပန်းရန်ခေါင်းဆောင် ..
ကျွန်တော်တို့ မြို့လေးမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ
နည်းနည်း အလုပ်ပါးလာတာမို့
မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ရန်ကုန်မြို့ပေါ်မှာ
အလုပ်တက်လုပ်ဖြစ်ခဲ့ရင်း..
ဒဂုံမြို့သစ်မြောက်ပိုင်း (      )ရပ်ကွက်မှာ
(၂)ထပ်ခွဲ တိုက်တစ်လုံးဆောက်ဖို့ အလုပ်ရလိုက်တယ် ..
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဦးမင်းခိုင် တို့
ပူးပေါင်းဆောက်လုပ်မှာပါ ...
အကျိုးအမြတ်က သူ(၆၀) ကျွန်တော်(၄၀)ပေါ့ ..
မိတ်ဆွေက ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ
စိုက်ထုတ်သုံးစွဲထားလို့ သူ့ကို(၆၀)ပေးလိုက်တာပါ ..
ပိုင်ရှင်နဲ့ တွေ့ဆုံပြီး
ဆောက်ရမယ့် အဆောက်အဦပုံစံ ဆွေးနွေး ..
လိုအပ်တာတွေ ညှိနှိုင်း
သဘောတူညီချက် ရပြီဆိုတော့မှ
နေ့ကောင်းရက်မြတ် ရွေး ..
ပန္နက်ချ Foundation တူး စသဖြင့်ပေါ့ ..
လုပ်ငန်းစတင်ခဲ့တယ် ..

ပိုင်ရှင်က အရပ်ဘက်ဌာနတစ်ခုက အရာရှိတစ်ယောက်..
သဘောကောင်း ဆက်ဆံရေး ကောင်းတယ် ..
ခြံက ပေ(၆၀)ပတ်လည် ... လမ်းထောင့်ခြံ ...
အလုပ်ကို (၂)ဆိုင်း ခွဲလုပ်တယ် ..
အဆောက်အဦ ဆောက်တဲ့ အဖွဲ့ရယ် ..
အုတ်တံတိုင်း ခြံစည်းရိုးခတ်တဲ့ အဖွဲ့ရယ်ပေါ့ ..
ခြံရဲ့ ခေါင်းရင်းပိုင်းမှာ အဆောက်အဦ ဆောက်တယ် ..
ခြေရင်းပိုင်း မြေကွက်လပ်မှာတော့
ဆောက်လုပ်ရေးပစ္စည်း(ထုံး/ဘိလပ်မြေ)တွေ ထားဖို့နဲ့
ကျွန်တော်တို့ ပန်းရံအဖွဲ့တွေ နေဖို့
ယာယီအဆောက်အဦ တစ်လုံး ဆောက်လိုက်တယ် ..
သွပ်မိုး/အထပ်သားနဲ့ သွပ်ကာ အဆောက်အဦပေါ့ ..
ကျွန်တော်နဲ့ အလုပ်သမား တပည့် ၀င်းသိန်းနဲ့ ကျော်ကျော် လူပျို(၂)ဦး ..
အလုပ်သမား ဝြေဖိုးနဲ့ သူ့မိန်းမ မိစု လင်မယား
စုစုပေါင်း(၅)ယောက် အဲ့ဒီ့ ယာယီအဆောက်အဦထဲမှာ နေတယ် ..
မိစု က ကျွန်တော်တို့ စားဖို့ စျေး၀ယ်/ထမင်းချက်/
တစ်ခါတစ်လေ အလုပ်ဝိုင်းလုပ်ပေါ့ ..
ကျန်တဲ့ အလုပ်သမားတွေက
ကိုယ့်အစီအစဉ်နဲ့ကိုယ် မနက်ကျမှ အလုပ်လာကြတာပါ ..
ကျွန်တော့်မြို့လေးကို တစ်ခါတစ်ရံမှ
မိသားစုနဲ့တွေ့ဖို့ ပြန်ဖြစ်တယ် ..
ပွင့်လင်းရာသီ အလုပ်ရတုန်းလေး ငွေရှာထားမှလေဗျာ ..

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now