125

217 12 0
                                    

၂၀၁၉ခုနှစ် ဆောင်းညတညမှာ ကျနော်ကြုံတွေ့ခဲ့ရတဲ့ ကြောက်လန့်စရာအဖြစ်အပျက်တခုကို ဖောက်သည်ချချင်တယ်။ (ဖတ်ရန်ကြာချိန် ၅မိနစ်)
ခုထိ သရဲခြောက်ခံရတာလား လူပဲလားဆိုတာ
ဝေခွဲမရအောင် ပဟေဠိဆန်နေဆဲပါ။
လိပ်ပြာလွင့်မတတ် လန့်သွားရတဲ့အထိ ကြုံခဲ့ရလို့ ယောကျာ်းတန်မဲ့လို့ပြောလည်း ခံရမှာပါ။

အဲ့အချိန်က အသက်၂၀၊ ရှူးရှူးရှဲရှဲအရွယ်ဆိုတော့ မိဘနဲ့စိတ်ဆိုးလို့ နယ်ရွာလေးကနေ စိတ်တိုတိုနဲ့ ထွက်လာပြီး မုံရွာမြို့ကိုတက်လာခဲ့တယ်။ သူငယ်ချင်းတချို့နဲ့စုပြီး တထပ်
အိမ်လေးငှါးနေကြပါတယ်။
သူငယ်ချင်းနဲ့ ကိုယ်အပါ ၄၊၅ယောက်လောက်ပဲရှိပြီး ခွေး၂ကောင်လည်းရှိသေးတယ်။
လူငယ်တွေဆိုတော့ ဒီတိုင်းအိမ်ပေါ်တက်နေလိုက်ကြတာလဲ ပေါ့ဆမှုပါ။

သည်လိုနဲ့ ညတည သူငယ်ချင်းတွေက အပြင်ညစျေးတန်းထွက်လည်မယ်ဆိုပြီး
အကုန်ထွက်သွားကြလို့ ကိုယ်တယောက်ပဲ အိမ်မှာကျန်ခဲ့တယ်။
၂၀၁၈/၂၀၁၉ ဆိုတာ ညအပြင်လည်လို့ကောင်းတဲ့အချိန်တွေပဲမဟုတ်လား။
အဲ့ဒိအချိန်တွေတုန်းက ည ၈နာရီဆိုပေသိ တရပ်ကွက်လုံးလင်းလို့ချင်းလို့။

သော့ကိုအပြင်ကပဲ ခတ်သွားတာပါ။အိမ်မကြီးတခါးတွေတော့ ဖွင့်ထားလျက်အတိုင်းပဲ။
သူတို့သွားလို့ ခဏရှိသေး။
ကိုယ်က အိမ်အပြင်မှာရေချိုးပြီးတော့
အေးဆေးပဲ အခန်းထဲဝင်လာခဲ့လိုက်တယ်။
ခွေး၂ကောင်က ခြံထဲမှာဆော့နေတာမို့ အေးဆေးပဲပေါ့လေ။
အခန်းထဲရောက်လို့ အဝတ်လဲဖို့ အခန်းဂျက်ကို ချလိုက်တယ်။ယောကျ်ားလေးဆိုပေသိ
လူရှိရှိမရှိ ဂျက်ထိုးပြီးမှ အဝတ်လဲတတ်တဲ့ အကျင့်က ဒီတခါတော့ အကျိုးရှိသွားပြီ။

ဂျက်ထိုးပြီးပြီးချင်း အပြင်ကနေ သွေးအေးအေးနဲ့ တံခါးလာခေါက်တဲ့အသံကို
၃ချက်တိတိကြားလိုက်ရတယ်။
ယောင်ပြီးချက်ချင်းမဖွင့်ပေးဘူး။ ဘယ်သူလဲလို့ မေးတော့လည်း ဘာသံမှထွက်မလာ။
ဘာမှလည်းမပြော။

ကိုယ်လဲ နားစိုက်ထောင်နေရင်း "ဒေါက်ဒေါက်.......ဒေါက်"လို့ လေးလေးဖင့်ဖင့်ကြီးထပ်ထွက်လာတယ်။
ထူးခြားတာက ကိုယ်တွေလူတွေခေါက်ရင်
ပုံမှန်ဆို ရင်ဘတ်နားနေရာက ခေါက်တာလေ။
ခုဟာက ဟိုးလူတရပ်ကျော် တံခါးထိပ်ဖျားမှာခေါက်နေတာ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now