160

200 7 0
                                    

ပသျှူး ထမင်းကြော် အလုခံရတဲ့ည

အခုခေတ်မှာ ဖုန်းတွေအလုခံရ..  ဓားထောက်လုခံရတဲ့အချိန်မှာ ကျွန်တော်လည်း အလု ခံလိုက်ရတယ်...

ကျွန်တော်အရမ်းကြိုက်တဲ့ ပသျှူးထမင်းကြော်အလုခံရတာဗျ.. 

ဖြစ်ပုံက ဒီလို....

ကျွန်တော်က Internet ဆိုင်မှာ တစ္နာရီ ၅၀၀ ပေးဆော့နေရတဲ့အချိန်

ည 10 နာရီကေန မနက် 7နာရီထိ ဆော့ရင် 1500 ပဲပေးရတဲ့ Plan လေးရှိတယ်ဗျ..

ဖြစ်ချင်တော့ အဲ့နေ့က ကျွန်တော့ ညီ ဝမ်းကွဲက အိမ်ရောက်လာပီး

" ကိုကြီး ညကျရင် Night သွားဆော့မယ်" ဆိုပီး နေ့လည်လောက်က ဖုန်းဆက်လာရော..

ကိုယ်လည်း မဆော့ရတာကြာပီဆိုတော့ ဒိုးမယ်လေ ဆိုပီး Confirm လုပ်လိုက်ရော..

အဲ့နေ့ တနေ့ခင်းလုံး အိပ်တာ ညဆို တညလုံးဆော့ရမှာဆိုတော့ ကြိုအိပ်တဲ့သဘောပေါ့ဗျာ..

ဒီလိုနဲ့ အိပ်ရာပြန်နိုးလာတော့ ည ၁၀ နာရီထိုးနေပီ..

ဟာ.. သေစမ်း.. ဆိုင်သွားဖို့ ချိန်းထားတာ နောက်ကျနေပီဆိုပီး ချက်ချင်းရေထချိုး ဘုရားရွိခိုး ပုတီးစိပ် လုပ်စရာရှိတာလုပ်ပီးတာနဲ့..  အငယ်ကောင်ကို ထွက်လာဖို့ဖုန်းဆက်ခေါ်လိုက်တာ. ...

အဲ့နေ့က နေ့လည်စာလည်းမစားရသေးတော့ ဗိုက်က သေအောင်ဆာနေတာ..

အငယ်ကောင် ရောက်လာတော့ ည ၁၁ ထိုးနေပီ

" ကိုကြီးက ဘာတွေလုပ်နေတာလဲ ကိုကြီးကိုစောင့်နေတာ Night က ၁၀ နာရီတည်းကစတာ.. နောက်တောင်ကျနေပီ " ..လို့ပြောတော့

" မင်းကလည်း..  ပိုက်ဆံပေးဆော့တာပဲကွာ ဘယ်အချိန်ဆော့ဆော့ရတာပဲကို ဘာတွေ လာလောင်နေတာလဲ " ဆိုပီး ပြောလိုက်သေးတယ်..

အဲ့ဒါနဲ့ လမ်းထိပ်က ညဘက်ဖွင့်တဲ့ ထမင်းကြော်ဆိုင်လေးမှာ  ကျွန်တော်စားနေကြ ပသျှူး ထမင်းကြော်ကို အသီးအရွက်တွေ ဖယ်ခိုင်းပီး တပွဲ ၁၈၀၀ကို ၂၅၀၀ဖိုးတောင်ကြော်ခိုင်းလိုက်တာ  ..  ဗိုက်ကအသေဆာနေတာ ဒူးတွေပါတုန်တဲ့အထိပဲ..

ဆိုင်ရောက်ရင်ကြိတ်ပီဆိုပီး ဝယ်ပီးတာနဲ့ နှစ်ကောင်သား ဂိမ်းဆိုင်ကို လျှောက်လာကြတာ..

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now